ငါ့ တို့ နှစ်ယောက်အတွက်
ဆုံမှတ်ဆိုတဲ့  အချိန်
ဘယ်ချိန်ထိ စောင့် ရမှာလဲ
ချစ်သူရယ်
ရင်ထဲမှာ တိုးတိတ် စိုးထိတ်နေတာ
နင်တစ်ယောက်တော့  သိမှာ မဟုတ်ပါဘူး
တိုးတိတ်တဲ့  အချစ်
တိုးတိတ်တဲ့  အလွမ်း
တိုးတိတ်တဲ့  မျှော်လင့် ချက်
ဒီလို သုံးနားညီနေတဲ့ 
အတွေးကမ္ဘာမှာ ငါ့  ပိတ်လှောင်နေတာကြာပြီ
ချစ်သူရယ်
ရောင်စုံခြယ်နေတဲ့  မာယာ တောထဲမှာ
ကျမ နှလုံးသားလေးတော့  စတေးတဲ့ အထဲ
အပါမခံ နိုင်ဘူးမောင်
အချစ်ဆိုတာ
ပေးဆပ်ခြင်း
ရယူခြင်း တွေ ရှိပေမဲ့ 
ကျမ အတွက်တော့ 
သူချစ် ကိုယ်ချစ် အသွားအပြန် အချစ်လေးတော့ 
ကျမ ချစ်ချင်တယ် မောင်.
No comments:
Post a Comment