မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, November 6, 2013

``အမေ´´

ဇမ္ဗူတိုင်းမှာ အဖြေညှိပြရရင်
အပူလှိုင်းမှာ ဝေဒဏိကတွေနဲ့ 
လူတိုင်းမှာ အမေရှိတယ်…။

်မင်း ဒါမှာမဟုတ်ငါ…ဘယ်သူ့ ပဲလက်ညှိုးထိုး
အိုကွာ…လူတိုင်းမှာ အမေရှိတယ်။
မရေမရာပဟေဠိတွေကြောင့်
အသေအချာအဖေမသိတောင်မှ
အမေ ဆိုတာရှိတယ်။

ရိုင်းတယ်လို့ မထင်စေချင်…
ချစ်သဒ္ဒါဝေကဲ ပြည်တန်ဆာအမေလည်း အမေ။
အကြွေးကြွယ်ဝလှတဲ့ ဈေးသည်မအမေလည်းအမေ။

အကြောင်းတရား အခြေမဲ့ 
သူတောင်းစား အမေလည်းအမေ။
သားသမီးတွေ ကြီးထွားစေရော့လို့ 
စီးပွားအထွေထွေ စိန်ရွှေပတ္တမြား
အိမ်မြေကားနဲ့ ငွေသားအမွေပေးနိုင်မှ
အမေ မဟုတ်။
ယိုင်နဲ့ နဲ့ တဲအတွင်း လှည်းခင်းနေစရာ
တိုးဖယ်ပေးခဲ့  အရိုးဟင်းတဖဲ့ စီဝေ
ထမင်းရေပူ အတူတူသောက်
ဗိုက်မှောက်တော့လည်း အတူတူ
ခြင်ထောင်မရှိ ခြုံစောင်မရှိခင်း အိပ်စရာ
ဖျာမရှိလို့ ခြင်ကိုသွေးလှူ အတူတူ
အပူကိုမျှဝေ ဒုက္ခကိုပိုလေးနက်စေ။

ပညာအမွေရွှေအိုး ရိုးသားမှုဂုဏ်သိက္ခာ
မေတ္တာ အကြင်နာမှတပါး အခြားပေစရာမရှိ
အထွေထွေမဲ့ သော်လည်း……
အမေဟာအမေပဲလေ…။

@ နန်းမြင့်ဝင့်း 
                  ကဗျာရွာငယ်လေးမှကူးယူသည်။

No comments:

 Blogger

Myanmar CNN