မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, February 11, 2014

ပြည်ထောင်စုနေ့အမှတ်တရနှင့် တိုင်းရင်းသားအနုပညာရှင်တို့ ဂုဏ်ယူစကားသံ

ပြည်ထောင်စုနေ့ကျရောက်တိုင်း မြန်မာနိုင်ငံတစ်ဝန်း၌  ပြည်ထောင်စုလှေယာဉ်တော်နှင့် ပြည်ထောင်စုအလံသယ်ဆောင်ပြီး မြို့တစ်မြို့ဆီ လှည့် လည်သယ်ဆောင်စဉ်   ပြည်သူပြည်သားများ သောင်းသောင်းဖြဖြဂုဏ်ပြုကြိုဆိုကြရာ စည်ကားသိုက်မြိုက်သည့် နိုင်ငံတော် အခမ်းအနား တစ်ခုပင် ဖြစ်ခဲ့သည်။ ပြည်ထောင်စုနေ့ကို ပြည် သူပြည်သားများကလည်း ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးသားရေးအားမာန်ကို စိတ်အစဉ်တွင် နိုးကြားရှင်သန်စွာ ဖြင့် ကြိုဆိုဂုဏ်ပြုဖို့ စိုင်းပြင်းနေကြတာ လည်း မြင်တွေ့ ရသည်။ ထို့အတူပင် တိုင်းရင်းသားများကလည်း မိမိတို့၏ ရိုးရာယဉ်ကျေးမှုဆင်ယင်ထုံးဖွဲ့မှုများ နှင့် ပြည်ထောင်စုနေ့အခမ်းအနား၌ တက်ရောက်ကြိုဆိုဂုဏ်ပြုကြရာ တိုင်းရင်းသားလူမျိုးများလည်းဖြစ်သော မျိုးဆက်သစ် လူငယ်အနုပညာရှင်တို့၏ ပြည် ထောင်စုနေ့အမှတ်တရစကားသံများကို စုစည်းဖော်ပြလိုက်ပါသည်။


►ပြည် ထောင်စုတိုင်းရင်းသားတွေ စုပေါင်း နေထိုင်လာကြတဲ့ ဒီမြန်မာနိုင်ငံရဲ့  ရခိုင်သားတစ်ယောက်ဖြစ်ရတာလည်း . . .
နေတိုး(ရခိုင်)-
“ပြည်ထောင်စုနေ့ဆိုတာ စုစည်းမှုအထိမ်းအမှတ်လေး တစ်ခုဆိုတော့ တအားချစ်စရာကောင်းပါတယ်။ စည်းရုံးမှု တစ်ခု၊ ငယ်ငယ် တုန်းကတော့ ရခိုင်မှာနေတော့ သိပ်ပြီး မပါဝင်ဖြစ်တော့ တအား အမှတ်ရနေ တာမျိုးမရှိဘူး။ ဒါပေမဲ့ အထိမ်းအမှတ် နေ့တွေကိုတော့ တအားတန်ဖိုးထားတယ်။ ပြည် ထောင်စုတိုင်းရင်းသားတွေ စုပေါင်း နေထိုင် လာကြတဲ့ ဒီမြန်မာနိုင်ငံရဲ့ ရခိုင်သား တစ်ယောက်ဖြစ်ရတာလည်းဂုဏ်ယူတယ်”

►ပြည်ထောင်စုအလံကို သယ်ပြီးတစ်မြို့လုံးကို လှည့်တယ်။ အဲဒီမှာ တိုင်းရင်းသားတွေပါတယ်။ နောက်မှာ ကျောင်းသားတွေပါတယ်…
မောင်(မွန်)
“ပြည်ထောင်စုနေ့ဆိုတာ တိုင်း ရင်းသားတွေအကုန်လုံး စည်း စည်းလုံးလုံးရှိတဲ့ အထိမ်းအမှတ်လေး တစ်ခုပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံက လူမျိုးစုတော်တော်များတဲ့ နိုင်ငံ ပါ။ ပြည်ထောင်စုနေ့ဆို မြို့တော် ခန်းမကနေ ပြည်ထောင်စုအလံကိုသယ်ပြီး တစ်မြို့လုံးကို လှည့်တယ်။ အဲဒီမှာ တိုင်းရင်းသားတွေပါတယ်။ နောက်မှာ ကျောင်းသားတွေ ပါ တယ်။ ကျွန် တော် ၉ တန်းနှစ်မှာ ကျောင်းသားကားမှာ ပါဝင်ခဲ့ဖူးတယ်။ ကျွန်တော်တို့ငယ်ငယ်တုန်း ကဆို ပြည်ထောင်စုနေ့မှာ ကျောင်းသား ကားမှာပါရတာ ဂုဏ်ယူ စရာ တစ်ခုပေါ့။ ကျွန်တော့်အတွက်လည်း အခုအချိန်ထိလည်း အမှတ်တရ ရှိနေတုန်းပါပဲ။ ကျောင်းသားဘဝ မှာ အလံကားကို ထွက်နှုတ်ဆက်တာ မျိုးလည်း လုပ်ဖူးတယ်။ ဒီမိုကရေစီ ပြောင်းခါစမှာ တိုင်းရင်းသား စည်းလုံးညီညွတ်မှုက တအား အရေးကြီးနေတဲ့အချိန်လေ”

►ကိုယ့်တိုင်း ပြည်ရဲ့  နေ့ထူးနေ့မြတ်တစ်ရက်ဖြစ်တဲ့အတွက် အမြဲအမှတ်တရလည်း ရှိသင့်တယ် . . .
နန်းခင်ဇေယျာ (ရှမ်း)-
“ပြည်ထောင်စုနေ့နဲ့ ပတ်သက် ပြီး ငယ်ငယ်တုန်းက ကျောင်းစာမှာ သင်ရတယ်။ တိုင်းပြည်တစ်ခုမှာ တိုင်းရင်းသား ပေါင်းစုံ ပါဝင်ကြတဲ့ ပြည်ထောင်စုနေ့ပေါ့။ ကိုယ်က ရှမ်းလူမျိုးတစ်ယောက်လည်းဖြစ် တော့ ငယ်ငယ်တုန်းကတော့ ကျောင်းပွဲတွေမှာ ပါဝင် ဖူးတယ်။ ကိုယ့်တိုင်း ပြည်ရဲ့ နေ့ထူးနေ့မြတ် တစ်ရက်ဖြစ်တဲ့အ တွက် အမြဲအမှတ် တရ လည်း ရှိသင့်တယ်။ သူ များနိုင်ငံမှာဆို သူတို့ ရဲ့နေ့ ထူးနေ့မြတ် ဆို အချိန်ပေး ပြီး ဆင်နွှဲလေ့ရှိကြတယ်။ ကိုယ့် နိုင်ငံမှာလည်း ပြည်ထောင်စုနေ့ပွဲ ကို အားလုံးအတူ ပါဝင်ဆင်နွှဲသင့် တယ်လို့ထင်တယ်”

►ပြည်ထောင်စုနေ့ဆိုတာ  တစ်မျိုးသားလုံး၊ တစ်တိုင်းပြည်လုံး၊ လူမျိုးတွေအကုန်လုံးနဲ့သက်ဆိုင်တဲ့ နေ့ပါ…
လှအဉ္ဇလီတင့်(ဗမာ)-
“ပြည်ထောင်စုနေ့ ဆို တာ တိုင်း ရင်းသားလူ မျိုးတွေ အားလုံး အ တွက် ထူး ခြား တဲ့ နေ့ တစ်ခု ပါပဲ။ ငယ်ငယ် တုန်းကဆိုရင် ပြည် ထောင်စုနေ့ကို တအားစိတ်ဝင်စား တယ်။ ပြည် ထောင်စုပွဲကြီးတွေလည်း အကြီးအကျယ် ကျင်းပတယ်။ အခုနောက်ပိုင်းတော့ ပျော်ပွဲရွှင်ပွဲတွေ သိပ်မလုပ်ကြဘူး။ ပြည်ထောင်စုနေ့ကို တခမ်းတနား ကြီးနဲ့ တစ်နိုင်ငံလုံးကအုတ်အုတ် ကြပ် ကြပ်နဲ့နယူးရီးယားလို ကျင်းပရင် ကောင်းမယ်လို့ ထင်မိတယ်။ ပြည် ထောင်စုနေ့ဆိုတာ တစ်မျိုးသား လုံး၊ တစ်တိုင်းပြည်လုံး၊ လူမျိုးတွေ အကုန်လုံးနဲ့သက်ဆိုင်တဲ့ နေ့ပါ။ ဗိုလ်ချုပ်ချမှတ်တဲ့အတိုင်း ပြည် ထောင်စုတိုင်းရင်းသားတွေ ကလည်း ချစ်ချစ်ခင်ခင်မေတ္တာတရားနဲ့ စည်း စည်းလုံးလုံးနဲ့ နေထိုင်သင့်ပါ တယ်”

►မြန်မာနိုင်ငံကြီး ပိုပြီးတော့ တိုးတက်အောင်လည်း ကြိုးစား စေချင်ပါတယ်…
မိစန္ဒီ(မွန်)
“ပြည်ထောင်စုနေ့ဆိုတာ မြန်မာ့သမိုင်းပါပဲ။ ဒီနေ့ဟာ အမှတ်တရလည်း ဖြစ်တယ်။ သမိုင်းတွေလည်း ဖြစ်တယ်။ တိုင်းရင်းသား အားလုံးပိုပြီးတော့ စည်းလုံးညီညွတ်စေ ချင်ပါတယ်။ တိုင်းရင်းသားအားလုံးစုပေါင်း ပြီး မြန်မာနိုင်ငံကြီး ပိုပြီးတော့ တိုးတက်အောင်လည်း ကြိုးစား စေချင်ပါတယ်။ မိစန္ဒီတို့လို လူ ငယ်တွေအားလုံးစုပြီးတော့ ကိုယ် ကျွမ်းကျင်ရာ ကျွမ်းကျင်ရာကဏ္ဍ ကနေ နိုင်ငံတော်ကြီးတိုးတက် အောင်စုစုစည်းစည်းနဲ့ အငြင်း ပွားမှုတွေမရှိဘဲ ကြိုးစားစေချင် ပါတယ်”

►တစ်အိမ်ထဲနေ တဲ့သူ အချင်းချင်းတည့်ရင်အား လုံး စိတ်ချမ်းသာရတယ်ဆိုတဲ့…
နန်းမြတ်ဖြိုးသင်း (ပအို့ဝ်)
“ပြည်ထောင်စုနေ့ဆိုတာ တော့ တိုင်းရင်းသားတွေအားလုံး နဲ့ဆိုင်တဲ့နေ့တစ်နေ့လို့ သတ် မှတ်ထားပါတယ်။ ပြည်ထောင်စု နေ့အခမ်းအနားနဲ့ ပြည်ထောင်စု အလံ ကိုင်ဆောင်တဲ့အခါမှာ တိုင်းရင်းသား ပေါင်းစုံပါဝင်တဲ့ အခါ တစ်နိုင်ငံတည်းမှာရှိနေကြတဲ့ လူမျိုးစုတွေအချင်း ချင်းရင်းနှီးမှု၊ ချစ်ခင်မှု၊ တစ်ဦးအပေါ်တစ်ဦး ယုံကြည်မှုတွေ တိုး ပွားစေတယ် လို့ ထင်ပါတယ်။ တစ်အိမ်ထဲနေ တဲ့သူအချင်းချင်းတည့်ရင်အား လုံး စိတ်ချမ်းသာရတယ်ဆိုတဲ့ သဘောမျိုးပဲ။ တစ်နိုင်ငံတည်းမှာရှိ နေကြတဲ့သူအချင်းချင်း သင့် မြတ်ပြီးပူးပေါင်းဆောင်ရွက်ကြ မယ်ဆိုရင် နိုင်ငံလည်း အကျိုး ရှိပြီး အများကြီး တိုးတက်မယ်လို့ ထင်ပါတယ်။ ပြည်ထောင်စုနေ့ မှာ နှစ်တိုင်း ထွေထွေထူးထူး တော့ မလုပ်ဖြစ်ဘူး။ ဒီနှစ်တော့ အလံတစ်ရာမှာနန်းမြတ်တို့ ပအို့ဝ် ဘာသာနဲ့လှူတဲ့ပွဲမှာ ပအို့ဝ်တိုင်း ရင်းသူတစ်ယောက်အနေနဲ့ စကား ပြောပေးဖြစ်ပါမယ်”

►ပြည် ထောင်စုနေ့မှာလည်း  မိုင်လေး က နယ်မှာ သီချင်းသွားဆို ဖြစ် မယ်…
ရတနာမိုင်(ရခိုင်)
“မိုင်လေးအနေနဲ့ ပြည် ထောင်စုနေ့နဲ့ပတ်သက်ပြီးတော့ အမှတ်တရတော့ မရှိပါဘူး။ ဒါ ပေမဲ့ ပြည်ထောင်စုနေ့ဆိုတာ ကတော့ တိုင်းရင်းသားတွေ အားလုံးအတွက် အထိမ်းအမှတ် နေ့လေးတစ်နေ့ ဖြစ်တယ်။ မိုင် လေးလည်း ရခိုင်တိုင်းရင်းသူ တစ်ယောက်ဖြစ်တဲ့အတွက် လည်း ဂုဏ်ယူပါတယ်။ ဘာပဲ ပြောပြော တိုင်းရင်းသားတွေ အားလုံးချစ်ချစ် ခင်ခင်ပဲဖြစ်စေ ချင်ပါတယ်။ အခုလာမယ့်ပြည် ထောင်စုနေ့မှာလည်း မိုင်လေး က နယ်မှာသီချင်းသွားဆို ဖြစ် မယ်။ အဲဒီနေ့လေးမှာ မိုင်လေး အနေနဲ့ အမှတ်တရဖြစ်အောင် သီချင်းဆိုတဲ့အခါ ရခိုင်တိုင်းရင်း သားဝတ်စုံဝတ်ပြီး သီချင်းဆိုဖို့ တော့ စိတ်ကူးထားပါတယ်။ အမှတ်တရ ဖြစ်အောင်လို့ပါ”

►တိုင်းရင်းသား တွေ  စည်းစည်းလုံးလုံး၊ ချစ်ချစ် ခင်ခင်နဲ့  နေထိုင်ခဲ့တယ် . . .
ရိန်မိုး(ကရင်)
“ပြည်ထောင်စုနေ့ကို ကျွန်တော်အမှတ်  ရမိတာက ကျွန်တော်တို့ငယ်ငယ်တုန်းက ပြည်ထောင်စုနေ့ဆို တိုင်းရင်း သားဝတ်စုံတွေ ဝတ်ပြီးပွဲတွေ တက်ကြတယ်။ တိုင်း ရင်းသား တွေ စည်းစည်းလုံးလုံး၊ ချစ်ချစ် ခင်ခင်နဲ့ နေထိုင်ခဲ့တယ်။ ဆက် လက်ပြီးလည်း ချစ်ချစ်ခင်ခင်၊ စည်းစည်းလုံးလုံးနဲ့ ပြည် ထောင်စုမြန်မာနိုင်ငံ မှာ အတူနေထိုင် သွား ကြပါဦးမယ် လို့တိုင်းရင်း သား တစ် ယောက်အနေနဲ့ပြောချင်ပါတယ်”
ပေါ်ပြူလာအဖွဲ့
popularmyanmar

No comments:

 Blogger

Myanmar CNN