မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, February 12, 2014

ဝါးတန်းဆိပ်ကမ်းတွင် ခရီးသည်တင်သမ္ဗာန်မှ ဇက်သင်္ဘောအားတိုက်မိ

၁၂.၂.၂၀၁၄ ရက်နေ့ ၀၇၃၀ အချိန် ဆိပ်ကြီးခနောင်တိုမြို့နယ်နေ ဦးစိုးဝင်း(ဘ)ဦးအုန်းဖေ မောင်းနှင်သည့် သမ္ဗာန်သည် ခရီးသည်ကျား(၉)ဦး၊ မ(၃)ဦး၊ ပေါင်း(၁၂)ဦးတို့အားတင်ဆောင်ကာ ဆိပ်ကမ်းမြို့နယ်၊ ၀ါးတန်းဆိပ်ကမ်းမှ ဆိပ်ကြီးခနောင်တိုသို့ထွက်ခွာစဉ် ၀ါးတန်း ဇက်ဆိပ်နှင့်(၁၀)ကိုက်ခန့်အကွာသို့အရောက်၌ ဇက်ဆိပ် မှ ဆိပ်ကြီး ခနောင်တိုသို့ မောင်းနှင်ထွက်ခွာသော ရေကျွဲအမည်ရှိ ဇက်သင်္ဘော၏ အတက်အဆင်းတံခါးအား ၀င်ရောက်ပွတ်တိုက်မိခဲ့ပါသည်။

ထိုသို့ တိုက်မိစဉ် သမ္ဗာန်ပေါ်ပါ ခရီးသည်(၁၂)ဦးအနက်(၇)ဦးမှာ ဇက်သင်္ဘောပေါ်သို့ တက်ရောက်သွားနိုင်ခဲ့ပြီး ကျန်(၅)ဦးမှာ ရေထဲသို့ ခုန်ချကာကူးခတ်ကြစဉ် အခြားသမ္ဗာန်များမှ ၀ိုင်းဝန်းဆယ်ယူခဲ့ရပါသည်။


ရေထဲသို့ခုန်ချခဲ့သူများအနက် မခိုင်မွန်လတ်မှာရေမွန်းသွားခဲ့ပြီး၊ မချိုချိုမာတွင် ယာလက်ဖျံဖူးရောင်ဒဏ်ရာတို့ရရှိခဲ့သဖြင့် ၎င်းတို့(၂)ဦးအား ရန်ကုန်ဆေးရုံကြီးသို့ပို့ဆောင်ခဲ့ရာ ပြင်ပလူနာများအဖြစ် ကုသခဲ့ရပါသည်။

ယင်းကဲ့သို့ ရေယာဉ်ကိုမဆင်မခြင်မောင်းနှင်သူ ဦးစိုးဝင်းအား ဆိပ်ကမ်းမြို့မရဲစခန်း(ပ)၄၃/၂၀၁၄၊ပုဒ်မ ၂၈၀/၃၃၇ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Yangon Police

No comments:

 Blogger

Myanmar CNN