မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Saturday, April 12, 2014

တောင်နဲ့ မြောက်ကိုရီးယား အပြန်အလှန် ပစ်ခတ်

                                                                             နယ်စည်းအနီး အခုလို ဖြစ်ရပ် မကြာခဏ ဖြစ်ပေါ်
 တောင်နဲ့ မြောက် ကိုရီးယား ၂ နိုင်ငံဟာ သူတို့ရဲ့ ရေပြင် နယ်နမိတ်တွေကို ကျော်ဖြတ်ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ကြပါတယ်။

မြောက်ကိုရီးယားတို့ စစ်ရေး လေ့ကျင့်ရာက ဗုံးဆန်တွေ တောင်ကိုရီးယား ရေပိုင်နက်ထဲ ကျရောက်ခဲ့ရာကနေ အခုလို အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပေါ် ခဲ့တာလို့ တောင်ကိုရီးယား ဘက်က ဆိုပါတယ်။

သူတို့ ရေပိုင်နက်ထဲကို ဗုံးဆန်တွေ ကျရောက် လာလို့ သူတို့လည်း တစ်ဘက်ကို ပြန်လည် ပစ်ခတ်ခဲ့တာ ဖြစ်တယ်လို့ တောင်ကိုရီးယားက ပြောပါတယ်။

အခင်းဖြစ်ပွားရာ နယ်နိမိတ် စည်းအနီးအနားမှာ နေထိုင်တဲ့ လူတွေကို သတိ တင်ကြို ထားတဲ့ အနေနဲ့ ဗုံးခိုကျင်းတွေထဲ သွားနေဖို့ တောင်ကိုရီးယား အာဏာပိုင်တွေက တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

အဲဒီ နယ်နိမိတ် အပိုင်းအခြားကို မြောက်ကိုရီးယားက အသိအမှတ် ပြုထားခြင်း မရှိဘဲ အဲဒီ နယ်စည်း အနီး အခုလို ဖြစ်ရပ်တွေ မကြာခဏ ဖြစ်ပေါ်လေ့ ရှိပါတယ်။

ဘီဘီစီ (မြန်မာပိုင်း)

Monday, March 31, 2014

post အသစ်တွေ ဖက်ချင်ရင် http://kolay88.blogspot.com/ လာခဲ့ပါနော်

  ဒီဘလော့မှာ post အသစ်တွေ မတင်ဖြစ်တော့ဘူး post အသစ်တွေ  ဖက်ချင်ရင် 
                       http://kolay88.blogspot.com/ လာခဲ့ပါနော်။

                                 http://kolay88.blogspot.com/

Sunday, March 30, 2014

ဘလော့အသစ်ထဲဝင်ပြီး အားပေးကြပါနော် http://kolay88.blogspot.com/

Saturday, March 29, 2014

ဘလော့အသစ်ထဲဝင်ပြီးအားပေးပါနော်

                              ဘလော့အသစ်ထဲဝင်ပြီး အားပေးကြပါနော် လာလည်ကြတဲ့ သူငယ်ချင်းများ
                                         အားလုံးကို ကျေးဇူးတင်ပါတယ် ။ဘလော့အသစ်လိပ်စာပါ
                                          KOLAY88.BLOGSPOT.COM သို့ဝင်ပြီးအားပေးကြပါနော်

                       myanmar blog

Friday, February 14, 2014

ပိုတိုရှော့အတွက် ဆံပင်စတိုင်အလန်းလေးများ

မင်္ဂလာနံနက်ခင်းပါခင်ဗျာ ပိုတိုရှော့ဆံပင်အလန်းများကို စုစည်းပြီးတင်ပေးလိုက်ပါတယ် သူငယ်ချင်းတို့ပုံမှာမြင်ကြတဲ့အတိုင်းလေးပေါ့နော် သူငယ်ချင်းတို့ စိတ်ကြိုက်ပြန်ပြုပြင်လို့ရပါတယ်
လိုအပ်မယ်ဆိုရင်တော့အောက်မှာဒေါင်းယူသွားလိုက်နော်
                          RAR PASSWORD >>>>>>www.aungkyawthyu.com

                                                                                    

https://app.box.com/s/3sxg446lvt7icu2hyntj

                                       အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော်
                      တုံပြန်မှုအနေဖြင့် မန်ဘာဝင်းခြင်း FB LIKE လုပ်ပေးခြင်းဖြင့် အားပေးခဲ့ပါနော်

                                           Photoshop &Techniques

Opera 19.0.1326.63 Full Version Free download (33.79MB)

ကျွန်တော်ဒီတစ်ခါတော့ 13.2.2014 ရက်နေ့ကထွက်ရှိလာတဲ့ Opera Browser လေးကိုသူငယ်ချင်းများအတွက်ပြန်လည်မျှဝေလိုက်ပါတယ် ဒီBrowser လေးကိုအသုံးပြုဖူးသူတွေသိကြမှာပါ ကျွန်တော်လည်းသုံးဖူးပါတယ် အရမ်းပေါ့ပါးပါတယ် သုံးရတာလည်းအဆင်ပြေပါတယ် သူငယ်ချင်များ သုံးကြည့်ချင်တယ်ဆိုရင်တော့ အောက်မှာဒေါင်းယူသွားလိုက်နော်

Photoshop For Baby Girl Psd (41.3MB)

မင်္ဂလာပါခင်ဗျာ ဒီတစ်ခါတော့ ပိုတိုရှော့အတွက် BABY Gril ပုံလေးကိုတင်ပေးလိုက်ပါတယ် ကျွန်တော်လည်းဘယ်ပုံတင်ရင်ကောင်းမလဲဆိုတာစဉ်းစားနေရတယ် ပုံတွေကများလွန်းလို့ ဘယ်လောက်မများလဲတော့သိဘူး ပုံ ၆၀၀၀ လောက်ရှိတယ် ဓါတ်ပုံဆိုင်ဖွင့်စားရင်ကိုရနေပါပြီ
ကဲ ပိုတိုရှော့ပုံလေးကိုသဘောကျနှစ်သက်မိရင်တော့အောက်မှာဒေါင်းယူသွားနိုင်ပါတယ်
                              RAR PASSWORD >>>>>>www.aungkyawthyu.com

                                                                            

https://app.box.com/s/3x6treqr927cpy198zjo
                 
                                 အဆင်မပြေခဲ့တာများရှိခဲ့ရင် CBOX တွင်ပြောကြာခဲ့ပါနော်
                      တုံပြန်မှုအနေဖြင့် မန်ဘာဝင်းခြင်း FB LIKE လုပ်ပေးခြင်းဖြင့် အားပေးခဲ့ပါနော်

                                           Photoshop &Techniques

မစ္စတာ ကင်တားနား ထွက်ခွာပေးဖို့ ရခိုင်ဒေသခံတွေ ဆန္ဒပြတောင်းဆို

စစ်တွေမြို့ကို ရောက်ရှိလာတဲ့ ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ သောမတ်ကင်တားနားကို စစ်တွေမှာ ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ရခိုင်ပြည်နယ်ကနေ ထွက်သွားဖို့ ဒီနေ့ဆန္ဒပြခဲ့ကြပါတယ်။

မစ္စတာ ကင်တားနားဟာ မွတ်စလင်တွေဘက်က အမြဲတမ်း ဘက်လိုက်ပြောဆိုလို့ ဒေသခံတွေက ကန့်ကွက်တာဖြစ်တယ်လို့ ဆန္ဒပြရာမှာ ဦးဆောင် ပါဝင်သူ ရခိုင်ပြည်နယ် အမျိုးသမီးကွန်ရက် ဥက္ကဌ ဒေါ်ညိုအေးက ပြောပါတယ်။

“၈ ကြိမ်မြောက်ကတည်းက ကျမသူ့ကို လှမ်းပြီးတော့ သတိလည်းပေးလိုက်တယ်၊ သူနဲ့တွေ့ဆုံပြီးတော့ ကျမ စကားပြောဖူးတယ်၊ မြန်မာနိုင်ငံထဲကို သူဝင်လာလို့ မသင့်တော်တော့ဘူး၊ ဘာကြောင့်လဲဆိုတော့ သူ့လို တစ်ဖက်သတ်ဆန်ပြီးတော့ ဘက်လိုက်တယ်မူကို သုံးနေတဲ့ ပုဂ္ဂိုလ်တစ်ယောက်ဟာ လူ့အခွင့်အရေး မြှင့်တင်သူ မဖြစ်ပဲနဲ့ လူ့အခွင့်အရေး ချိုးဖောက်သူဖြစ်နေတဲ့အကြောင်းကို ကျမသူ့ကို တိုက်ရိုက်ပဲပြောလိုက်ပါတယ်၊

ဖြူးမြို့နယ်တွင် အမျိုးသမီးတစ်ဦး ခေါင်းဖြတ်အသတ်ခံရသည့်အမှုမှ ပြစ်မှုကျူးလွန်သူအား ရဲတပ်ဖွဲ့မှ ဖော်ထုတ်ဖမ်းဆီး

၂၀၁၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက် ၉ နာရီအချိန် ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ သပြေလှကျေးရွာအနီး၊ ရန်ကုန်-မန္တလေးကားလမ်း၊ မိုင်တိုင်အမှတ်(၁၃၉/၁-၂)အကြား၊ တံတားအမှတ် (၁၄၀/၁)ဇဟားချောင်းတံတားအနောက်ဘက်ချောင်းဘေးတွင် သွေးစွန်းနေသောပီနံအိတ် အထုပ်(၁)ထုပ်အား တွေ့ရှိရသဖြင့် ဖြူးမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များ သွားရောက်စစ်ဆေးခဲ့ရာ ဦးခေါင်းမပါ ကိုယ်လုံးတီးအမျိုးသမီးအား ခြေလက်များကြိုးတုတ်လျက်တွေ့ရှိသဖြင့် ဖြူးမြို့မရဲစခန်း(ပ)၃၆/၂၀၁၃၊ ပြစ်မှုပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်အရေးယူ ဆောင်ရွက်ခဲ့ပြီး အဆိုပါအမှုအား မှုခင်းရဲတပ်ဖွဲ့မှ ဆက်လက်စစ်ဆေးခဲ့သည်။
မှုခင်းရဲတပ်ဖွဲ့သည် အဆိုပါ ခေါင်းဖြတ်အသတ်ခံရသည့်သေဆုံးသူအမျိုးသမီးနှင့်ပတ်သက်၍ စုံစမ်းနေစဉ် ပဲခူးတိုင်းဒေသကြီး၊ တောကျွဲအင်းမြို့နေ မစန်းစန်းက ၎င်းင်း၏ညီမဖြစ်သူ မသန်းထွေးကို လွန်ခဲ့ သော(၁)နှစ်ခန့်မှစ၍ မတွေ့ရကြောင်း သိရှိရသဖြင့် ကျောက်တံခါးမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာနတွင် မသန်းထွေး၏ နိုင်(၂)ပုံစံအား တောင်းယူ၍ နိုင်(၂)ပုံစံမှ လက်ဗွေနှင့် အလောင်းမှ ရယူထားသောလက်ဗွေတို့ကို တိုက်ဆိုင်စစ်ဆေးခဲ့ရာမှ သေဆုံးသူအမျိုးသမီးမှာ ကျောက်တံခါးမြို့နယ်၊ တောကျွဲအင်းမြို့၊ အောင်ဇေယျရပ်ကွက်နေ မသန်းထွေး(၄၁)နှစ်ဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့သည်။

ထိုင်းတွင် အကျဉ်းကျနေသည့် မြန်မာ ၆၀၀ ကျော် လွတ်မြောက်

ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသား ၆၀၀ ကျော် လွတ်မြောက်ခဲ့တယ်လို့ ပြည်ထဲရေးဒုဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်က ဒီနေ့ ကျင်းပတဲ့ လွှတ်တော်မှာ ပြောကြားပါတယ်။
သင်္ဃန်းကျွန်းမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်ရဲ့ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာအကျဉ်းသားများနဲ့ ပတ်သက်ပြီး မေးမြန်းရာမှာ ဒုဝန်ကြီးက ပြောခဲ့တာလို့ ဦးသိန်းညွန့်က ပြောပါတယ်။
သူ့အနေနဲ့ အစိုးရက မြန်မာအကျဉ်းသားအရေး ထိတွေ့မှု မရှိလို့ ထိုင်းနိုင်ငံမှာ အကျဉ်းကျနေတဲ့ မြန်မာနိုင်ငံသားတွေ အခွင့်အရေး ဆုံးရှုံးနေတာတွေ လွှတ်တော်မှာ တင်ပြခဲ့တယ်လို့ ပြောပါတယ်။
“အဲဒီက အကျဉ်းသားတွေ ကျနော့်ကို ရေးလာတဲ့စာကို လွှတ်တော်မှာ တင်ပြခွင့်ရတယ်။ နံပါတ် ၁ ကတော့ ဒီမှာ နိုင်ငံခြားရေးဝန်ကြီးတွေ ပြည်ထဲရေး ၀န်ကြီးတွေ ဖြေတဲ့အရာနဲ့ တကယ်အပြင်မှာ ဖြစ်တဲ့ အချက်တွေ ကွဲလွဲနေတယ်။ အဲဒီအပြင် ထိုင်းမှာရှိတဲ့ မြန်မာအကျဉ်းသားတွေကို ချိုးနှိမ်ထားတယ်။

ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်တော့မှာလား

                                               (ဓာတ်ပုံ - ကောင်းညီဟန်/ဧရာဝတီ)
ကြံ့ခိုင်ရေးပါတီက လူကြီးမင်းတယောက် စစ်ကိုင်းတိုင်း မင်းကင်းမြို့နယ်မှာ ပြောရဲဆိုရဲရှိစွာ ပြောဆိုသွားခဲ့ မဲဆွယ်သွားခဲ့တယ်ဆိုတဲ့ အချက်အလက်တချို့ မီဒီယာထဲ ရောက်လာပါပြီ။
သူက သူရဦးအေးမြင့်ပါပဲ။
လာမယ့် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး သူ အဲသလို မဲဆွယ်သွားတယ် ဆိုတဲ့ ရေးသားချက်တွေ မှန်ကန်တယ် ဆိုရင်တော့  ဒေါ်အောင်ဆန်းစုကြည် သေနတ်တလက် ဝယ်ကိုင်တော့မှာလားလို့ မေးသူက မေးပါလိမ့်မယ်။

သူရဦးအေးမြင့်ပြောသွားတာကတော့ ... လာမယ့်နှစ်ရွေးကောက်ပွဲ ဒေါ်အောင်ဆန်းစုကြည်နဲ့ ယှဉ်မယ်ဆိုရင် ယှဉ်ရဲပါတယ် တဲ့။
သူက သူရဘွဲ့ ရရှိခဲ့ခြင်းဟာ တိုက်ပွဲအတွင်း ဗိုက်မှာ ဒဏ်ရာရတဲ့အထိ တိုက်ခဲ့လို့ဖြစ်ပါတယ် တဲ့။
သက်သေပြတဲ့အနေနဲ့ သူ့ဗိုက်ကို လှန်ပြခဲ့တယ်လို့ ဆိုပါတယ်။

မန္တလေးတွင် ကျင်းပသော ခွင့်ပြုချက်ရ ပွဲများအတွက် လိုအပ်ပါက လုံခြုံရေးအင်အား ချပေးမည်

မန္တလေးတိုင်း ဒေသကြီးအတွင်း ပျော်ပွဲရွှင်ပွဲများ၊ ဇာတ်သဘင်ပွဲများ ပြုလုပ်ခွင့်နှင့် ပွဲမိန့် ရရှိထားပြီး လုံခြုံရေးအင်အား လိုအပ်ပါက သက်ဆိုင်ရာ မြို့နယ် ရဲစခန်းသို့ တရားဝင် စာတင်တောင်းပါက လုံခြုံရေး စီမံချက် ရေးဆွဲကာ ဆောင်ရွက် ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး ရဲမှူး ခင်အောင် The Voice သို့ ပြောကြားသည်။

အဆိုပါ ပွဲစီစဉ် ကျင်းပမည့်သူများ အနေနှင့် ပွဲမိန့် ရရှိပါက လုံခြုံရေး အင်အားအတွက် သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့ စခန်းထံသို့ တရားဝင် စာတင်ပြီး တောင်းပါက ရပ်ကွက် အုပ်ချုပ်ရေးမှူးအဖွဲ့၊ သက်ဆိုင်ရာ မြို့နယ် မီးသတ်တပ်ဖွဲ့၊ မြို့နယ် ရဲတပ်ဖွဲ့စခန်းတို့ ပူးပေါင်းကာ လုံခြုံရေး ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ရဲမှူး ခင်အောင်က ရှင်းပြသည်။

မန္တလေးမြို့တော်တွင် ရှိုးပွဲ၊ ရပ်ကွက် ဓမ္မာရုံ ဘုရားပွဲများ ပြုလုပ်မှု နည်းသွားရခြင်းမှာ ပွဲလုံခြုံရေးကို ထိန်းသိမ်းနိုင်ရန် လုံခြုံရေးအင်အား လုံလောက်စွာ မရှိခြင်းကြောင့် မှုခင်းဖြစ်ပွားမှု များပြားသဖြင့် ပွဲမိန့်မရသည့် ဖြစ်စဉ်များ ရှိကြောင်း မန္တလေးမြို့ ဒေသခံများက တညီတညွှတ်တည်း ပြောဆိုကြသည်။

ဆေးခတ်မခံရအောင် ဘယ်လိုကာကွယ်မလဲ

အဲလို ဆေးမိရင် ဘယ်လို နည်းနဲ့ လွတ်အောင် မိမိကိုယ်မိမိ ကာကွယ်နိုင်အောင် ဆောင်ရွက်သင့်တယ်ဆိုတာ ရေးပြမှ ဆေးကြော်ညာ မဖြစ်မှာပါ ။။
(Date Rape Drugs သတိလစ်စေရန် ပြုလုပ်နိုင်တဲ့ဆေးဝါးများ ထဲမှာ ရေးထားတာတွေဖြစ်ပါတယ်။)

ကိုယ်နဲ့မသိသူများမှ တိုက်ကျွေးတဲ့ ဖျော်ရည်၊ သောက်ရေစတဲ့ အရည်တွေ မသောက်ပါနဲ့။ အအေးသံဗူးတွေကို ကိုယ်တိုင်ဖွင့်ပြီး သောက်ပါ။ ကိုယ်ပိုင် သောက်ရည်နဲ့ အအေးဗူးတွေကို ကိုယ်နဲ့မကွာထားပြီး၊ အိမ်သာသွားရင်လဲ ယူသွားပါ။ အအေးနဲ့ရေကို တခြားသူနဲ့ မျှဝေမသောက်ပါနဲ့။ ဖျော်ရည်တွေနဲ့ လူအများ စုပေါင်းသောက်သုံးတဲ့ ခွက်တွေ၊ ပုလင်းတွေထဲက အရည်တွေကို မသောက်ပါနဲ့။ ထူးခြားတဲ့ အနံ့နဲ့ အရသာရှိတဲ့ ဘယ်အရည်ကိုမျှ မသောက်ပါနဲ့။ များသောအားဖြင့် GHB မှာ ငန်တဲ့အရသာ ရှိပါတယ်။ သင်္ကြန်လိုအချိန်မျိုး သတိထားကြပါ။

ကန်ကြီးထောင့် ပေပင်ကျေးရွာမှ ကျောင်းသား ၃၂ဦး အစာအဆိပ်သင့်

ပုသိမ်၊ မဇ္ဈိမ။ ။ဧရာဝတီတိုင်း ကန်ကြီးထောင့်မြို့နယ် ပေပင်ကြီးကျေရွာ ပေပင်ကြီး အထက်တန်းကျောင်ခွဲတွင် ဆယ်တန်းကျောင်းသား ၃၂ဦး ဖေဖော်ဝါရီလ ၁၄ရက် နံနက် ၈နာရီက ထမင်းနှင့် ဘဲဥငံပြာရည်ချက်စားပြီး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့သည်။

"“တစ်ယောက် အန်တာကိုမြင်တော့ နောက်ကျောင်းသားတွေမြင်ပြီး လိုက်ပြီးတော့၊ အော့ရယ်အန်ရယ်ဖြစ်ကုန်တာ၊ ညက စာကျက်ထားတော့ အားနည်းနေတာကြောင့်လည်း ဖြစ်တာ၊ ကျောင်းသားတိုင်းတော့မဖြစ်ဘူး၊ ဖြစ်တဲ့ ကျောင်းသားတွေကို ပုသိမ်ကို ဆက်ပို့ပြီး ကုပေးထားတယ်"ဟု ပေပင်ကြီး အထက်တန်းကျောင်းခွဲမှ ဆရာဦးစိုးနိုင်က မဇ္ဈိမကို ပြောသည်။

ကျောင်းသား ၁၆ဦး၊ ကျောင်းသူ ၁၆ဦး အစာအဆိပ်သင့်ခဲ့ပြီး ကျောင်းသား ၁၀ဦးနှင့် ကျောင်းသူ ၅ဦးကို ပုသိမ်ဆေးရုံတွင် သွားရောက် ဆေးကုသထားရသည်ဟု ဆရာဦးစိုးနိုင်က ပြောသည်။

တောင်ငူ မြို့မဈေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ဆိုင်ခန်းအားလုံးနီးပါး မီးလောင်ဆုံးရှုံး

                တောင်ငူမြို့ မြို့မဈေးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားနေသည်ကို ဖေဖော်ဝါရီ ၁၃ ရက် ည ၁၀ နာရီခန့်က တွေ့ရစဉ် (ဓာတ်ပုံ-ဇော်လွင်၊ တောင်ငူ)

ဖေဖော်ဝါရီ ၁၃ ရက် ညနေ ၆ နာရီ အချိန်ခန့်က တောင်ငူမြို့ မြို့မဈေးကြီး မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ပြီး ဈေးတစ်ခုလုံးနီးပါး လောင်ကျွမ်းမှုဖြစ်ပွားခဲ့ရာ ဈေးဆိုင်ပေါင်း ထောင်ဂဏန်းနီးပါးနှင့် ပစ္စည်းပေါင်းများစွာ လောင်ကျွမ်းဆုံးရှုံးခဲ့ကြောင်း သိရသည်။

မြို့မဈေးကြီး၏ မင်္ဂလာ(၁)၊ (၂)ရုံနှင့် ကြားဆိုင်ခန်းများ၊ ရတနာ(၁)၊ (၂)ရုံနှင့် ကြားဆိုင်ခန်းများ၊ ဈေးရုံ (၁)၊ (၂)၊ (၃)၊ (၅)၊ (၆)ရုံ၊ ၁၆-A ရုံ၊ B ရုံ၊ (A)၊(B)နှင့်(E)
ရုံများအား ကပ်လျက်ဈေးဆိုင်ခန်းများ မီးလောင်ကျွမ်းခဲ့ရာ ဈေးဆိုင်ပေါင်း ထောင်ဂဏန်းနီးပါးနှင့် ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်းများစွာ မီးလောင်ဆုံးရှုံးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

“ဈေးရုံတစ်ရုံကို ဆိုင်ခန်း ၁၀၀ ၀န်းကျင်လောက် ရှိတယ်။ အခုလောင်သွားတာ ဈေးကြီးအနောက်ဘက်ခြမ်း တစ်ခုလုံးပဲ။ ဈေးကြီး အရှေ့ဘက်ခြမ်းက ၁၅ ရုံ၊ စံပြရုံနဲ့ C ရုံတို့လောက်ပဲ ကျန်တော့တယ်။ ဒါတောင် ကျန်ခဲ့တဲ့ ဈေးရုံတွေကို မီးဟပ်သေးတယ်။ ဈေးကြီးပိတ်ချိန်လည်း ဖြစ်နေတာ။

မြတ်ရတနာ ပုဂ္ဂလိက ကျောင်းသားများ အပန်းဖြေ ခရီးအပြန် ယာဉ်တိမ်းမှောက်ရာမှ တစ်ဦးသေ၊ ၁၄ ဦး ဒဏ်ရာရ

မန္တလေး မြို့တော်ရှိ မြတ်ရတနာ ကိုယ်ပိုင် ပုဂ္ဂလိက အထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့က ဒီးဒုတ် ရေတံခွန်သို့ အပန်းဖြေခရီး သွားရောက်ပြီး အပြန် အေသုံးလုံး ဘိလပ်မြေ စက်ရုံအနီးတွင် ကျောင်းသားများ လိုက်ပါလာသည့် လိုက်ထရပ်ယာဉ်သည် အခြား ယာဉ်တစ်စီးကို ကျော်တက်ရာမှ အရှိန် မထိန်းနိုင်ဘဲ တိမ်းမှောက်သွားခဲ့ကာ တက္ကသိုလ်ဝင်တန်း ကျောင်းသားတစ်ဦး သေဆုံးခဲ့ပြီး ၁၄ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း အဆိုပါ မြတ်ရတနာ ကိုယ်ပိုင်အထက်တန်းကျောင်း ဆရာတစ်ဦးက ပြောကြားသည်။

အဆိုပါယာဉ် တိမ်းမှောက်မှုကြောင့် ဒဏ်ရာ ရရှိသူများသည် ဖေဖော်ဝါရီလ ၁၂ ရက်နေ့ ညနေ ၆ နာရီတွင် မန္တလေးပြည်သူ့ ဆေးရုံကြီးသို့ ရောက်ရှိ လာကြောင်း အဆိုပါ ဆေးရုံ မှတ်တမ်းများအရ သိရသည်။

အဆိပ်သောက် သေကြောင်းကြံမှုနှင့် ဆွဲကြိုးချသေဆုံးမှုတို့ တစ်ရက်အတွင်းဖြစ်

ရန်ကုန်တိုင်းတွင် ဖေဖော်ဝါရီ ၁၂ ရက်အတွင်း အမျိုးသမီးတစ်ဦး အဆိပ်သောက်သေကြောင်း ကြံစည်မှု တစ်ခုနှင့် အမျိုးသားတစ်ဦးဆွဲကြိုးချသေဆုံးမှု တစ်ခုတို့ ဖြစ်ပွားခဲ့သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုသည်။
ပထမဖြစ်စဉ်တစ်ခုမှာ မွန်းလွဲ ၁ နာရီခွဲအချိန်က အမျိုးသမီးတစ်ဦး ပိုလိုပိုးသတ်ဆေးသောက်သဖြင့် အင်းစိန်ဆေးရုံသို့ ရောက်ရှိနေကြောင်း သတင်းအရ လှိုင်သာယာရဲစခန်း တာဝန်ရှိသူများက သွား ရောက်စစ်ဆေးခဲ့သည်။

ထို့ကြောင့် ပိုလိုပိုးသတ်ဆေးသောက်၍ သေကြောင်းကြံစည်ခဲ့သူမှာ လှိုင်သာယာမြို့နယ်၊ (၃)ရပ်ကွက်နေ မသီတာ (၂၆)နှစ်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က အတည်ပြုခဲ့သည်။

၎င်းမှာ ဆေးရုံတွင် သတိရသော်လည်း စကားမပြောနိုင်သောကြောင့် ရန်ကုန်ဆေးရုံကြီးသို့ အတွင်းလူနာ (စိုးရိမ်ရ)အဖြစ် ဆက်လက်တင်ပို့ ကုသခဲ့ရသည်ဟု ရဲတပ်ဖွဲ့က ဆိုထားသည်။

ချမ်းသာပလာဇာရှေ့တွင် လူငယ်တစ်စု ဝိုင်းရိုက်မှုကြောင့် အမျိုးသားတစ်ဦးသေဆုံး

ပုဇွန်တောင်မြို့နယ်၊ အထက်ပုဇွန်တောင် လမ်းမကြီးရှိ ချမ်းသာ ပလာဇာရှေ့တွင် ဖေဖော်ဝါရီလ ၁၁ ရက် နံနက် ၂ နာရီခန့်က နေအိမ်သို့ ဆိုက်ကားဖြင့် ပြန်လာသော အသက် ၃၀ နှစ်အရွယ် အမျိုးသားတစ်ဦးကို လမ်းမဘေး အရက်သောက်နေသော လူငယ်တစ်စုက ဝိုင်းရိုက်သောကြောင့် သေဆုံးခဲ့ကြောင်း မင်္ဂလာတောင်ညွန့် မြို့မရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ပုဇွန်တောင်မြို့နယ်၊ အမှတ် (၇) ရပ်ကွက်၊ ပုဇွန်တောင် ဥယျာဉ်အိမ်ရာ၊ တိုက် (၁) တွင် နေထိုင်သူ ကိုနိုင်ထွဋ်ခိုင်သည် ယင်းနေ့ နံနက် ၁ နာရီခွဲခန့်က ဝိုင်အမ်ဘီအေရုံး အနီးရှိ ရွှေကောင်းကြွယ် လက်ဖက်ရည်ဆိုင်တွင် ထမင်းကြော်စားပြီး ဆိုက်ကားဖြင့် အထက်ပုဇွန်တောင် လမ်းမကြီးအတိုင်း နေအိမ်သို့ ပြန်လာစဉ် ချမ်းသာပလာဇာရှေ့၌ လူငယ်လေးဦးအဖွဲ့က သံတုတ်၊ အုတ်ခဲကျိုးများဖြင့် ဝိုင်းရိုက်ခဲ့သောကြောင့် အိမ်သို့ ထွက်ပြေးခဲ့ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသစဉ် နံနက် ၅ နာရီခန့်က သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း သေဆုံးသူ၏ အဒေါ်ဖြစ်သူ ဒေါ်ဥမ္မာက ရှင်းပြသည်။

ဘီလူး ဇာတ်ကားကို ဇာတ်လမ်းတွဲ အဖြစ် ရိုက်ကူးထုတ် လွှင့်မည်

ရုပ်ရှင် အဖြစ် အောင်မြင်ကျော် ကြားခဲ့သော “ဘီလူး” ရုပ်ရှင် ဇာတ်ကား ကို ဖေဖော်ဝါရီလ ၁၆ ရက်နေ့ တွင် ဇာတ်လမ်းတွဲ အဖြစ် စတင် ရိုက်ကူးသွား မည်ဖြစ်ကြောင်း Family Entertainment Group ရုပ်ရှင် နှင့် ဗီဒီယို ထုတ်လုပ်ရေး မှ ဒါရိုက်တာ ဒေါ်ကေ သီမြင့်က ပြောသည်။

“ကျွန်မတို့ ကုမ္ပဏီ အနေ နဲ့က အခုအချိန်မှာ ဖြန့်ချိရေးလည်း မလုပ်သေးပါဘူး။ ပြသရေးလည်း မလုပ်သေးပါဘူး။ လက်ရှိမှာ ထုတ်လုပ် ရိုက်ကူးရေး ကိုပဲ လုပ်သေးတာ ပါ။ ချန်နယ်မှာ ပြသဖို့ အတွက်ထိ ပြီးပြီ ဆိုရင် ထပ်မံ အသိပေးပြောပြပေးပါ့ မယ်” ဟု ဒေါ်ကေသီမြင့်က ပြော သည်။ “ဘီလူး” ဇာတ်လမ်းတွဲကို မူလ ဝတ္ထုရေး ဆရာ အကြည်တော် က ပင် ဇာတ်ညွှန်း ရေးသားထား အပိုင်း ၄ဝ အထိ ပါဝင်မည် ဖြစ်ပြီး ရိုက်ကူး ဖန်တီးမှုကို ဒါရိုက်တာ အကယ်ဒမီ မီးပွားက ပုံဖော်ပေး သွား မည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ “ဘီလူး” ဇာတ်လမ်းတွဲ၏ အဓိက ဇာတ် ဆောင် အဖြစ် ဗေလုဝ၊ သားညီ၊ ထက်ထက် ဆုလှိုင်၊ မေတ္တာနှင့် အခြား သရုပ် ဆောင် များစွာ ပါဝင်မည် ဖြစ်ကြောင်း သိရသည်။ “ဘီလူး” ဇာတ်လမ်းတွဲ ရိုက်ကူးခြင်းနှင့် ပတ်သက်ပြီး စာရေးဆရာ၊ ဇာတ်ညွှန်းရေး ဆရာ အကြည်တော် က “ကျွန်တော် ဇာတ်လမ်း ကို အဓိက ထားရေးနေတယ်။ ဇာတ်ဆောင် တွေကတော့ ဒါရိုက်တာ အပိုင်းပေါ့။ 

ဗိုလ်ချုပ်ရုပ်ရှင် နှင့် ပတ်သက်၍ ဇာဂနာ နှင့်အင်တာဗျူး

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပတိ ရုပ်ရှင် ဇာတ်ကား ရိုက်ကူးနိုင်ရန် ဘုတ် အဖွဲ့ ဖွဲ့စည်းခဲ့သည်မှာ ယခု ၂ဝ၁၄  ဖေဖော်ဝါရီ ၁၃ ရက်ဆို နှစ်နှစ် ရှိခဲ့ပြီ။ ရိုက်ကူးရေးနှင့်ပတ် သက်ပြီး ဘာမှ မထူးခြား၊ မလုပ်ရှားသေးပေ။ ဇာတ်ညွှန်း ကိစ္စကလည်း အချိန် များစွာကို ကုန်ဆုံးစေခဲ့ပြီးပြီ။ ၂ဝ၁၅ ဗိုလ်ချုပ် နှစ်တစ်ရာ ပြည့်မှာ ရုံတင်ပြသနိုင် မလား။ ပြည်သူတွေ ရဲ့အသံများက များသထက် များလာတာ တွေ့ရ၏။
သို့သော် အစ အနပင် မတွေ့ရသေး။ ပါဝင် သရုပ်ဆောင်မည့်သူများက မြန်မာလူမျိုး မှန်သော်လည်း ပြည်သူတွေ စိတ်ဝင်စားတဲ့ ဒါရိုက်တာ ထုတ်လုပ်ရေး ဘယ်သူဖြစ် လဲ၊ ဘယ်နိုင်ငံ ကလဲ၊ ခုချိန်ထိ တိကျပြတ်သားတဲ့အဖြေက မရှိ။
သို့အတွက်ကြောင့် ‘အောင်ဆန်း’ ရုပ်ရှင် ဘယ်တော့ ရုံတင်မလဲဟု ဗိုလ်ချုပ်အောင်ဆန်း ရုပ်ရှင်ဖြစ်မြောက်ရေး အတွင်းရေးမှူး ဖြစ်သူ ဦးဇာဂနာကို တွေ့ဆုံမေးမြန်း ခဲ့သည်။
မေး။ လာမယ့် ၂ဝ၁၅ ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ နှစ်တစ်ရာပြည့် မွေးနှစ် မှာ ‘အောင်ဆန်း’ ဆိုတဲ့ ဗိုလ်ချုပ်အောင် ဆန်း အတ္ထုပ္ပတ္တိ ရုပ်ရှင်ကားကြီး ရုံတင် ပြသနိုင် မလား။

The Chat Room ဇာတ်ကားထွေလာကြည့်ရုံနဲ့ ပရိသတ်တွေ သဘောကျကြတာကို ကျေနပ်တယ်လို့ ဆိုတဲ့ မာရီနာ

မာရီနာရဲ့ ညှို့ချက်ပြင်းပြင်း ဆွဲဆောင်နိုင်တဲ့ အကြည့်တွေ၊ အိုက်တင် ခပ်မိုက်မိုက်ရှိလှတဲ့ သူမရဲ့ အလန်စား၊ အမိုက်စားပိုစ့်တွေကလည်း ပရိသတ်တွေအပေါ်မှာ စွဲလမ်းနှစ်ခြိုက်မှုတွေ ဖြစ်စေပါတယ်။ ဒါကြောင့် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေချပြသွားဖို့ ရှိတယ်ဆိုတာကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘မာရီနာ အခုလတ်တလောမှာတော့ မဂ္ဂဇင်းကာဗာတွေ ရိုက်ဖြစ်နေပါတယ်။ ပြီးတော့ သီချင်းVCDတွေ ရိုက်ဖြစ်နေတယ်။  ပြီးရင် ရေးမြို့မှာ သီချင်း သွားဆိုဖို့ရှိပါတယ်။ ကိုစစ်သွေးနဲ့ မာရီနာ နှစ်ယောက်တွဲပြီးတော့ သင်္ကြန်သီချင်းတစ်ပုဒ် ဆိုထားတာရှိပါတယ်။ သုံးလပိုင်းလောက်မှာ မာရီနာတစ်ယောက်တည်း ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို  MTVရိုက်ကူးသွားဖို့ ရှိပါတယ်။ အဲဒီMTV ကိုလည်း ခပ်မိုက်မိုက်နဲ့ အကောင်းဆုံးဖြစ်ဖို့ စဉ်းစားနေပါတယ်။

ဧဒင်ရဲ့နတ်သမီးရုပ်ရှင်ကားကြီးမှာလည်း မာရီနာ သရုပ်ဆောင်ထားပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။ ကာလာစုံlessons ဇာတ်ကားမှာလည်းမာရီနာ သရုပ်ဆောင်ထားပါတယ်။ ကာလာစုံlessons ဇာတ်ကားကတော့ ရုပ်ရှင်ကားဖြစ်မလား၊ မဖြစ်လားတော့ မသိသေးဘူးပေါ့နော်။’လို့ သူမက ပြောပါတယ်။

အချစ်ဆိုတာ ချစ်နေဖို့သာ အဓိကပါလို့ ပြောလိုက်တဲ့ နန်းဆုဦး

ပရိသတ်တွေက သူမရဲ့ဖက်ရှင်တွေကို ကြိုက်ကြတယ်တဲ့။ သူမရဲ့ ကာရိုက်တာအပေါ် သက်ဝင်ယုံကြည်မှုတွေကို သဘောကျကြတယ်တဲ့။ သူမရဲ့ ငယ်ရွယ်နုပျိုသွက်လက်တဲ့ သရုပ်ဆောင်မှုတွေကို နှစ်ခြိုက်ကြတယ်တဲ့။ သူမကတော့ နန်းဆုဦးဆိုတဲ့ ကလေးပုံစံ ချစ်စရာကောင်းတဲ့ ကောင်မလေးပါပဲ။ သူမဟာ ၂၀၁၃ ထဲမှာ စတင်အောင်မြင်လာတယ်လို့လူအများရဲ့ သတ်မှတ်ခြင်းကို ခံရတဲ့အပြင် နာမည် ၃ လုံးပိုင်ရှင် နာမည်ကြီး မင်းသားတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့လည်း သတင်းတွေ ထွက်နေတာကြောင့် သူမနဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်တဲ့အခါ ‘အခုရိုက်နေတာက တိမ်တိုက်ကကြိုးတဲ့။ ကိုအောင်ရဲလင်း ရယ်၊ မကြီးစိုးရယ်၊ သမီးရယ်ပေါ့ ။ဒါရိုက်တာက ဦးဟိန်းစိုးပါ။ သမီးက အဲ့ဒီကားထဲမှာ ဆင်းရဲတယ်။ ပိုက်ဆံသိပ်အဆင်မပြေဘူး။ မိဘတွေက သိပ်အဆင်မပြေဘူး။ ဒါပေမဲ့ ပညာတတ်ပေါ့။ ထက်ထက်မြက်မြက်ရှိတဲ့ ကာရိုက်တာမျိုးပေါ့။ ညီမရှေ့မှာ ရိုက်ခဲ့တာတွေက ခပ်မိုက်မိုက် ဂျစ်ကန်ကန်တွေများတယ်။ ဒီထဲမှာက အဲလိုမဟုတ်ဘူး။

ခပ်မိုက်မိုက်ပုံစံမျိုးတွေ ၀တ်ရတာ ကြိုက်တယ်လို့ဆိုတဲ့ အောင်ရဲလင်း

နှုတ်ခမ်းနီမလေးတွေရဲ့ အသည်းစွဲဖြစ်သလို လက်ရှိအနုပညာလောကရဲ့ နာမည်ရနေတဲ့ မင်းသားတွေထဲက တစ်ယောက်ဖြစ်တဲ့ အောင်ရဲလင်းနဲ့ ဆုံတွေ့ခိုက် သူ့ရဲ့ ဖက်ရှင်နဲ့ အပြင်အဆင်အကြောင်းတွေကို မေးမြန်းဖြစ်တဲ့အခါမှာတော့ သူက သူ့ရဲ့ဆံပင်ပုံစံအကြောင်းကို ပထမဆုံး စပြောပါတယ်။ ‘၂၀၁၄ရဲ့ ဆံပင်ပုံစံ အတိုတွေဖြစ်နေတာပေါ့။ အတိုထားတာများတယ်။ ဆံပင်နဲ့ ကာရိုက်တာပိုင်းကို လိုက်ဖက်အောင်ပဲဝတ်တယ်။ ၂၀၁၄မှာ ကျွန်တော်ရဲ့စတိုင်လ်က အရင်က ဖန်စီပုံစံတွေထက် smartဘက်ကို သွားတယ်။ ဆံပင်နည်းနည်း ပြန်ရှည်လာတဲ့အခါ ကျရင်တော့ ပုံစံတစ်မျိုးပြန်ပြောင်းမှာပေါ့။’လို့ သူကပြောပါတယ်။

အဝတ်အစားနဲ့ပတ်သက်ပြီးတော့လည်း သူက ‘ကျွန်တော်က နည်းနည်းမိုက်တဲ့ပုံစံမျိုးတွေ ဝတ်ရတာသဘောကျတယ်။ ကာရိုက်တာနဲ့ ဆိုရင်တော့ ကာရိုက်တာနဲ့လိုက်အောင်လို့ ဝတ်ဆင်ရတာပေါ့။ အခု နောက်ပိုင်းမှာ ရိုက်ရတဲ့ ဇာတ်ကားတွေကလည်း smart ဘက်သွားတာတွေများတယ်ဆိုတော့လေ။ အပြင်သွားလို့ ဝတ်ဖြစ်မယ်ဆိုရင်တော့ နည်းနည်း ခပ်မိုက်မိုက်ပုံစံမျိုးတွေ ဝတ်ရတာကိုကြိုက်တယ်။

Thursday, February 13, 2014

Cloudy with a Chance of Meatballs 2 (2013)

ရုပ်ရှင်ကြည့်ရန်

Thor: The Dark World (2013)

ရုပ်ရှင်ကြည့်ရန်

In the Name of the King III (2014)

ရုပ်ရှင်ကြည့်ရန်

အချဉ်တွေကျန်သေးလားဟေ့ | နေတိုး သင်ဇာနွယ်ဝင်း

ရုပ်ရှင်ကြည့်ရန်

အကွက်ဆန်းနဲ့လန်းတယ် | အောင်ရဲလင်း ၀တ်မှုန်ရွှေရည်

ရုပ်ရှင်ကြည့်ရန်

ဓါတ်ပုံတွေ ကိုအပျော် သဘောနဲ့ ရုပ်ပြောင်တွေလုပ်ဖို့ Faces - Photo Fun

ဒါကတော့ သူငယ်ချင်းတွေကို အပျော် အပျက် သဘောနဲ့ စလို့နောက်လို့ ရတဲ့ appl လေးပါ

မျက်နှာပေါ်မှာ မျက်မှန်တို့ နှုပ်ခမ်းမွှေးအတု တပ်တာတို့ လုပ်လို့ရပါတယ်။

အပိုတခု့ အနေနဲ့ ဦးထုပ်တလုံးလည်း ထပ်တပ်ပေးလို့ရပါတယ်။

သူငယ်ချင်းတို့ ပျော်ရင်ချင်တယ်ဆိုရင် ဒါလေးကို ဒေါင်းလိုက်ပါ

ပိုတိုရှော့အတွက် အကောင်းဆုံးမီးလိုင်းများ

မင်္ဂလာပါ ကျွန်တော်ဒီတစ်ခါတော့ ပိုတိုရှော့အတွက် မီးလိုင်းလေးတွေမျိုး မျိုးတီးထားတဲ့ ဟာလေးကိုတင်ပေးလိုက်ပါတယ် ဒီမီးလိုင်းလေးတွေကိုအသုံးပြုဖူးသူ သိပ်မရှိပါဘူး ကျွန်တော်လည်း စိတ်ကူးရှိတာနဲ့ ဖန်တီးထားတာပါ လုပ်ရတာတော့ ခက်တယ်ဗျ :P သူငယ်ချင်းများမသုံးဖူးသူများ အောက်မှာဒေါင်းယူသွားနီုင်ပါတယ်
RAR Password >>>>www.aungkyawthyu.com

ပိုတိုရှော့အတွက်နောက်ခံပုံ (၃၀)ကိုစုစည်း

မင်္ဂလာပါ ကျွန်တော့်ကို အစဉ်မပျက် အားပေးနေသောသူများအတွက် ပိုတိုရှော့နောက်ခံပုံပေါင်း ၃၀ ကို တင်ပေးလိုက်ပါတယ် ကျွန်တော်လည်းဖန်တီးရတာမလွယ်ဘူးဗျ ဒါပေမဲ့ သူငယ်ချင်းများကိုစေတနာနဲ့ပြန်လည်မျှဝေပေးလိုက်ပါတယ် ကျွန်တော်လည်း Hard Disk ထဲထည့်လို့မရတော့ပါဘူး ပိုတိုရှော့ပုံတွေများနေလို့ ဒီလိုပဲတစ်နေ့ကို ၃ပုံ၎ပုံပဲ သူငယ်ချင်းများအတွက် တင်ပေးသွားမှာပါ ကျွန်တော်လည်းကြိုးစားနေဆဲပါ ပိုတိုရှော့နောက်ခံပုံ ၃၀ကိုလိုချင်တယ်ဆိုရင်တော့အောက်မှာဒေါင်းယူသွားကြပါနော်
Rar PASSWORD >>>>>>www.aungkyawthyu.com
                                                                           

အလန်းစား AndroidMag Blogger Template လေးဒေါင်းမယ်

မင်္ဂလာပါ  နော်  သည်နေ့ ကျွန်တော် သုံးကြည့်ထားတဲ့ တက်ပလက်လေး တစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ
အတော်လေး လှပါတယ်.. ရိုးရှင်းစွာသုံးလို သူတွေအတွက်  တကယ်လည်း ရှင်းလင်းလှပါတယ်
ကျနော်ကတော့ ကာလာလေးတွေ ချိန်းသုံးထားတော့ ပိုလန်းတာပေါ့ေိေိ...
လိုခြင်သူများ အနေဖြင့် အောက်မှာ ဒေါ်င်းယူနိုင်ပါတယ်နော်..
 

အရွယ်ရောက်သူတိုင်း သိထားရမည့် HIV

ဆရာရှင့် AIDS ဖြစ်နေတဲ့လူက သူစားနေတဲ့ထမင်းကို ကလေးကို ကျွေးလိုက်တယ်ဆရာ။ အဲဒါရောဂါ ကူးနိုင်လား ဆရာ။ သိချင်လို့ပါ။

• ဘယ်လို ကိုယ်ခန္ဓာ-အရည်တွေမှာ HIV ပိုးတွေ ပါနေနိုင်သလဲ။
၁။ သွေး၊
၂။ သုတ်ရည်၊
၃။ ဗဂျိုင်းနား အရည်၊
၎။ နို့ရည်၊
၅။ တခြား သွေးပါနိုင်တဲ့ အရည်တွေ။

• HIV ဘယ်လိုကူးသလဲ
- HIV ဗိုင်းရပ်စ် ပိုးတွေဟာ လူ့ကိုယ်ခန္ဓာ အရည်တွေနဲ့ (တစ်ရှူး) တွေထဲမှာ နေနိုင်တယ်။ ဒါပေမဲ့ သွေး၊ သုတ်ရည်၊ ဗဂျိုင်းနာ-အရည် နဲ့ နို့ရည်တွေ ကနေသာ အများဆုံး ကူးနေတာ သိရတယ်။ ဒီအရည်တမျိုးမျိုးဟာ တခြားလူရဲ့ အပေါ်ဖုံး-အပါးလွှာ၊ ထိခိုက် ပျက်စီးနေတဲ့ အရေပြား (တစ်ရှူး) နဲ့ သွေးထဲကို ဆေးထိုအပ်လိုမျိုးနဲ့ တိုက်ရိုက် ထိုးသွင်းတာခံရမှ ကူးစက်တယ်။

ယောင်္ကျားတိုင်းသိချင်ကြသည့် မိမိယူမဲ့ မိန်းကလေးအပျိုစစ်မစစ်

အမေး - ကျမတို့ လင်မယားနှစ်ယောက်မှာ ပြဿနာတစ်ခု တက်နေပါတယ်ရှင့်။ ကျမက အခုအသက်၂၃ နှစ်ရှိပါပြီရှင့်။ ကျမတို့ မိန်းကလေး သဘာဝအရ ယောက်ျားလေးနဲ့ စပြီး နေတဲ့နေ့မှာ သွေးကျရမယ်လို့ ကျမအမျိုးသားက ပြောပါတယ်။ ကျမ အဲလိုသွေးမကျဘူးတဲ့။ အဲဒါကြောင့် ကျမကို အပျို မစစ်ဘူးလို့ ပြောပါတယ်။ ပြီးတော့ ဘယ်သူနဲ့ ဘာလုပ်ခဲ့လဲဆိုပြီး နေ့စဉ် အဲဒါကိုပဲ ပြဿနာလုပ်နေပါတယ်။ အမှန်တကယ်ကို ကျမသူနဲ့မရခင် ဘယ်သူနဲ့မှ ဘာမှမဖြစ်ခဲ့ပါဘူး။ သူ့ကို ပြောပြတော့လဲ သူကကျမကို မယုံပေးပါဘူး။ ဘာကြောင့်များ ကျမ သူများတွေနဲ့ မတူပဲ ခုလိုမျိုး ဖြစ်နေရသလဲ ဆိုတာကို ကျမအမျိုးသား ယုံအောင်ကျမမှာ ဆေးပညာ ဗဟုသုတ မရှိတဲ့အတွက် ကျမတို့ကို ကူညီပေးပါလို့ တောင်းခံပါရစေရှင့်။
အဖြေ - “Medico-legal cases ဆေးပညာနဲ့ မှုခင်းဆိုင်ရာ အငြင်းပွါးမှု” တွေမှာ သုံးနိုင်တဲ့ Virginity of female မိန်းကလေး အပျိုစစ်ပါတယ်လို့ သက်သေပြဘို့ရာ အသုံးပြုနိုင်တဲ့အချက် (၈) ချက်ရှိတယ်။
1. Breasts of virgin အပျိုစစ်တယောက်ရဲ့ ရင်သားတွေဟာ လုံးဝန်းပြီး တင်းနေမယ်။

၁၅ နှစ်အရွယ်ကောင်လေးရဲ့ အိပ်ခန်းထဲကိုခိုးဝင်ပြီး လိင်ဆက်ဆံခဲ့တဲ့ အပျိုကြီး တရားစွဲခံရ

အသက် အရွယ်မရောက် သေးတဲ့ သူကို နေထိုင် ပေါင်းသင်း မိပါက အရေး ယူခြင်း ခံရ လိမ့် မယ် ဆို တာ အခု ဖြစ်ရပ် က သက်သေ ပြသ သွားခဲ့ ပါတယ်။ အမေ ရိကန် နိုင်ငံ၊ အရီ ဇိုနား မှာ ရှိတဲ့ (၃၄) နှစ် အရွယ် အမျိုး သမီး တစ်ဦး ဟာ အိမ်နီး နားချင်း ဖြစ်တဲ့ အရွယ် မရောက် သေးတဲ့ (၁၅)နှစ် အရွယ် ကောင်း ကလေးရဲ့ အိမ်ကိုခိုးဝင်ပြီး အတူအိပ်စက်ခဲ့လို့ ရဲတပ်ဖွဲ့ က ဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်လျက်ရှိပါတယ်။ ကီရီဂွန်ဇာ လက် အ မည်ရ အမျိုးသမီးဟာ ကောင်လေးရဲ့အိမ်ကို ခိုးဝင် ရောက်လာ ပြီး တဲ့ နောက် အရက်တွေသောက်သုံးကာ နှစ် ကြိမ် တိုင်တိုင် ချစ်တင်းနှောခဲ့ကြပါတယ်။ နံနက် နှစ်နာရီ ရောက် တဲ့အခါ ကောင်းလေး ရဲ့အမေ က သား ဖြစ်သူရဲ့ အခန်းထဲမှာ အသံကြားလို့ သွားရောက်ကြည့်ရှုခဲ့ပါတယ်။ 

ဒီအချိန်မှာ အ ၀တ်ဗလာနဲ့ အမျိုးသမီး တစ် ဦး ကို တွေ့ရှိခဲ့ပြီး၊ ကောင်လေးရဲ့ အမေက ဖမ်းဆီးဖို့ ကြိုးစားခဲ့ ပါတယ်။ ဒါပေမဲ့ အဲဒီအမျိုးသမီးဟာ အ၀တ် ဗ လာ နဲ့ ပြတင်းပေါက်ကနေ ထွက်ပြေးသွားခဲ့ လို့ ခြေကျင်းဝတ်ဒဏ်ရာ ရရှိ သွား ခဲ့ပါတယ်။ ဒီနောက် မိနစ်(၃၀) ခန့် အကြာမှာ ထွက်ပြေး သွားတဲ့ အမျိုးသမီးက ကောင်လေး အိမ်ကို ပြဿနာ လာ ရှာခဲ့ပါတယ်။

အမျိုးသမီးတွေ မတ်တတ် အပေါ့စွန့်နိုင်တဲ့ ကိရိယာပစ္စည်း

ကဲ...ဒီတစ်ခါတော့sheweeလို့ခေါ်တဲ့အမျိုးသမီးမတ်တတ်ကြီးဆီးသွားနိုင်တဲ့အကူပစ္စည်းတစ်ခုအကြောင်း
ဖောက်သည်ချ လိုပါ၏။

ဒီပစ္စည်းဟာ အမျိုးသမီးတွေ အပေါ့သွားလိုတဲ့အချိန်မှာ အသုံးပြုရတာဖြစ်ပါတယ်။(ဟုတ်တာပေါ့)များသော အားဖြင့် အမျိုးသမီးတွေ အပေါ့သွားရင် ထိုင်ပြီး သွားတာများပါတယ်။ထင်တာပြောကြည့်တာပါ။

ဒီပစ္စည်းကတော့ မတ်တတ်ရပ်လျက် အသုံးပြုလို့ရပါတယ်။သယ်ရ ပြုရ လည်းလည်းလွယ်ကူပါတယ်။တစ်ခါ တစ်လေကျရင်အများသုံးအိမ်သာ(ဥပမာ- ဈေးအိမ်သာ)တစ်ချို့တွေဟာဝင်လိုက်ရင်အလွန်ညစ်ပတ် နေတာ ကို တွေ့နိုင်ပါတယ်။

တစ်ချို့တွေဆို အိမ်သာခွက်ထဲမှာ ရေတွေ၊မစင်တွေပြည့်ပြီးလျှံနေတတ်ပါတယ်။အဲဒီအချိန်ကျရင်ထိုင်လျက် နဲ့ အပေါ့သွားဖို့ အင်မတန် ၀န်လေးဖို့ကောင်းပါတယ်။

တရုတ်တွင် အင်အားပြင်း ငလျင်လှုပ်၊ အိမ် ၆၇ လုံး ပြိုကျ

တရုတ်နိုင်ငံ အနောက်မြောက်ဘက် ရှင်းကျန်းေ၀၀ါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသမှာ မနေ့ညနေ ၅ နာရီကျော်လောက်က ပြင်းအား ရစ်ခ်ျတာစကေးလ် ၇.၃ ရှိတဲ့ ငလျင် လှုပ်ခဲ့ပါတယ်။
ငလျင်ကြောင့် အိမ်ခြေ ၆၇ လုံး ပြိုကျပြီး အိမ်အလုံး ၁၀၀၀ ကျော် ပျက်စီးသွားပါတယ်။ မွေးမြူရေး တိရစ္ဆာန် ၁၈၅ ကောင် သေဆုံးတယ်လို့ ဒေသခံ အာဏာပိုင်တွေက သတင်းထုတ်ပြန်ပါတယ်။
ငလျင်ချက်မက လူနေကျဲပါးပြီး ပျမ်းမျှအမြင့် မီတာ  ၅၀၀၀ လောက်ရှိတဲ့ ဒေသမှာ မြေအောက် ၁၂ ကီလိုမီတာ အနက်ကို ဗဟိုပြု လှုပ်ခတ်ခဲ့တာပါ။
ပြည်နယ်ရဲ့ မြို့တော်ကနေ ကီလိုမီတာ ၉၀၀ ကျော် ဝေးပြီး အနီးဆုံးလူနေတဲ့ ရွာနဲ့ကတော့ ကီလိုမီတာ ၅၀ ကျော်တယ်လို့ တရုတ်အစိုးရရုပ်သံက ဆိုပါတယ်။ လူအသေအပျောက်စာရင်းတော့ မရသေးပါဘူး။

စဥ့်အိုးတန်းသမ္ဗာန်ဆိပ်အနီးတွင် ခရီးသည်တင်စက်တပ်သမ္ဗာန်(၂)စီး ချိတ်မိခဲ့ကြသဖြင့် (၁)စီးနစ်မြုပ်

၁၃.၂.၂၀၁၄ ရက်နေ့ ၀၉၀၀ အချိန်ခန့်တွင် ဆိပ်ကမ်းမြို့နယ်၊ စဥ့်အိုးတန်း(၂)သမ္ဗာန်ဆိပ်နှင့်(၁၀)ပေခန့်အကွာရေပြင်တွင် ဒလမြို့နယ်၊ ကမာကဆစ်သမ္ဗာန်ဆိပ်မှစဥ့်အိုးတန်းသမ္ဗာန်ဆိပ်သို့ ခရီးသည်(၁၃)ဦး တင်ဆောင်ကာ သက်ထွန်းမောင်းနှင်လာသော စက်တပ်သမ္ဗာန်၏ဦးပိုင်း
နှင့် စဥ့်အိုးတန်းသမ္ဗာန်ဆိပ်မှဒလမြို့နယ်၊ စက်မြေရပ်ကွက်သမ္ဗာန်ဆိပ်သို့ ခရီးသည်(၂)ဦးတင်ဆောင်လျှက် လှရွှေမောင်းနှင်ကာ နောက်ဆုတ် ထွက်ခွာခဲ့သော စက်တပ်သမ္ဗာန်၏ပဲ့ပိုင်းတို့ ချိတ်မိကြကာ သက်ထွန်း
မောင်းနှင်သည့် သမ္ဗာန်မှာတိမ်းမှောက်နစ်မြုပ်သွားခဲ့ပါသည်။

ထိုသို့တိမ်းမှောက်နစ်မြုပ်ခဲ့စဉ် ၎င်းသမ္ဗာန်ပေါ်ပါခရီးသည် ဒလမြို့နယ်နေ
ဒေါ်ကြည်ကြည်ညွန့်မှာ ရင်ဘတ်အောင့်၊ အသက်ရှုကြပ်သွားခဲ့၍ ရန်ကုန်ဆေးရုံကြီးသို့တင်ပို့ခဲ့ရာ အတွင်းလူနာ(မစိုးရိမ်ရ) အဖြစ် တက်ရောက်ကုသလျက်ရှိပြီး အခြားခရီးသည်များ ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်းသိရှိရပါသည်။

ရထားပေါ်မှာ ၇ နှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရ

အသက် ၇ နှစ် အရွယ် မိန်းကလေး ကို ရထားတွဲ အိမ်သာထဲ မှာ အဓမ္မပြုကျင့်ခဲ့ တဲ့ သံသယ ရှိသူ တွေ ကို အိန္ဒိယ ရဲတပ် ဖွဲ့  က အပူ တပြင်း လိုက်လံ ဖမ်းဆီးနေ ပြီ ဖြစ်ပါတယ်။

သောကြာနေ့  ည ဘက် ဒါမှမဟုတ် စနေ နေ့ မနက် လင်းအားကြီး အချိန် မှာ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော် ကား ခံရတာ ဖြစ် တယ်လို့  ရဲတပ် ဖွဲ့  က အင်္ဂါနေ့ ကျမှ သတင်း ထုတ် ပြန်ပါတယ်။

လိင်ပိုင်းဆိုင်ရာ စော်ကားခံရတဲ့ မိန်းကလေး ကို စနေ နေ့ မနက် မှာ ရထား ဘူတာရုံ မှာ တွေ့ ရှိ ပြီး နောက် ရဲတပ် ဖွဲ့  က ဆေးရူံ ကို ပို့ ဆောင်ခဲ့ ပါတယ်။

မိန်းကလေး ရဲ့  ပြော ပြ ချက် အရ သူ့ ကို သားမယား ပြု ကျင့်ခဲ့ သူဟာ အသက်၄၀ လောက်ရှိ ပြီ လို့  ဆိုပါတယ်။

ဆေးထိုးမှား၍ သေဆုံးရသည် စွပ်စွဲပြီး အထူးကုဆေးရုံ ဆရာဝန်ကို အမှုဖွင့်

ရန်ကုန်၊ မဇ္ဈိမ။ ။ အင်းစိန်မြို့နယ်တွင် ဆေးထိုးမှား၍ လူတစ်ဦးသေဆုံးရသည်ဟု စွပ်စွဲပြီး အထူးကုဆေးရုံမှ ဆရာဝန်ကို အမှုဖွင့်တိုင်တန်းထားသဖြင့် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၂ ရက်တွင် စစ်ဆေးဆောင်ရွက်နေသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အမှုကို ရွှေပြည်သာမြို့နယ်၊ လှော်ကားကျေးရွာ၊ ပြည်တော်သာလမ်းတွင် နေထိုင်သည့် သေဆုံးသူ၏ ဇနီးတော်စပ်သူက အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။

ယင်းဖြစ်စဉ်တွင် ဆေးထိုးမှားခြင်း လုံးဝမရှိခဲ့ဘဲ လူနာ၏ နှလုံးရောဂါ အခံကြောင့်သာ အမောဖောက်ပြီး ဆေးရုံတင်ပို့စဉ် သေဆုံးသွားရခြင်း ဖြစ်သည်ဟု အဆိုပါပုဂ္ဂလိကဆေးရုံမှ ဆေးရုံအုပ်ကြီးဖြစ်သူ ဒေါက်တာစိန်ဌေးက မဇ္ဈိမကို ပြောကြားခဲ့သည်။

ကားအတွင်းထားခဲ့သည့် စိန်ထည်များ ခိုးယူခံရ

ကမာရွတ်မြို့နယ်တွင် ကားအတွင်းခေတ္တထားခဲ့သည့် ငွေကျပ်သိန်း ၄၀ ကျော်တန်ဖိုးရှိ စိန်ထည်ရတနာ ပစ္စည်းများ ခိုးယူခံလိုက်ရသဖြင့် မြို့နယ်ရဲစခန်းက ဖေဖော်ဝါရီ ၁၁ တွင် စုံစမ်းဖော်ထုတ်နေသည်။
အဆိုပါအမှုကို ဗိုလ်တထောင်မြို့နယ်တွင်နေထိုင်သည့် မြိတ်တက္ကသိုလ်၊ သမိုင်းဌာနမှ လက်ထောက် ကထိက အငြိမ်းစားဖြစ်သူ ဒေါ်စန္ဒာဝင်း (၄၉)နှစ်က အမှုဖွင့် တိုင်တန်းထားသည်ဟု ရဲကဆိုသည်။
အမှုမှာ နေ့လယ် ၁၁ နာရီခွဲအချိန်က တရားလိုသည် တိုရိုတာဗင်အဖြူရောင် ကိုယ်ပိုင်ယာဉ်ဖြင့် ကမာ ရွတ် (၁)ရပ်ကွက်၊ အင်းစိန်လမ်းမရှိ အမှတ် (၁၁၁)တွင် ပိုးထည်အ၀တ်အထည်များ ရောင်းမည့် ဆိုင် ခန်းပြင်ဆင်ရန်အတွက် ရောက်ရှိခဲ့သည်။

ထို့နောက် ကားကို လမ်းဘေးပလက်ဖောင်းတွင် သော့မပိတ်ဘဲရပ်ထားကာ ဆိုင်ခန်းပြင်ဆင်နေသည့် နေရာသို့ သွားရောက်ကြီးကြပ်ခဲ့ပြီး တစ်နာရီခန့်အကြာတွင် ကားရှိရာသို့ သွားရောက်ခဲ့သည်ဟု တရားလို က ရဲထံတွင် ထွက်ဆိုထားသည်။

ထိုအချိန်တွင် ကားရှေ့ခန်း ၀ဲဘက်တံခါးမှာ အနည်းငယ်ဟနေသည်ကို တွေ့ရပြီး ကားရှေ့ခန်းထိုင်ခုံပေါ် တွင် တင်ထားခဲ့သည့် လေးဆယ့်ရှစ်သိန်းကိုးသောင်းတန်ဖိုးရှိ စိန်ထည်ရတနာပစ္စည်းများနှင့် အခြား ဘဏ်ကတ်၊ ၀န်ထမ်းကတ်၊ မှတ်တမ်းစာအုပ်၊ လက်ကိုင်ဖုန်းတို့မှာလည်း ပျောက်ဆုံးနေခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ခိုးယူသွားသူကို စုံစမ်းဖော်ထုတ်ပေးရန် တိုင်တန်းလိုက်သဖြင့် ကမာရွက် ရဲစခန်းက (ပ)၆၇/ ၂၀၁၄ဖြင့် အမှုဖွင့်ပြီး ပုဒ်မ ၃၈၀ဖြင့် အရေးယူနိုင်ရန် ပြစ်မှုကျူးလွန်သွားသူကို စခန်းမှူးကိုယ်တိုင် စုံးစမ်း ဖော်ထုတ်နေသည်ဟု ဆိုထားသည်။

 ဇော်ဇော်ထွေး/mizzimaburmese

နိုင်ငံကူးလက်မှတ်လိမ်လည်ခံရဟုဆိုကာ မြန်မာနိုင်ငံဝင်ရောက်လာသူကို အရေးယူ

ထိုင်းနိုင်ငံ၊ ဘန်ကောက်တွင် မြန်မာနိုင်ငံကူးလက်မှတ်နှင့် သင်္ဘောသားစာအုပ်တို့ လိမ်လည်ခံရသည် ဆိုပြီး မြ၀တီနယ်စပ်မှ တရားမ၀င် ပြန်လည်ဝင်ရောက်လာသူကို ဒေါပုံလ၀ကက အရေးယူပေးရန် ဖေဖော်ဝါရီ ၁၁ ရက်တွင် အမှုဖွင့်ထားသည်ဟု တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အမှုမှာ ဒေါပုံမြို့နယ်၊ ဗမာအေးရပ်ကွက်၊ တပင်ရွှေထီးလမ်း၊ အမှတ် (၈၅)နေ ဦးအောင်ကိုကို (၂၉)နှစ်၊ ဥယျာဉ်ခြံ လုပ်ငန်းလုပ်ကိုင်သူသည် ၂၀၀၆ ခုနှစ် ဒီဇင်ဘာ ၃ ရက်တွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် မလေးရှားနိုင်ငံ ဆာရာဝတ်ပြည်နယ်သို့ သင်္ဘောတက်ရန် တရားဝင်ထွက်ခွာခဲ့သည် ဟု ဆိုထားသည်။
ထို့နောက် ခြောက်လခန့်အကြာ မလေးရှားနိုင်ငံမှ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့သို့ သင်္ဘောချိန်း၍ ပြောင်း ရွှေ့လုပ်ကိုင်စဉ် မြန်မာနိုင်ငံကူးလက်မှတ်နှင့် သင်္ဘောသားစာအုပ်တို့မှာ လိမ်လည်ခံခဲ့ရသည်ဟု ရဲထံ တွင် ထွက်ဆိုထားသည်။

၃၈ လမ်းမှ တရားမဝင် သင်္ဘောသားများ စေလွှတ်သည့် ရုံးခန်းကို စသုံးလုံး ဝင်ဖမ်း

 ကျောက်တံတားမြို့နယ် ၃၈လမ်းအတွင်းရှိ သင်္ဘောသားများ စေလွှတ်ပေးနေ သည့် ရုံးခန်းတစ်ခုကို တရားမဝင် လိမ်လည်လုပ်ဆောင်နေသည်ဟုဆိုကာ ဖေဖော်ဝါရီ ၁၁ရက်တွင် အထူးစုံစမ်းစစ်ဆေးရေး (စသုံးလုံး) တပ်ဖွဲ့က ဝင်ရောက်ဖမ်းဆီးလိုက်သည်။
အဆိုပါ တပ်ဖွဲ့မှ စုံစမ်းရေး ဦးစီးအရာရှိဖြစ်သူ ဦးခင်ဇော်နှင့်အဖွဲ့သည် (၈)ရပ်ကွက်၊ ၃၉ လမ်း၊ အမှတ် (၂၀၆)တွင် နေသူတစ်ဦးနှင့် အဖွဲ့ကို သင်္ဘောသားနှင့် သက်ဆိုင်သော စာအုပ်၊ စာရွက်စာတမ်းများ အတုပြုလုပ်ပြီး တရားမဝင်သင်္ဘော လိုင်းများဖြင့် ချိတ်ဆက်၍ သင်္ဘောသားများထံမှ ငွေကြေးရယူ ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့် ၎င်းတို့ ရုံးခန်းရှိရာ ကျောက်တံတားမြို့နယ်၊ (၆)ရပ်ကွက်၊ (၃၈)လမ်း၊ အမှတ် (၉၀)သို့ ဦးစီး အရာရှိ ဦးခင်ဇော်နှင့် အဖွဲ့က ဝင်ရောက်ရှာဖွေ ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန် ထားသည်။

မိခင်နှင့်အစ်မတို့ရန်ဖြစ်စဉ် ၀င်ရောက်သတ်ပုတ်သည့်မောင်ကို အစ်မဖြစ်သူမှဓါးဖြင့်ထိုး၍ သေဆုံး

၁၂.၂.၂၀၁၄ ရက်နေ့ ၂၁၃၀ အချိန် ကွမ်းခြံကုန်းမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်များသည် ကွန်းခြံ ကုန်းမြို့နယ်၊ ဒရယ်လူးကျေးရွာတွင် အစ်မဖြစ်သူမှ မောင်ဖြစ်သူအား ဓါးဖြင့်ထိုး၍ သေဆုံး မှုဖြစ်ပွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ပါသည်။
ဖြစ်စဉ်မှာ ယင်းနေ့ ၂၁၀၀ အချိန်ခန့်က မိခင်ဖြစ်သူဒေါ်ထွေးကြည်နှင့် သမီးဖြစ်သူ မတင်မာညို တို့ (၂)ဦးမှာ စကားများရန်ဖြစ်ကြကြောင်း၊ ထိုစဉ် မောင်ဖြစ်သူ ကိုမျိုးမင်းထွန်းက မိခင်နှင့် ရန်ဖြစ်နေသည့် အစ်မဖြစ်သူ မတင်မာညိုကို ၀င်ရောက်လုံးထွေးသတ်ပုတ်ခဲ့ကြောင်း၊ ထိုသို့ သတ်ပုတ်ခဲ့၍ အစ်မဖြစ်သူ မတင်မာညိုက အနီးရှိထရံ၌ ထိုးထားသော အရိုးအသွား(၁၀) လက်မခန့်ရှိ ဓါးမြှောင်ဖြင့် မောင်ဖြစ်သူ ကိုမျိုးမင်းထွန်းကို ထိုးခဲ့သဖြင့် ကိုမျိုးမင်းထွန်းတွင် ၀ဲရင်အုံအောက်၌ ထိုးသွင်းဒဏ်ရာ(၁)ချက် ရရှိကာ သေဆုံးခဲ့ခြင်းဖြစ်ေ ကြာင်း သိရှိခဲ့ရပါသည်။

စစ်တွေတွင် စိတ်မမှန်သူသားက တုတ်ဖြင့်ရိုက်၍ ဖခင်ဖြစ်သူသေဆုံး

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့က စိတ်မမှန်သားဖြစ်သူက တုတ်ဖြင့်ရိုက်သဖြင့် ဖခင်ဖြစ်သူ သေဆုံးသွားကြောင်း သတင်းရရှိသည်။
သေဆုံးသွားသူမှာ စစ်တွေမြို့ သင်္ဘောဆိပ်၊ ဆင်ကူးလမ်း အကွက်(၂) ရပ်ကွက်တွင် နေထိုင်သူ ဦးထွန်းယိုင် (၅၇) နှစ်ဖြစ်ကြောင်း သိရသည်။

အဖဖြစ်သူ ဦးထွန်းယိုင်မှာ သားဖြစ်သူ ထွန်းဝင်းအသက် (၃၈)နှစ်က တုတ်ဖြင့်ရိုက်သဖြင့် ဦးခေါင်းတွင် ဒဏ်ရာ ရရှိသွားပြီး သွေးထွက်လွန်ကာ သေဆုံးသွားခြင်းဖြစ်ကြောင်း အိမ်နီးနားချင်း မျက်မြင် အမျိုးသမီး တစ်ဦးက ပြောသည်။
“ ထွန်းဝင်းက စိတ်နည်းနည်းမမှန်ဘူး။ ကျွန်မ ညနေပိုင်း ထမင်းချက်နေတုန်းမှာ သူအဖေက သားဖြစ်သူကို မိန်းကလေးတွေ ရေချိုးနေတာကို ဘာဖြစ်လို့  ကြည့် နေတာလဲ။ သူများမြင်ရင် မင်းကို ဆဲဆိုလိမ့်မယ်လို့ ပြောတော့ သားဖြစ်သူက ထလာပြီးသစ်သားတုတ်နဲ့ နောက်စေ့ကို တစ်ချက်ရိုက် လိုက်တာကို မြင်လိုက်ရပါတယ်” ဟု ဆိုသည်။

ဖွဲ့စည်းပုံပြင်ဖို့ မင်းကိုနိုင် ပြောကြား

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေဟာ မိမိတို့လိုလားတဲ့ ဒီမိုကရက်တစ် ဖက်ဒရယ် ပြည်ထောင်စု နိုင်ငံတစ်ခု ကို ဖော်ဆောင်မပေးနိုင်တဲ့အတွက် လက်ရှိဖွဲ့စည်းပုံကို  ပြင်ဆင်ပြောင်းလဲပေးဖို့ ဒါမှမဟုတ် အသစ်ပြန် လည်ရေးဆွဲဖို့ လိုအပ်ကြောင်း ရှစ်လေးလုံး ငွေရတု ဆုံးဖြတ်ချက်များ ဖေါ်ဆောင်ရေး ကော်မတီက ဒီနေ့ ကြေညာလိုက်ပါတယ်။
ဒီနေ့ ၈၈ ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းရုံးမှာ ကျင်းပတဲ့ ရှစ်လေးလုံး ငွေရတုဆုံးဖြတ်ချက် များ ဖော်ဆောင်ရေးကော်မတီရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုမင်းကိုနိုင်က ပြောကြားခဲ့တာပါ။

“အဲဒီဆုံးဖြတ်ချက် ၃ ရပ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေလည်းပါပါတယ်၊ အဲဒီတုန်းက ဆုံးဖြတ်ချက်ထဲမှာ အသစ်ရေးဆွဲမလား၊ ပြန်ပြင် မလား အဲဒီနှစ်ခုမှာ တစ်ခုခုလုပ်ကြဖို့ အချက် တစ်ချက်အနေနဲ့ ထည့်ပြီးတော့ ဆုံဖြတ်ထားပါတယ်၊ ဒီကနေ့ ကျနော်တို့ရဲ့ လုပ်ငန်းစဉ်ထဲမှာ ဖွဲ့စည်း ပုံအခြေခံ ပြန်ပြီးတော့ပြင်ရေးဆိုတာ ပါလာပါပြီ၊ နိုင်ငံတဝှမ်းမှာလည်း ကျယ်ကျယ်လောင်လောင် ကြားပြီးတော့ လှုပ်ရှားမှုတွေလည်း စနေကြပါပြီ၊ အဲဒီပြင်ဆင်ရေးအတွက်ကို ဘယ်ပုံဘယ်နည်းသွား ကြမလဲ ဆိုတဲ့အခါမှာ တဆက်တည်းပေါ့လေ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက်ပါ ဆိုရင် တမျိုးသားလုံးပြန်ပြီးတော့ စုပြုမယ့် ပြည်ထောင်စုမူကြမ်း တစ်ခုတော့လိုပြီလို့ သုံးသပ်မိ ပါတယ်

ဗိုလ်ချုပ်ရုပ်ရှင် ဒါရိုက်တာ မင်းထင်ကိုကိုကြီး ဖြစ်ပြီ

“အောင်ဆန်း” လို့ အမည်ပေးထားတဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်း ရုပ်ရှင်ကို ဒါရိုက်တာ မင်းထင်ကိုကိုကြီးက ရိုက်ကူးဖို့ ဒေါ်အောင်ဆန်း စုကြည်က တာဝန်ပေးအပ်ထားတယ်လို့ ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့က ပြောပါတယ်။
ဒီကနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အလှူအဖြစ် ဗိုလ်ချုပ်ရုပ်ရှင် ဖြစ်မြောက်ရေးအဖွဲ့ က ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိကကို ရန်ကုန်မြို့က ဆရာတော် သတင်းသုံးတဲ့ကျောင်း မှာ နေ့ဆွမ်းကပ်လှူစဉ် ဒါရိုက်တာ မင်းထင်ကိုကိုကြီး က ပြောခဲ့တာပါ။

“ဇန်နဝါရီ ၃ ရက်နေ့ကတော့ ဒေါ်အောင်ဆန်း စုကြည်က ကိုယ်တို့ လူရွေးတယ်ပေါ့လေ၊ ဒါကတော့ သူရွေးချယ်တာပေါ့နော်၊ ရွေး တယ်ဆိုတာလည်း အမေစု တာဝန်ပေး တာပေါ့လေ၊ ကျနော့်ကို ဒီဟာကို ဒါဟာကို ဒါရိုက်တာအနေနဲ့ တာဝန်ယူဖို့ ဒါရိုက်တာ အိအိခိုင်ကို ပရိုဂျူဆာအနေနဲ့ တာဝန်ယူဖို့ ကိုမော်လင်းကို ဇတ်ညွှန်းနဲ့ပတ်သက်ပြီးတော့ သမိုင်းအချက်အလက်ဆိုင်ရာ အကြံပေးပေါ့လေ တာဝန်ယူဖို့ တာဝန်ပေးတာပေါ့”

၉၉ နှစ်မြောက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ ကျင်းပ

ဒီကနေ့ဟာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၉ နှစ်မြောက် မွေးနေ့ ဖြစ် ပါတယ်။ မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မွေးနေ့ကို ကလေးများနေ့ အဖြစ်လည်း သတ်မှတ်ထားပြီးတော့ ဒီကနေ့မှာပဲ နိုင်ငံတဝန်းက ကလေးငယ်တွေ ဗိုလ်ချုပ်အောင်ဆန်းရဲ့ စိတ်ဓာတ်ကို လေးစား အတုယူ အားကျဖို့ကိုလည်း ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းပြောကြားပြီး တိုက်တွန်းခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်းရဲ့ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြမှာဖြစ်ပါတယ်။

ဒီကနေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့မှာ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၉ နှစ်မြောက် မွေးနေ့ အမှတ်တရ ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းထဲမှာ ဒီနေ့ခေတ်လူငယ်တွေ အနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းကို အတုယူပြီး နိုင်ငံနဲ့ လူမျိုးအကျိုးကို သယ်ပိုး ထမ်းရွက်ကြပါ လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းပြောဆိုခဲ့ပါတယ်။

လူ့အခွင့်အရေး အထူးကိုယ်စားလှယ် နောက်ဆုံး မြန်မာ ခရီးစဉ် စတင်

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ် သောမတ် အိုဟေး ကင်တားနား (Tomas Ojea Quintana) ဟာ လူ့အခွင့်အရေး အခြေအနေတွေ လေ့လာဖို့ မြန်မာနိုင်ငံကို ဒီကနေ့မှာပဲ ရောက်ရှိလာပြီးတော့ ၈၈ မျိုးဆက်ကျောင်းသားတွေ အပါအ၀င် အမျိုးသား လူ့အခွင့်အရေးကော်မရှင် က တာဝန်ရှိသူတွေနဲ့ပါ တွေ့ဆုံခဲ့တာပါ။ မနက်ဖြန်မှာတော့ မစ္စတာ ကင်တားနာဟာ ပဋိပက္ခတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ကို သွားရောက်မှာ ဖြစ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ရုံးက ပြောခွင့်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် ကိုအောင်ရဲမောင်မောင် က ပြောပြပေးမှာပါ။

မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် ဖြစ်တဲ့ မစ္စတာ ကင်တားနားရဲ့ မြန်မာနိုင်ငံဆိုင်ရာ နောက်ဆုံး တရားဝင်ခရီးစဉ်ကို ဒီကနေ့မှာ စတင်ခဲ့ပြီးတော့  သူရဲ့ ပထမဆုံးနေ့ခရီးစဉ်အတွင်းမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အပါအ၀င် ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်းလူမှုအဖွဲ့အစည်းက တာဝန်ရှိသူတွေ နဲ့ တွေ့ဆုံခဲ့ပါတယ်။

Wednesday, February 12, 2014

ဓါတ်ပုံတွေကိုအမြန်ဆုံးပြုပြင်ပေးမဲ့ Photo Editor.Apk


ဒီကောင်းလေးကတော့ သူငယ်ချင်းများအတွက်အသုံးတဲ့မယ်ထင်ပါတယ် ဓါတ်ပုံတွေကို ဖုန်းကနေအမြန်ဆုံးဖန်တီးနိုင်တဲ့ Appလေးကိုတင်ပေးလိုက်ပါတယ် 
အောက်မှာဒေါင်းယူသွားနိုင်ပါတယ်
                                            DOWNLOAD.APK       
 
    Photo Editor by Aviary - screenshot thumbnailPhoto Editor by Aviary - screenshot thumbnailPhoto Editor by Aviary - screenshot thumbnail
 Blogger

Myanmar CNN