အဲဒီနေ့မှာ ကျွန်တော် အလုပ်လုပ်ဖြစ်တာတွေ များနေတော့ အဲဒီရက်တွေမှာ အမှတ်တရ ကျွန်တော့်မှာမရှိခဲ့ဘူး။ Valentine Day မှာပျော်ကြမယ့် ချစ်သူတွေကို ပြောချင် တာကတော့ အဓိက က တော့တစ်ယောက်နဲ့တစ် ယောက် တကယ်ချစ်လို့ ရှိရင် သစ္စာ ရှိဖို့ပဲ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် သစ္စာရှိရှိ နဲ့ချစ်ကြပါလို့ ကျွန်တော် အဲဒါပဲ ပြောချင် ပါတယ်။ အခုလတ်တ လော ဗီဒီယိုကားတွေတောက် လျှောက်ရိုက်ဖြစ် နေတယ်။
ထူးထူး ခြားခြားလုပ် ထားတဲ့ ဗီဒီယို ဇာတ်ကား မျိုးတော့ လောလော ဆယ် ရိုက်ထားတာ မရှိသေးဘူး။ Show တွေလျှောက်ဖြစ်တယ်။ ဓာတ်ပုံတွေ ရိုက်ဖြစ် နေတယ်။ ၂၀၁၄ ခုနှစ်မှာ ဗီဒီယိုတွေပိုပြီးတော့ ရိုက်လာ ရပါတယ်။ ကျွန်တော် ကအခု လတ်တလော စိတ်ညစ် နေတာတွေကို ဖျောက်ပြီးတော့ကိုယ့် အလုပ် ပေါ်မှာပဲ စိတ်နှစ်ပြီးတော့ အကောင်းဆုံးကြိုးစား သွားပါမယ်။ ပရိသတ်တွေလည်း ကျွန်တော့်ကို အားပေးကြ မယ်လို့ ထင်ပါတယ်။ အခု လောလောဆယ် ရိုက်ထားတာ က ဝတ်မှုံရွှေရည်နဲ့ ရိုက်ထားတယ်။
- By 8 Days
- yoyarlay

No comments:
Post a Comment