မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, February 10, 2014

လင်းလင်း နဲ့ ချစ်သုဝေ တို့ရဲ့ Beach Wedding

 အဆိုတော်လင်းလင်းနဲ့ သရုပ် ဆောင်၊အဆိုတော်ချစ်သုဝေတို့ဟာ ဖေဖော်ဝါရီ ၁ ရက်နေ့က ထူးထူး ခြားခြား ချောင်းသာကမ်းခြေမှာ Beach Wedding ပွဲကို ပျော်ရွှင် စွာ ဆင်နွှဲခဲ့ကြပါတယ်။ ကမ်းခြေမှာ မင်္ဂလာပွဲပြုလုပ်ဖို့ စိတ်ကူးက လင်း လင်းရဲ့စိတ်ကူးဖြစ်ပြီး ချစ်သုဝေက လည်း ငယ်ငယ်ကတည်းက ကမ်းခြေ မှာ မင်္ဂလာပွဲဆင်နွှဲဖို့ စိတ်ကူးရှိခဲ့တာ ကြောင့်လင်းလင်းရဲ့စိတ်ကူးကို ပျော် ရွှင်စွာနဲ့ လက်ခံခဲ့ တာဖြစ်ပါတယ်။ သဲသောင်ပြင်ပေါ်မှာ ပြင်ဆင်ထား တဲ့ မင်္ဂလာပွဲအခမ်းအနားထဲကို ချစ်သုဝေ ကိုမြင်းပေါ်တင်ကာ လင်းလင်း က ခေါ်ဆောင် လာခဲ့တာဖြစ်တာ ကြောင့် Romantic  ဆန်ဆန် ကြည်နူး ပျော်ရွှင်ရတဲ့ မြင်ကွင်းလေးပဲဖြစ် ပါတယ်။ ဒီပွဲလေးမှာ မင်္ဂလာပွဲ ကို ဝိုင်းဝန်းကူညီကြတဲ့သူငယ်ချင်း၊ မိတ် ဆွေ၊ မိသားစုများနှင့် ခင်မင်ရင်း နှီးတဲ့ အနုပညာရှင် များလည်း ပါဝင် ဆင်နွှဲခဲ့ကြပါ တယ်။ချောင်းသာ မှာ ကျင်းပတဲ့ မင်္ဂလာပွဲ ကို တက် ရောက် တဲ့ ပြေတီဦးက “ထရီဇာရဲ့ မင်္ဂလာ ပွဲကို ကျွန်တော်တို့ လိုက်သွား ဖြစ် ပါတယ်။ ထရီဇာကလည်း ညီမလေး တစ်ယောက်လိုဖြစ်နေ တာဆိုတော့ လေ။ ဟိုမှာလည်း တကယ့်ကို ရင်း နှီးကြတဲ့ မိတ်ဆွေအပေါင်းအသင်း တွေချည်းပဲဆိုတော့ ပျော်စရာတအား ကောင်းပါတယ်။
အမှတ်တရ အနေ နဲ့က မတင်မိုးလွင်က MC လုပ်ပေး တယ်။ အဲဒီမှာ မတင်မိုးလွင်တစ် ယောက်တည်း ပျင်းနေမှာစိုးလို့ မတင်မိုးလွင်ဆီက မိုက်ယူပြီးတော့  MC ဝင်လုပ်ပေးလိုက်တယ်။ အား လုံးပျော်ပျော်ရွှင်ရွှင်နဲ့ဖြစ် ပြီး တအား ပျော်ရွှင်ခဲ့ရတယ်” လို့ပြောပါတယ်။ ချောင်းသာ ကမ်းခြေမင်္ဂလာပွဲ မှာ တအား ပျော်ရွှင် ခဲ့ ရကြောင်းကိုလည်း အိန္ဒြာကျော်ဇင်က..
“ထရီဇာနဲ့ တအားလည်းခင်တယ်။ လင်းလင်းနဲ့ရော အကုန်လုံးနဲ့ခင်နေ ကြတော့ Beach Wedding ကို သူတို့ကလည်း လိုက်စေချင်တယ်။အဲ ဒါကြောင့် အူဝဲတို့ကလည်း သူတို့နဲ့ ပျော်ပျော်ကြီး လိုက်ပြီးဆင်နွှဲကြတာ ပါ” လို့အိန္ဒြာကျော်ဇင်ကပြောပါတယ်။ ကမ်းခြေနဲ့လိုက်ဖက်အောင် မင်္ဂလာပွဲကို စီစဉ်ခဲ့ပုံများကို ချစ်သုဝေက    ”ထရီဇာ မင်္ဂလာ ပွဲမှာ လက်ကိုင်ပန်းကိုစဉ်းစား တော့  ဒီချောင်းသာပွဲလေးနဲ့ လိုက် ဖက်အောင်ကျတော့ ခရုလေးတွေ နဲ့လုပ်ချင်တယ်ဆိုပြီး ဦးလင်းကို ပြောလိုက်တော့ ခရုလေးတွေနဲ့
Handmade သူကိုယ်တိုင် ထရီဇာကိုင်ဖို့အတွက် လုပ်ပေးတယ်။ ကိုလင်းရဲ့ရင်ကပ်ပန်းကိုလည်းခရုလေး တွေနဲ့လုပ်ပေးတယ်။ ချောင်းသာ ကမ်းခြေနဲ့ မှတ်မှတ်ရရေ လးဖြစ်  သွားတာပေါ့။ လိုက်လည်း လိုက်ဖက် သွားတယ်။ လက်ကိုင်ပန်းလေးက ခရုလေးတွေနဲ့ဆိုတော့ တအား သဘောကျတယ်။ မြင်းလေးနဲ့ မင်္ဂလာ ပွဲကို ထွက်တာ ကျတော့ မြင်းလေး နဲ့ထွက်ဖို့ကို မမပုံ့တို့ ဒီဇိုင်နာတွေ ရော၊ ဘေး ကသူတွေ အားလုံးက စိုး ရိမ်ကြတယ်။ ဧည့်သည်တွေကလည်း ၁၅ဝ၊ ၂ဝဝ လောက်ရှိတယ်။ရွာထဲက ပရိသတ်တွေကလည်း ထရီဇာ့မင်္ဂလာ ပွဲလေးကို လာကြည့်ကြတယ်။ လူတွေ တအားများတော့ မြင်းလေးရှိန်ပြီး ခုန်ပေါက်သွားမှာကို သူတို့ စိုးရိမ်ကြတယ်။ ပထမ နေ့ မှာ မြင်းလေးလာပြတော့ မြင်း လေးကို စကားတွေပြောပြီး ရင်းနှီး အောင်လုပ်တယ်။ ကိုလင်းကလည်း မြင်းလေးကို ရှေ့က သေချာပွတ်ပြီးဆွဲသွားတယ်။ ထရီဇာကလည်း   မြင်း လေးပေါ်ကလိုက်သွားတယ်။ အဲဒီ မြင်းလေးက တအားလိမ္မာတယ်။ ငြိမ်ငြိမ်သက်သက်လေးပဲဆိုတော့ ထရီဇာတို့ပွဲလေးက အစအဆုံး အနှောင့်အယှက်မရှိဘဲ   ပျော်ပျော် ရွှင်ရွှင်လေးနဲ့ပြီးခဲ့တယ်။ ပင်လယ်ထဲ မှာလည်းဖြစ်တော့ စိတ်လွတ်ကိုယ် လွတ် ပျော်ရွှင်ကြတာပေါ့။ အဲဒီပွဲလေး ရဲ့ပုံရိပ်ကို ထရီဇာ့ပရိသတ်တွေကိုRecord ဖွင့်ပြမှာပါ။ ထရီဇာတို့ အစီအစဉ်နဲ့ ရိုက်တဲ့ကင်မရာလည်း ရှိတယ်။ သူငယ်ချင်း နေမင်းကလည်း ထရီဇာတို့ ခရီးစထွက်တဲ့အချိန်က စပြီးတော့ ထရီဇာတို့ ခရီးဆုံးလို့ ပြန်
တဲ့အချိန်အထိ Record တွေ လိုက်ယူပေးတယ်။ အဲဒါကြောင့် သီချင်းလေးနဲ့ Edit လုပ်မယ်။ မင်္ဂလာပွဲပုံရိပ်တွေနဲ့ နောက်ခံ Background  မြူးဇစ်တွေနဲ့ ပရိသတ်တွေ တဝကြီးကြည့်ရအောင် မီးအိမ်ကဗျာဗီစီဒီထဲမှာ ထည့်ပေး မှာပါ” လို့ ချစ်သုဝေက ပြောပါ တယ်။
ခိုင်ဝေလွင်

popularmyanmar

No comments:

 Blogger

Myanmar CNN