မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, November 25, 2013

သုသာန်မြေကရိုက်ကွင်းများ

မြန်မာ့ရုပ်ရှင်ဇာတ်ကားတွေအနေနဲ့ရှုတင်ရိုက်ကွင်းတည်ကြရတဲ့အခါမှာ ဇာတ်လမ်းအရလိုက်ဖက် မှုရှိမယ့် နေရာတွေကို သွားရောက်ရိုက်ကူးကြရပါတယ်။နေရာအစုံကို သွားရောက်ရိုက်ကူးကြတဲ့ အခါမှာလည်း  ဇာတ်လမ်းလိုအပ်ချက်အရ သုသာန်လိုနေရာမျိုးတွေ အထိ ရိုက်ကွင်းတွေကို တည်ပြီး ရိုက်ကူးကြရလေ့ရှိပါတယ်။ ဇာတ်ကား မှာပါဝင်သရုပ်ဆောင်ကြရတဲ့ အနုပညာ ရှင်တွေအနေနဲ့လည်းဇာတ်ရုပ်ပီပြင်စေဖို့ အတွက်ကိုပဲ အဓိကထားရိုက်ကူးခဲ့ကြပြီး  ပရိသတ်အတွက် အကောင်းဆုံး ဖြစ်အောင်
သရုပ်ဆောင် ဖို့ကိုပဲစိတ်ကူးထဲထည့်ပြီး လုပ်ဆောင် နေကြတာဖြစ်ပါတယ်။သုသာန်လိုနေရာမျိုးမှာ ရိုက်ကူးခဲ့ရတဲ့ အတွေ့အကြုံတွေနဲ့ပတ်သက်ပြီး အနုပညာရှင် တချို့ကို မေးမြန်းဖော်ပြလိုက်ပါတယ်။

အရိုင်း
“သင်္ချိုင်းမှာ ညဘက်ကြီးသွား ရိုက်ရတဲ့အခါမျိုးတွေလည်းရှိ တယ်။ အဲဒီ အခါကျတော့လည်း လူတွေအများကြီးနဲ့ဆိုတော့ ကြောက်စရာ သိပ်မကောင်းတော့ ပါဘူး။ေ န့ဘက်မှာကျတော့ လည်း အလောင်းတွေလာချ နဲ့ လူတွေကမပြတ်ဘူး။  ဒါပေမဲ့ည ဘက်ကျတော့ဘယ်သူမှမရှိ တော့ ဘူး။ အဲဒီချသွားတဲ့နေရာတွေမှာ ဦးရိုင်းတို့ ထိုင်ကြ၊ သရုပ်ဆောင် ကြ၊အော်ဟစ်ပြောဆိုဇာတ် လမ်းရိုက်ပြီးပြန်လာကြတာပါပဲ။ မိန်းကလေးတွေကတော့ ကြောက် ကြတာပေါ့။ စကြ၊ နောက်ကြ ဒီလိုမျိုးပဲရှိကြတယ်။ သင်္ချိုင်း ကုန်းမှာ ရိုက်ရတဲ့အ တွက်ဦးရိုင်းကတော့ ကြောက် စိတ်မရှိပါဘူး။လူတွေလည်း အများကြီးပဲလေ။အဓိကက တော့စိတ် ပါပဲ။ ကြောက်စိတ် တောင်ဘယ်ရောက်   နေလဲမ သိ ဘူး။ပျော်စရာတောင် ကောင်း နေတယ်။အဲဒီမှာရှိတဲ့ ဝန်ထမ်း တွေကတော့ စားကြ၊ သောက်ကြ၊ကလေးတွေလည်း ဆော့ကြ နဲ့ ဒါကသာမန်သူတွေ အဖို့သာ ကြောက် တယ်တို့၊ လန့်တယ်တို့ ဖြစ်နေတာ။ဒါကလည်း သင်္ချိုင်း ကုန်းဆိုတာမျိုးကို တို့မြန်မာ တွေကသိပ်အယူသီးကြတာ ကိုး။ရှေးတုန်းကလည်း လူကြီး တွေပြောတာရှိပါတယ်။ မဟုတ် ဘူးလို့ လည်း မပြော လိုပါဘူး။ သရဲဆိုတာပူးတယ်၊ ကပ်တယ် တို့၊ကံနိမ့်နေရင် ဘာမြင်တယ်၊ သင်္ချိုင်းကုန်းကိုမသွားရဘူး စသဖြင့် ဒီလိုစကားလုံးမျိုး တွေက ဦးရိုင်းတို့ စိတ်ထဲမှာ နှစ်ပေါင်းများစွာ စွဲကပ်နေတဲ့ စိတ်အထင်ကလူတွေကို ချောက်ချားစေတဲ့စိတ်တွေဖြစ် ပေါ်စေတာပေါ့။ အဲဒါတွေကြောင့် လားမသိဘူး။ ငယ်ငယ်တုန်း ကတော့ သရဲ ခြောက်တယ်ဆိုတဲ့ နေရာ တွေကို ဖြတ်တောင် မလျှောက် ရဲဘူး။ အခုကျတော့ အသက် အရွယ်ရလာတော့ ဒီလိုနေရာ မျိုးတွေမှာ ကားရိုက်ကြတော့ ဘာမှ လဲမဟုတ်ပါလားလို့”
ခန့်စည်သူ
” ‘သေနိမိတ်စီး မောင်ကံ ကြီး’ ဇာတ်ကားကို သွားရိုက်ကူး တုန်းကတော့ နည်းနည်း စနစ်တကျမရှိတာ တွေ့ မိတယ်။ထိန်းသိမ်းစောင့်ရှောက် မယ့် သူကလည်း အားန ည်းတော့ တစ်ခါတလေကျရင် မီးရှို့ထား တဲ့ထဲကနေ ထွက်နေတာတွေ၊ ပန်းခွေတွေက တိုးလိုးတန်းလန်း နဲ့ စည်းမဲ့ကမ်းမဲ့ဖြစ်နေတော့ ကြည့်လိုက်ရင် အားလုံးရဲ့ စိတ် ထဲမှာစက်ဆုပ်စရာဖြစ်နေတယ်။ သူများနိုင်ငံမှာလို သေသေချာ ချာလုပ်ထားတာမျိုးဖြစ်စေ ချင်တယ်။သင်္ချိုင်းမှာ ဇာတ် ကားသွားရိုက်ပေမယ့် သရုပ် ဆောင်နေတာ ဆိုေ တာ့လည်း မကြောက်ဘူးပေါ့လေ။”
မျိုးမျိုးခိုင်
“ဒါရိုက်တာ ညွန့်မြန်မာ ညီညီအောင်ရိုက်ကူးတဲ့ ‘ဘိုး တော်လိမ်နဲ့ မမဲပြာ’ ဇာတ် ကားမှာ အစ်မက မမဲပြာအဖြစ် သရုပ်ဆောင်ရ တယ်။ သန်လျင်သင်္ချိုင်းမှာ ည၇နာရီေ လာက်က နေပြီး တော့ ၁၂နာရီကျော်လောက်ထိ ရိုက်ရတယ်။တအားလည်း ကြောက်ဖို့ ကောင်းတယ်။ အမှတ်တရအနေနဲ့ ဆိုရင်တော့ မိုးတွင်းကြီးရိုက်ရတာလည်း ဖြစ် တယ်။ ညဘက် ၁ဝ နာရီ၊ ၁၂ နာရီလောက် မှပြန်ရပြီး အိမ်ရောက်တာနဲ့ ခေါင်းလျှော်၊ ရေချိုးရတော့အဆုတ် အအေး ပတ်တယ်။အသံတွေလည်း နာတော့ လေး၊ငါး လလောက် ဆေးကုလိုက်ရတာ အမှတ်တရ ပါ ပဲ။ကိုယ်တိုင်ကလည်း သရဲ ကြောက်ကြောက်နဲ့ ရိုက်ခဲ့ရ တယ်။ အဲဒီလို သင်္ချိုင်းတွေမှာက မဖဲဝါလို သင်္ချိုင်းစောင့်တွေ ရှိတော့ သူတို့ကို ကြက်အစိမ်း တွေနဲ့ ပူဇော်ပြီးမှဇာတ်ကား ကိုရိုက်ရတယ်။ အစ်မအနေနဲ့ သရဲကားကိုသင်္ချိုင်းမှာသွားပြီး ရိုက်ဖူးတာ အဲဒီဇာတ် ကားက ပထမဦးဆုံးပဲ။ေ နာက်ဆိုရင် သရဲကားဆိုရင်သေချာ မေးပြီး တော့မှ ရိုက်တော့မယ်လို့ တောင် ဆုံးဖြတ်ထားတယ်။ အဲဒီတုန်းက အအေး တွေ မိပြီးအဆုတ် မကောင်း တာ အခုအချိန်ထိ နည်းနည်းလေး အအေးမိတာနဲ့ အသံတွေက နာ လာရော။ အမှတ်တရပါပဲ။ ကြောက် စိတ်ကိုဖြေပြီး မေတ္တာ ပို့ပြီးရိုက်ခဲ့ရတယ်။ ဇာတ်ကား လေးထွက်လာတော့ ပရိသတ် အားပေးတဲ့အတွက် ပင်ပန်းရ ကျိုးနပ်ပါတယ်”
မောင်
“သင်္ချိုင်းကုန်းဆိုရင် အထူး သဖြင့် မိန်းကလေးတွေနဲ့ လူကြီးတွေက စိတ်မသန့်တာ တွေရှိတယ်။ တစ်ခုခုပြန်ပါလာ မှာ စိုးကြတယ်။အိမ်ပြန်ရောက် တာနဲ့ တရော်ကင် ပွန်းနဲ့ ခေါင်း လျှော်ကြတယ်။ ကျွန်တော် တို့ ဗီဒီယိုသွားရိုက်နေကျ သင်္ချိုင်း ကုန်းတွေဆိုရင်လူအရိုးတွေ ပေါ်နေတာ ခဏခဏတွေ့ ရတယ်။ တခြားလူတွေက အဲဒါ   တွေမြင်ရင် ကြောက်ကြ၊ လန့်ကြ တယ်။ကျွန်တော်က ဆရာဝန် လုပ်ခဲ့တော့ အဲဒါ တွေကမထူး ဆန်းဘူး။ကျွန်တော်က သိပ်ပြီး အယူ သည်းတာလည်း မရှိဘူး။ အဲဒီကို သွားရိုက်တော့လည်း ဒီအတိုင်းရှုတင်ရိုက်ကွင်းတစ် ခုလို့ပဲသတ်မှတ်တယ်။  ကိုယ် သေသွားရင်တောင် ဒီလို သုသာန်မှာ အမြှုပ်မခံချင်ဘူး။ ကိုရီးယားရုပ်ရှင် ဇာတ်ကားေ တွ ကလို၊ တိုက်ကြီးက စစ်သင်္ချိုင်း လို လှလှပပသပ်သပ်ရပ်ရပ်နဲ့ ဒါမှမဟုတ်ရင် မြန်မာနိုင်ငံ မှာ ရှိတဲ့ရေဝေးကခရစ်ယာန်သင်္ချိုင်း လိုပဲသပ်သပ်ရပ်ရပ်ဖြစ်စေချင် တယ်။ ကိုယ်သေရင်လည်း ကိုယ့် အရိုးပြာကို အဲဒီမှာမြှုပ်ရ မှာလေ။သပ်သပ်ရပ်ရပ်နဲ့ ရိုမန့်ဖြစ်တာတွေ ဖြစ်စေချင် ပါတယ်။”
ပေါ်ပြူလာအဖွဲ့
popularmyanma

No comments:

 Blogger

Myanmar CNN