မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, November 25, 2013

မြောက်ဥက္ကလာက၇တန်းကျောင်းသူ သံဖြူဇရပ်မြို့မှာထွက်ပြေးလွတ်မြောက်

ပါးစပ်ပိတ်ပြီးဖမ်းဆီးခေါ်ဆောင်လာခြင်းခံရတယ်လိုပြောပြတဲ့ မြောက်ဥက္ကလာ အလက(၅)၊ ၇တန်းကျောင်းသူ မမိုးသက်သက်ဇော် -------------------------------------------------------------------------
၂၀၁၃ နိုဝင်ဘာ ၂၄ ၂၀း၀၀ အချိန်ခန့်တွင် သံဖြူဇရပ်မြို့ အောင်မင်္ဂလာရပ်ကွက် အောင်ဆန်းလမ်းရှိ ကားဂိတ် အမျိုးသမီးငယ် တစ်ဦးသည် မော်လမြိုင်---ရေး ခရီးသည်တင် ရာဇာမင်းမှန်လုံယာဉ်ပေါ်မှ ဆင်း၍ ပုန်းခိုးခဲ့ကြောင်း အဆိုပါ ခလေးငယ်မှာ မြောက်ဥက္ကလာပမြို့နယ် အမှတ်(၅) အလယ်တန်းကျောင်းမှ ၇-တန်း တွင် ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် တက်ရောက် ပညာသင်ကြားနေသော မမိုးသက်သက်ဇော် အဘ ဦးတင်ထွဋ္ဋ် အသက်၁၂နှစ်၊ ၂၂၃ ဓမ္မပါလလမ်း ကျောက်ရေတွင်းရပ်တွင် နေထိုင်သူ ဖြစ်ကြောင်း ၊အဆိုပါ ခလေးငယ်၏ ပြောကြားချက်အရ ၄င်းအား နေအိမ် ရေတွင်း ရေခပ်နေစဉ် အမည်မသိ အသက်(၃၅)နှစ်ခန့် အမျိုးသားတစ်ဦးမှ ဖမ်းဆီးခေါ်ဆောင်လာပြီး ရန်ကုန်မြို့

အောင်မင်္ဂလာအဝေပြေးကွင်းမှ ရွှေပြည်စိုး ခရီးသည်တင် မှန်လုံယာဉ်မှ မော်လမြိုင်သို့၎င်း မော်လမြိုင်မှ ရာဇာမင်းကား ဖြင့် သံဖြူဇရပ်မြို့သို့၎င်း ချော့ယူ ဖမ်းဆီးခေါ်ဆောင်ခဲ့ကြောင်း ဤဖြစ်စဉ်နှင့် ပတ်သက်၍ အဆိုပါ ဖမ်းဆီးခေါ်ဆောင်ခဲ့သူအား လက်ရဖမ်းဆီးရမိရေး သံဖြူဇရပ်မြို့ မြို့မ စခန်းမူး ဒုရဲမူးစိုအောင်နှင့် တပ်ဖွဲ့ဝင်များ အပူတပြင်း ရှာဖွေလျက်ရှိကြောင်း သိရှိရပြီး ကလေး၏ အကြီးတော်စပ်သူ ဒေါ်သန်းသန်းဇော် အား လည်း ဆက်သွယ်၍ မေးမြန်းရာ ကလေးပျောက်ဆုံမှုနှင့် ပတ်သက်၍ နယ်မြေ ရဲကင်းထံ သတင်းပို့ တိုင်းကြားထားကြောင်း သတင်းရရှိပါသည်။

 searchmyanmar

No comments:

 Blogger

Myanmar CNN