မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, November 19, 2013

စာချုပ်တွေကပြုံးနေတယ်

 သစ်တောတွေ...
ကုန်သလောက်ဖြစ်နေပြီ..။

နှစ်တစ်ရာကျော်သစ်ပင်ဆိုတာစာအုပ်ထဲမှာပြန်ရှာရမလား.
ခရိုနီတွေ ဟာ..သစ်နဲ့ မြက်ကို...မှားပြီးရိတ်နေသလိုပဲ
..။

လူဆယ်ဖက်မကကြီးတဲ့သစ်ကို မြင်ဖူးဖို့နေနေသာသာ..
လူနှစ်ဘက်သစ်ပင်တောင် ပတ်ဝန်းကျင်မှာ မရှိတော့ဘူး..။

၂၅ နှစ်အတွင်း သစ်တောဖုံးလွှမ်းမှု ၄၀ ရာခိုင်နှုန်းကနေ
၁၉ ရာခိုင်နှုန်းလောက်ပဲကျန်ခဲ့တယ်..။

ပတ္တမြား..နီလာ..
အ၀ိဇိအထိတူးမှထွက်ရုံပဲရှိတယ်...။

နိုင်ငံတကာဈေးကွက်တွေမှာ..တရားဝင်ရော..မှောင်ခိုရော..
အဆမတန်ဈေးတွေနဲ့ ရောင်းကောင်းနေတယ်..
 
ခရိုနီတစ်ချို့က အလကားနီးပါးရတဲ့ ထဲက
ပတ္တမြားတစ်ပွင့်လောက်ကို..
သူ့ဘိုးဘွားပိုင်ရတနာကိုလှူသကဲ့သို့
အစိုးရကိုလှူပြပြီး.. အမှတ်ယူ ဂုဏ်တက်နေချိန်မှာ.....
တို့ပြည်သူအများစုဟာ...
မိုးကုတ်ပတ္တမြားဆိုတာ ...
ခိုသွေးရောင် မှန်း မသိကြတော့ဘူး..။

ကျောက်စိမ်း...
ဖါးကန့်တစ်မြို့လုံး ကလပ်စတာဗုံးဒဏ်ခံထားရသလို..
စက်ယန္တယားကြီးမျိုးစုံနဲ့ တစ်မြို့လုံး ဖွာစုတ်နေအောင်
မွစာတက်နေအောင် တူးဆွနေတာတောင်....
လွန်ခဲ့တဲ့နှစ် ၃၀ ကျော်က
လက်နဲ့တူးတဲ့အချိန် ထွက်တာလောက်ပဲရှိတယ်...
တို့နိုင်ငံသားတွေဟာ..
ရေစက်နဲ့တူတဲ့ ကျောက်စိမ်းအရည်ကောင်းကို
ပုံပြင်ထဲမှာပဲ ကြားဖူးတော့မယ်ထင်တယ်..။

ဓာတ်ငွေ့ ..
ဘာသာရေးအရေးအခင်းဖြစ်တဲ့အချိန်မှာ..
တရုတ်အတွက် ဂက်စ် ပိုက်လိုင်းဘယ်လိုပြီးသွားမှန်းမသိဘူး..
အဖိုးနှုန်းချိုသာစွာနဲ့ တရုတ်ပြည်ကို တောက်လျောက်ပို့နေပြီ..
လျှပ်စစ်မီးမရှိတဲ့ နယ်မြေတော်တော်များများကို...
ဒီပိုက်လိုင်းက ဖြတ်သွားရတာကိုက ရင်နာစရာ..။

အဲဒီသယံဇာတတွေအများစုဟာ..

တရုတ်ကို ဦးတည်တာများတယ်..
တရုတ်တွေဈေးကွက်ကို ပေါချောင်ကောင်းနဲ့ရောက်တယ်..
တရုတ်က အဆပေါင်းများစွာ ဈေးတင်ပြီး ကမ္ဘာ့ဈေးကွက်ကိုဖြန့်တယ်..
မြန်မာကျောက်စိမ်း တရုတ်ကျောက်စိမ်းဖြစ်သွားတယ်..

မြန်မာပြည်က လမ်းတွေမှာ မမြင်ရတဲ့...
အလွန်ကြီးမားတဲ့ စီမံကိန်းကြီးတွေအတွက်..
ယန္တယားယာဉ်ကြီးတွေ အလုပ်လုပ်နေတယ်လို့ထင်ရအောင်..
ငါတို့မြေ..ငါတို့သယံဇာတကို...ဒီစက်ယန္တယားကြီးတွေနဲ့
တူးနေကြတယ်..။

အဲဒီတော့...တစ်ခုစဉ်းစားမိတာက..
စာချုပ်တွေက...နှစ် ၃၀ ချုပ်ကြတယ်...

အခု...ဘာမှမကြာသေးဘူ...သယံဇာတတွေ.ပြောင်တော့မယ်..

စာချုပ်တွေက ရီနေတော့မှာပဲ.....။

အဲဒီတော့...ဘာပေးစရာကျန်မလဲ...??

ရှိပါသေးတယ်..။

တရုတ်အစိုးရရဲ့ ဥပဒေအရ...
ခလေးယူရင် ယောက်ျားလေးသာအယူများနေလို့..
လက်ရှိစာရင်းအရ..သတို့သမီး သန်း (၂၀၀) တောင် လိုအပ်နေတဲ့..
ပေါက်ဖေါ်ပြည်ကြီးအတွက်...

မြန်မာအမျိုးသမီး...၃၀၀၀၀ လောက်..
နှစ်စဉ်....တရားမ၀င် နယ်စပ်ဖြတ်ကျော်ပြီး.။
သူတို့ဆီကို လူမှောင်ခိုရောင်းစားခံရတယ်..

ပေးစရာ..သယံဇာတတွေသာ..ကုန်သွားရင်...

လူသား..သယံဇာတတွေကို...
တရားဝင်ရောင်းစားကြတော့မှာလားဆိုတာ.

ကွက်ကျော်.၀ံသာနုစိတ်ဓာတ်တွေ..
အလကားနေ...တက်ကြွနေတဲသူတွေကို..
မေးခွန်းထုတ်လိုပါတယ်ဗျာ..။
 
                        http://teminpt.blogspot.com  မှကူးယူသည်။

No comments:

 Blogger

Myanmar CNN