အိန္ဒိယနိုင်ငံသည် သူ့နိုင်ငံနှင့် နယ်မြေချင်း ထိစပ်နေသော ဘင်္ဂလာဒေခ်ျ့
နယ်စပ်တလျှောက် လုံခြုံရေးကို အထူးတင်းတင်းကျပ်ကျပ် ဆောင်ရွက်နေရာ
အမျိုးသမီးရဲမေများကိုပါ နယ်စပ်တလျှောက်တွင် တိုးချဲ့ချထားမည်ဟု သိရသည်။
၎င်းအမျိုးသမီးရဲမေများကို ကီလိုမီတာ ၈၅၆ အရှည်ရှိသော အိန္ဒိယ-ဘင်္ဂလာ နယ်စပ်တလျှောက်တွင် ယခုလအလယ်ပိုင်းမှ စ၍ ဖြန့်ကျက်ချထားမည်ဟု ဆိုသည်။
အမျိုးသမီးရဲမေ ၂၇ ဦးပါဝင်သော တပ်ဖွဲ့တစ်ခု လွန်ခဲ့သော နှစ်ပတ်ခန့်က
စတင် ရောက်ရှိလာပြီး လေ့ကျင့်သင်ကြားမူများ ပြုလုပ်နေကြောင်း၊
သင်တန်းပြီးပါ နယ်စပ်တလျှောက်ရှိ BSF ( အိန္ဒိယ နယ်ခြားစောင့်) တပ်ဖွဲ့တွင်
တာဝန်ယူသွားမည်ဖြစ်ကြောင်း BSF ဒါရိုက်တာ BS Rawat က ဆိုသည်။
ယခုအမျိုးသမီးရဲမေများကို နယ်စပ်တွင် ချထားရခြင်းမှာ မှောင်ခို အမျိုးသမီးများကို နှိမ်နှင်းလို၍ ဖြစ်သည်ဟု ဆိုသည်။
နယ်စပ်တလျှောက်တွင် မှောင်ခို သယ်ယူပို့ဆောင်ရေး လုပ်ငန်းများကို လုပ်သူ
အများစုမှာ အမျိုးသမီးများဖြစ်ကြောင်း၊ နယ်စပ်တွင် အမျိုးသား
တပ်ဖွဲ့ဝင်များသာ ရှိသဖြင့် အမျိုးသမီးများကို ရှာဖွေရာတွင်
အခက်အခဲရှိကြောင့်၊ သို့အတွက် အမျိုးသမီးရဲမေများကို နယ်စပ်တွင် တိုးချဲ့
ဖြန့်ကျက် ချထားရန် စီစဉ်လာရခြင်း ဖြစ်ကြောင်း သူက ရှင်းလင်း ပြောကြားသည်။
အိန္ဒိယ- ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် မူးယစ်ဆေးဝါးနှင့် လက်နက် မှောင်ခို
လုပ်ငန်းကြီးထွားနေကြောင်း၊ ၎င်းမှောင်ခို လုပ်ငန်းများအပြင်
အမျိုးသမီးများကိုလည်း လူမှောင်ခိုတင်ပို့မူများ နယ်စပ်တွင်
ပြုလုပ်ကြနေသည်ဟု ဆိုသည်။
narinjara
မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်
Subscribe to:
Post Comments (Atom)
Myanmar CNN
- တာမွေအ၀ိုင်း လမ်းငါးခွဆုံ ခုံးကျော်တံတား ဆောက်လုပ်ရာတွင် မြေအောက်ရှိ ပိုက်လိုင်းများနှင့် မလွတ်၍ တစ်နှစ်ခွဲခန့်ကြာမည်ဟု သိရ
- မဖြိုးဖြိုးအောင်၏ ခင်ပွန်း ကျောင်းသားခေါင်းဆောင် ကိုလင်းထက်နိုင် ဖမ်းဆီးခံရကြောင်း သိရ
- ထိုင်းနိုင်ငံ ချင်းမိုင်မြို့ နယ်အတွင်း အသက်မပြည့်သေးသည့် မိန်းခလေးများ နှင့် ငွေကြေးပေး၍ လိင်ဆက်ဆံသူ အရာရှိ-ဘုရားလူကြီးနှင့် လူကြီးပိုင်းများ အားစတင်ဖမ်းဆီး
- ၀န်ထမ်းများ လစာငွေအရစ်ကျစုဆောင်း၍ အိမ်ရာဝယ်ယူနိုင်မည့်အစီအစဉ် စတင်မည်
- လည်ချောင်းထဲမှာ အစာပိုက်ထည့်ထားရလို့ သီချင်းဆိုရတာ အခက်အခဲတွေ ကြုံနေရတယ်လို့ ဖွင့်ဟလာတဲ့ ဆိုတေး
No comments:
Post a Comment