မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Friday, February 14, 2014

အချစ်ဆိုတာ ချစ်နေဖို့သာ အဓိကပါလို့ ပြောလိုက်တဲ့ နန်းဆုဦး

ပရိသတ်တွေက သူမရဲ့ဖက်ရှင်တွေကို ကြိုက်ကြတယ်တဲ့။ သူမရဲ့ ကာရိုက်တာအပေါ် သက်ဝင်ယုံကြည်မှုတွေကို သဘောကျကြတယ်တဲ့။ သူမရဲ့ ငယ်ရွယ်နုပျိုသွက်လက်တဲ့ သရုပ်ဆောင်မှုတွေကို နှစ်ခြိုက်ကြတယ်တဲ့။ သူမကတော့ နန်းဆုဦးဆိုတဲ့ ကလေးပုံစံ ချစ်စရာကောင်းတဲ့ ကောင်မလေးပါပဲ။ သူမဟာ ၂၀၁၃ ထဲမှာ စတင်အောင်မြင်လာတယ်လို့လူအများရဲ့ သတ်မှတ်ခြင်းကို ခံရတဲ့အပြင် နာမည် ၃ လုံးပိုင်ရှင် နာမည်ကြီး မင်းသားတစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့လည်း သတင်းတွေ ထွက်နေတာကြောင့် သူမနဲ့ တွေ့ဆုံခိုက် မေးမြန်းဖြစ်တဲ့အခါ ‘အခုရိုက်နေတာက တိမ်တိုက်ကကြိုးတဲ့။ ကိုအောင်ရဲလင်း ရယ်၊ မကြီးစိုးရယ်၊ သမီးရယ်ပေါ့ ။ဒါရိုက်တာက ဦးဟိန်းစိုးပါ။ သမီးက အဲ့ဒီကားထဲမှာ ဆင်းရဲတယ်။ ပိုက်ဆံသိပ်အဆင်မပြေဘူး။ မိဘတွေက သိပ်အဆင်မပြေဘူး။ ဒါပေမဲ့ ပညာတတ်ပေါ့။ ထက်ထက်မြက်မြက်ရှိတဲ့ ကာရိုက်တာမျိုးပေါ့။ ညီမရှေ့မှာ ရိုက်ခဲ့တာတွေက ခပ်မိုက်မိုက် ဂျစ်ကန်ကန်တွေများတယ်။ ဒီထဲမှာက အဲလိုမဟုတ်ဘူး။

သူ့ကဆင်းရဲတော့ သိမ်ငယ်မှုလေးတစ်ခု သူ့ဆီမှာရှိတယ်ပေါ့။ အ၀တ်အစားပိုင်းနဲ့ပတ်သတ်ပြီးတော့ကျတော့ ဆင်းရဲပေမဲ့ ၀တ်နိုင်စားနိုင်ကြပြီ။ ဖက်ရှင်ကို နားလည်ကြပြီပေါ့။ ဒီခေတ်နဲ့ ယှဉ်ပြီး အ၀တ်အစားပိုင်းကို ခေတ်မှီမှီလေး ၀တ်ထားပါတယ်။ ဒီကားက ဒရာမာအချစ်ကားလေးပါ။ ကိုအောင်ရဲလင်းရယ် မကြီးစိုးရယ်က လင်မယားတွေ၊ အဲဒါကိုညီမကမသိဘူး။ ကိုအောင်ရဲလင်းကကျတော့ မကြီးစိုးနဲ့ ငြီးငွေ့လာတဲ့အခါကျတော့ ထွက်ပေါက်ရှာပြီး ညီမနဲ့ လာပတ်သက်မိသွားတယ်။ အဲလိုလေးပေါ့။ ဇာတ်ကတော့ အမေနဲ့ညီမနဲ့ကြည့်ပြီး လက်ခံဖြစ်တယ။် အရမ်းလဲ မရွေးဘူး။ ဇာတ်ကောင်းရင် ရိုက်တယ်။ ဒီကားပြီးရင်တော့ ကိုမြင့်မြတ်နဲ့ရိုက်ဖို့ရှိတယ်။ ကျောင်းကတော့ သွားမတက်ဖြစ်သေးဘူး။ အနုပညာလှုပ်ရှားမှုလေးတွေပဲ ဆက်တိုက်လုပ်ဖြစ်နေမှာပါ’ လို့ သူမက ပြောပြခဲ့ပါတယ်။

အချစ်နဲ့ပတ်သတ်ပြီး သူမ ၀န်ခံပြောပြခဲ့တာက ‘အချစ်ဆိုတာ သွားပြီးတော့ ပြောပြလို့မရဘူး။ ရှင်းပြရမယ်ဆို ရှင်းပြရခက်မယ်။ ဘာလို့လဲဆိုတော့ လူတစ်ယောက်နဲ့ တစ်ယောက် ချစ်တဲ့ပုံစံချင်း မတူဘူးဆိုတော့ ကိုယ်တစ်ကယ်ချစ်တဲ့သူ တွေ့သွားရင်တော့ အဲဒါအချစ်ပဲပေါ့။ အခုအရွယ်မှာ နားလည်ထားတဲ့အချစ်က ကိုယ်တကယ်ချစ်တဲ့သူကို တကယ်ချစ်နေရင် ပြီးရောပေါ့နော်။ အဲဒီလူကလဲ ကိုယ့်ကို တကယ်ချစ်နေရင်ပြီးရောပေါ့။ ချစ်နေဖို့ကအဓိက ပါပဲ။ ဘယ်သူဘယ်ဝါ ဘာမှချစ်ရမယ်ဆိုတာကြီးကို မကြိုက်ဘူး။ ကိုယ့်စိတ်က တကယ်ချစ်နေရင်ရပါပြီ။ အချစ်က ရှာတွေ့နေပြီလားဆိုတော့ မပြောပြချင်ဘူး။ ချစ်သူများနေ့က ရှုတင်မှာပဲရှိမယ်။ အရင်နှစ်ကတော့

ညီမချစ်သူမရှိဘူး။ တစ်ယောက်တည်းပဲ။ ဒါပေမဲ့ သူငယ်ချင်းတွေနဲ့တော့ မုန့်သွားစားဖြစ်တယ။် သူငယ်ချင်းအချင်းချင်းလဲ လက်ဆောင်တွေလဲကြတယ်။ မနက်ဖြန်ကျရင်တော့ ပေးဖို့ စီစဉ်ထားတာရှိပါတယ်။ ချစ်သူများနေ့မှာ အတွဲတွေ အားလုံးပျော်ရွှင်နိုင်ကြပါစေ။ ညီမရဲ့အနုပညာနဲ့ပတ်သတ်လို့ကတော့ တတ်နိုင်သလောက် ကြိုးစားထားပါတယ်။ ဘယ်သူ့အိုက်တင်ကိုမှ မမှီငြမ်းဘဲနဲ့ကြိုးစားအားထုတ်ထားပါတယ်’တဲ့။

ခင်ဆွေသက်/ Trend Myanmar

No comments:

 Blogger

Myanmar CNN