ဝတ်မှုံရွှေရည်က ၂ဝ၁၄နှစ်မှာလည်း ပရိသတ်တွေ အတွက် ရိုက်ကူးမှုနဲ့
ပတ်သက်ပြီးတော့ အရင်ကရိုက် ခဲ့တဲ့ ဇာတ်တွေနဲ့မတူအောင်
ကြိုးစားပြီးရိုက်ဖို့ စီစဉ်ထား တယ်လို့ ဆိုပါတယ်။
“အတတ်နိုင်ဆုံးတော့ ကစ် အရင်ရိုက်ခဲ့တဲ့ဇာတ် တွေနဲ့ မတူအောင်
ရွေးချယ်ပြီးရိုက်ဖို့အတွက်တော့ စဉ်း စားထားပါတယ်။
၂ဝ၁၃တုန်းကရိုက်ခဲ့တဲ့မထွက် သေးတဲ့ ဇာတ်ကားတွေထွက်မယ်။ ပြီးတော့ အခု
၂ဝ၁၄မှာ ကစ်ရိုက် ထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီး ၆ကားလောက် ရုံတင်မယ်။
တအားလည်း ကြိုးစားထားပါတယ်။ ပရိသတ်ေ တွက လည်း အားပေးပါဦးလို့
ပြောချင်ပါတယ်။
ကစ် တစ်နှစ် ထက်တစ်နှစ် မတူအောင် တော့ ကြိုး
စားပြီးလုပ်နေပါတယ်။ တစ်နှစ်ထဲမှာ ရုံတင်ဖို့ ၆ကား လုံးကျတယ် ဆိုတော့
ဝမ်းသာ ပါတယ်။ဒါပေမဲ့ ပရိသတ်ရဲ့ အသံကိုလည်း နားထောင် ရမယ်။ အဲဒီ ရုပ်ရှင်
၆ကား လုံးကတော့ ဇာတ်လမ်းပုံစံ တွေက လုံးဝမတူပါဘူး။ ကစ်က အကယ် ဒမီရတာ၊
မရတာထက်ကို ဘယ် ကားပဲဖြစ်ဖြစ် အကောင်း ဆုံး ဖြစ်အောင် ကြိုးစား ထားပါတယ်”
လို့ ဝတ်မှုံ ရွှေရည်က ပြောပါတယ်။
အခုလတ်တလော အချစ်ရေးနဲ့ ပတ်သက် ပြီးတော့ ဘာမှကို သိပ် မျှော်လင့်ထားတာမျိုး
တော့မရှိပေမယ့် Valentine’s Day ကိုတော့ အဓိပ္ပာယ်ရှိတဲ့နေ့လေး တစ်နေ့ 
ဖြစ် ချင်ပါတယ်လို့ ဝတ်မှုံရွှေရည်က ဆိုပါ တယ်။ “ကစ်ရဲ့ အချစ်ရေး ကတော့
ပြောစရာမရှိသေးပါဘူး။ ဖူးစာပါလာရင် တော့ ရမှာပေါ့။ အဲဒီလိုပဲ တွေးထားတယ်။
ဒါပေမဲ့ ကစ်က အချစ်ရေးနဲ့ ပတ် သက်ပြီးတော့ဘာကိုမှ မမျှော် လင့်ထားဘူး။
ဘာကိုမှ တွေးထား တာမျိုးမရှိဘူး။ ကံပါရင်၊ ဖူးစားပါရင် ဖူးစာအတိုင်းပဲ
ပေါင်းရ မယ်လို့ တွေးထား တယ်။
အဓိကကတော့လက်တွဲဖော်ဆိုတာက ကစ်ထင်တာပြောရရင်
နားလည်မှု အများကြီးနဲ့ ညှိနှိုင်းမှုမျိုးတော့ လိုမှာပေါ့။ ကိုယ့်ဘာသာ
ကိုယ်တစ်ယောက် တည်းနေ ရင်တောင် စိတ်တိုင်း မကျမှု တွေရှိတယ်။
နှစ်ယောက်ပေါင်းဖက်မယ် ဆိုရင် ညှိနှိုင်းမှုတွေ အများကြီးရှိမယ်လို့
ထင်တယ်။အခုချိန်မှာတော့ အနုပညာအလုပ်ကိုပဲ ဦးစားပေး လုပ်ဖြစ်နေပါတယ်။
Valentine’s Day နေ့ကျတော့ ချစ်သူရှိတဲ့အချိန်ကတော့ အဓိပ္ပာယ် ရှိတာပေါ့။
ချစ်သူမရှိတဲ့ အချိန်ဆိုရင်တော့ အဓိပ္ပာယ်မရှိဘူးပေါ့။ ကစ်လည်း အဲဒီနေ့မှာ
အဓိပ္ပာယ်ရှိတဲ့နေ့လေးတော့ ဖြစ်ချင်ပါတယ်။
စိတ်တော့မလှုပ်ရှားပါဘူး။ ဒါပေမဲ့
မသိဘူး Valentine’s Day နေ့မှာ ချစ်သူတွေအားလုံးရန် မဖြစ်ပါနဲ့။ ချစ်သူကို
အချိန်ပေးပါ။ ချစ်တဲ့ သူတွေ ပေါင်းဖက်ကြပါစေ။ ချစ်သူရှိတဲ့သူ တို့လည်း
Valentine’s Day နေ့မှာ အဓိပ္ပာယ် ရှိတဲ့နေ့လေးတစ်နေ့ဖြစ်ကြပါစေလို့ ဆု
တောင်းပေးပါ တယ်” လို့ ဆိုပါတယ်။
လွင်လွင်ထွန်း၊ ဓာတ်ပုံ-အိသွဲ့(တန့်ယန်း)
popularmyanmar
No comments:
Post a Comment