မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, February 11, 2014

ဇနီးဖြစ်သူ၏ မေတ္တာကို ရရှိရန် ကြိုးပမ်းခဲ့ ပုံများအား ဂျက်လီဖွင့်ဟ ပြောကြား


တရုတ်နိုင်ငံဖွား ကမ္ဘာကျော်မင်းသား ဂျက်လီသည် မကြာသေးမီက ၄င်း၏ အိမ်ထောင်ရေးနှင့် ပတ်သက်၍ ဖွင့်ဟ ပြောကြားခဲ့ပြီး ဇနီးဖြစ်သူ ၏ မေတ္တာကို ရရှိခဲ့ပုံအား ပရိသတ်များထံ ဝေမျှ ခဲ့သည်ဟု Yesky.com ဝက်ဘ်ဆိုက်မှ ဖော်ပြခဲ့သည်။
ဂျက်လီနှင့် ဇနီးဖြစ်သူ Miss Asia အလှမယ် နီနာလီတို့ နှစ်ဦးသည် ၁၉၈၉ Dragon Fight ရုပ်ရှင် ဇာတ်ကားကို ရိုက်ကူးရင်း စတင် တွေ့ဆုံခဲ့ကြခြင်း ဖြစ်သည်။ ထိုအချိန်တွင် ဂျက်လီသည် ပထမ ဇနီးဖြစ်သူနှင့် လက်ထပ်ထားဆဲ ဖြစ်သော်လည်း ၁၉၉ဝ ပြည့်နှစ်တွင် ထိုဇနီးနှင့် ကွာရှင်းပြတ်စဲ ခဲ့သည်။

Miss Asia အလှမယ် နီနာလီသည် လှပ၍ နွဲ့နှောင်း ပျော့ပျောင်းသော သူမ၏ အလှကြောင့် အောင်မြင် ကျော်ကြားခဲ့သူ ဖြစ်ပြီး ၁၉၈ဝ ပြည့်နှစ်နောက်ပိုင်းတွင် ရုပ်ရှင် ဇာတ်ကား ပေါင်း များစွာ ရိုက်ကူးရသည် အထိ အောင်မြင် ကျော်ကြားလာခဲ့သူ ဖြစ်သည်။


ကမ္ဘာကျော်မင်းသား ဂျက်လီက နီနာလီနှင့် တွေ့ဆုံမိချိန်မှစ၍ မေတ္တာစစ်ကို ရှာဖွေ တွေ့ရှိမိသည်ဟု ခံစားမိကြောင်း၊ နီနာလီသည် အလွန်လှပသော မိန်းကလေးဖြစ်သည့် အတွက် သူမအား ချစ်ရေးဆိုသူ အများအပြားရှိကြောင်း၊ ပြိုင်ဘက်များစွာရှိသည့် အနက်မှ သူမ၏ မေတ္တာကိုရရန် မနည်း ကြိုးစားခဲ့ရခြင်း ဖြစ်ကြောင်း၊ မိမိ တတ်မြောက်သည့် ကိုယ်ခံပညာ ကျွမ်းကျင်မှုသည်လည်း သူမကို ချစ်ရေးဆိုရာတွင် အကူအညီ မပေးနိုင်ကြောင်း၊ ယခု အချိန်မှစ၍ မိမိ ရရှိသော အနုပညာဝင်ငွေ အားလုံးကို သူမထံ အပ်နှံလိုပါသည် ဟူသော ရိုးရှင်းသော စကားဖြင့် ချစ်ရေးဆိုခဲ့ခြင်း ဖြစ်ကြောင်း ဂျက်လီက ဖွင့်ဟဝန်ခံခဲ့သည်။

မြ၀တီ

No comments:

 Blogger

Myanmar CNN