မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, November 18, 2013

ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုဖြင့်သာ တွေ့ဆုံခြင်းဟု ကေအိုင်အေ ဒုစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော် ပြောကြား

   
ဦးတေဇနှင့် တွေ့ဆုံခြင်းမှာ အလုပ်သဘောအရ မဟုတ်ဘဲ ပုဂ္ဂိုလ်ရေးအရ ခင်မင်မှုဖြင့်သာ တွေ့ဆုံခြင်း ဖြစ်ကြောင်း ကချင်လွတ်မြောက်ရေး တပ်မတော် KIA မှ ဒုတိယ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်က ပြောကြားသည်။
နိုဝင်ဘာ ၁၈ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ Business Alliance Hotel တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မီဒီယာများက ထူးကုမ္ပဏီဥက္ကဋ္ဌ ဦးတေဇနှင့် တွေ့ဆုံမည်ဟု သတင်းများ ထွက်ပေါ်နေခြင်းနှင့် ပတ်သတ်၍ မေးမြန်းစဉ် ဗိုလ်ချုပ်ဂွမ်မော်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဗိုလ်ချုပ်ဂွမ်မော်က ''ဦးတေဇနဲ့ တွေ့ဖို့ဆိုတာက အလုပ်တစ်ခုအနေနဲ့ မဟုတ်ပါ ဘူး။ ကျွန်တော်တို့ ဒီကိုဆင်းလာတဲ့ အခါမှာ သူ့အနေနဲ့ အကူအညီတချို့ ပေးပါတယ်။ အထူးသဖြင့် သွားရေးလာရေးပေါ့။ ပြီးရင်သူနဲ့ ကျွန်တော်နဲ့က အရင်ညီလာခံမှာလည်း တွေ့ကြပြီး ရင်းနှီးကြတဲ့ သူတွေပါ။ ဒီတော့ တွေ့ဖြစ်မယ် ဆိုရင်လည်း တွေ့မယ့်ဆိုတဲ့ သဘောပါ။ အလုပ်တစ်ခု အနေနဲ့ မဟုတ်ပါဘူး'' ဟု ပြောကြားသည်။
၂၀၁၀ ပြည့်နှစ် ဦးတေဇ ကချင်ပြည်နယ်သို့ သွားရောက်စဉ် ရဟတ်ယာဉ်ပျက်ကျမှုနှင့် ပတ်သက်၍ မည်သည့် ကိစ္စအတွက် သွားရောက်ခဲ့သည်ကို အများစုက စိတ်ဝင်စားမှု ရှိခဲ့သလို လက်ရှိတွင် ဦးတေဇ၏ ထူးလုပ်ငန်းစု အနေဖြင့် ကချင်ပြည်နယ်တွင် သစ်ထုတ်လုပ်ရေးလုပ်ငန်း၊ ကျောက်မျက်ရတနာ လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းအပါအ၀င် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက် ရှိခြင်းကြောင့် ဗိုလ်ချုပ်ဂွမ်မော် ရန်ကုန်သို့လာရောက်စဉ် ၎င်းတို့နှစ်ဦး တွေ့ဆုံမည့် အကြောင်းအရာအပေါ် မေးခွန်းထုတ်မှုများ ရှိနေခြင်းဖြစ်သည်။
 Eleven Media Group

No comments:

 Blogger

Myanmar CNN