မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, November 27, 2013

ခင်လှိုင် နဲ့ ဒိန်းဒေါင် ဆိုတာ ပရိသတ်တွေ တွဲပေးထားတာပါ

ဟာသ ဥာဏ်ရွှင်စွာ နဲ့ ပရိသတ်တွေကို ပျော်ရွှင်အောင် ဖန်တီးပေးခဲ့နိုင် သူတွေထဲမှာ ဟာသ လူရွှင်တော် ဒိန်းဒေါင်လည်း အပါအဝင်ပါပဲ။ ဒိန်းဒေါင်က ဖျော်ဖြေ ပွဲတွေ ကို ပြည် တွင်းမှာသာ မကဘဲ ပြည်ပ ဖျော်ဖြေ ပွဲတွေအထိပါ ဖျော်ဖြေပြီး ရရှိလာတဲ့ ငွေကြေးတွေ ကိုလည်း ပရဟိတ အလုပ် တွေမှာ အသုံးပြုခဲ့ပါတယ်။ စက်တင်ဘာ ၂၄ ရက် နေ့က၊ သြစတြေးလျနိုင်ငံ မှာ သွားရောက်ဖျော် ဖြေခဲ့တဲ့ ငွေကြေးတွေ ကိုလည်း မိဘမဲ့ကလေး ကျောင်းတွေကို လှူဒါန်း သွားမှာဖြစ်တယ် လို့ သိရ ပါတယ်။

ပရဟိတ အလုပ်တွေရော၊ ဟာသရော၊ သရုပ်ဆောင်ရော၊ ဒါရိုက်တာ အလုပ်တွေ မှာပါ ဟာသ လူရွှင်တော် ခင်လှိုင် နဲ့ အတူတူ လုပ်ဆောင် ဖြစ်ခဲ့ တာ နဲ့ ပတ်သက် ပြီးလည်း “ကျွန်တော် တို့က ငယ်သူချင်းတွေ ဆိုတော့ တစ်ယောက် နဲ့တစ် ယောက် နားလည်မှု ရှိတယ်။ ခင်လှိုင် စိတ်ညစ်နေရင် ကျွန်တော်က အမြဲတမ်း နောက်တယ်။ ကျွန်တော် က နောက်ပြောင်တာ ကလွဲရင် ရန်မဖြစ်ဘူး။ စိတ်ညစ်တာတွေ ရှိနေပါစေ နောက်ရင်း တစ်ယောက် နဲ့ တစ်ယောက်က မနာကြဘူး။ စိတ်မဆိုးတတ် ကြဘူး။ နောက်က လူငယ်တွေ အတွက် သင်ခန်းစာပေးနေ တာပေါ့။ လူရွှင်တော်တွေ ဆိုတာ ဘယ်လိုပဲဖြစ်ဖြစ် ဘယ်လိုပဲစစ စိတ်မဆိုး ရဘူးပေါ့။ တစ်ယောက်နဲ့ တစ်ယောက် သူနောက်လည်း စိတ်မဆိုး ၊ကိုယ် နောက်လည်း စိတ်မဆိုးကြဘူး။ ကျွန်တော်တို့ နှစ်ယောက်က သေသည် အထိ မခွဲဘဲ ဆက်လျှောက် ဖို့ ရည်ရွယ် ထားပါ တယ်။ ကားရိုက်တဲ့ အခါလည်း ခင်လှိုင်၊ ဒိန်းဒေါင်ပဲ။ ပွဲတွက်လည်း ခင်လှိုင်၊ ဒိန်းဒေါင်ပဲ။ ကိုယ် တစ်ယောက်တည်း သွားမယ့်ပွဲ လည်း ခင်လှိုင် ကိုမေးသလို၊ သူသွားမယ့် ပွဲလည်း ကျွန်တော့်ကို မေးပါတယ်။ ကျွန်တော်တို့က ပရိသတ် တွဲပေးထားတဲ့ အတွဲ၊ သူများတွေလို ဘာအဖွဲ့၊ ညာအဖွဲ့ဆိုပြီး ဖွဲ့ထားတာမျိုး ကနေ လာကြတာ မ ဟုတ်ခဲ့ပါဘူး။ ခင်လှိုင်လည်း သူ တစ်ယောက်တည်း တက်လာတာပါ။ ဒိန်းဒေါင် လည်း သူတစ်ယောက်တည်း တက်လာတာပါ။ ပထမဦးဆုံး တွဲဖြစ်တာ ကလည်း ပြေတီ ဦး ဖောင် ဒေးရှင်းမှာ ဒါရိုက်တာ ကျော်ဇောလင်း က ကျွန် တော့် တို့နှစ်ယောက်ကို အခြောက် လုပ်ပြီး တွဲခိုင်း လိုက်တာ အဲဒီကနေ ကိုရန်လေး ရဲ့ပွဲမှာ တွဲလုပ် ဖြစ်တယ်။ အဲဒီလို နဲ့အောင်မြင် ခဲ့ကြတာပါ။ အဲဒီ အချိန်မှာ ကျွန်တော်တို့ နှစ်ယောက် ကို ပရိသတ်က တွဲပေးလိုက်တာပါ။ ပရိသတ် တွဲပေးတော့ ခိုင်မြဲခဲ့ ပါတယ်” လို့ ပြောပြခဲ့ ပါတယ်။
သိမ့်သိမ့်

popularmyanmar

No comments:

 Blogger

Myanmar CNN