မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, February 12, 2014

Vogue မဂ္ဂဇင်းအတွက် Madonna ဟန်လွှမ်းမိုးတဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းဗလာကျင်းဓာတ်ပုံအရိုက်ခံခဲ့တဲ့ Miley Cyrus

မကြာသေးမီက Miley Cyrus တစ်ယောက်ဟာ W မဂ္ဂဇင်းအတွက် လိင်အသားပေး ဓာတ်ပုံတွေရိုက်ခဲ့ပြီး တစ်ဆင့်တက်လာပါတယ်။

Miley ဟာ အဲဒီ့ W မဂ္ဂဇင်း
issue အတွက် ရိုက်ခဲ့တဲ့ စိတ်အနှောက်အယှက်ဖြစ်စရာ ပုံတွေကိုတင်ခဲ့တာဖြစ်ပါတယ်။ သူမရဲ့သားမြတ်ခေါင်းအစိတ်အပိုင်းအချို့ကိုလှစ်ဟပြသခဲ့တဲ့ရိုက်ချက်တွေဖြစ်ပါတယ်။

အခုအခါမှာတော့သူမဟာ Vogue မဂ္ဂဇင်း German edition မတ်လ အတွဲအတွက်လုံးဝကို အထက်ပိုင်းဗလာကျင်းပြီးဓာတ်ပုံအရိုက်ခံခဲ့တာဖြစ်ပါတယ်။

Miley ဟာဒီရိုက်ကူးမှုအတွက် Madonna ပုံလုံးဝဖမ်းခဲ့တာဖြစ်ပါတယ်။ Material Girl MTV ထဲကစတိုင်လ်အတိုင်း ဆံပင်အတုနဲ့ အနီရောင်တောက်တောက် နှုတ်ခမ်းနီတွေလိမ်းထားတာဖြစ်ပါတယ်။

ပြီးတော့ဓာတ်ပုံနှစ်ပုံအတွက်ပေါ်ပိုင်းဗလာကျင်းခဲ့ပါတယ်။ သူမဟာအရွယ်ရောက်သူတစ်ဦးဖြစ်ပြီး သူများတွေဘယ်လိုထင်ထင်ဂရုမစိုက်ကြောင်းပြောသွားပါတယ်။

Miley ဟာ W မဂ္ဂဇင်းနဲ့ရိုက်ထားတဲ့ဓာတ်ပုံရိုက်ကူးတုန်းက ဓာတ်ပုံဆရာနှစ်ဦးဖြစ်တဲ့ Mert Alas နဲ့ Marcus Piggott တို့နဲ့ အိပ်ရာထဲမှာ လဲလျောင်းပြီး ရိုက်ကူးထားတဲ့ပုံကိုလဲ twitter မှာတင်ခဲ့ပါတယ်။












Ref:starpulse.com
myawadynews

No comments:

 Blogger

Myanmar CNN