မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, February 10, 2014

Miss တစ်ယောက် အနေနဲ့ရော သရုပ်ဆောင် တစ်ယောက် အနေနဲ့ပါ အားပေး စေချင်တယ် ဆိုတဲ့ နန်းခင်ဇေယျာ

Miss Myanmar International  နန်းခင်ဇေယျာ က အနုပညာ အလုပ်တွေကို စတင်လုပ် နေပြီဖြစ်ပါတယ်။ “အက်တိုးပစ် အပျိုစင်” ဆိုတဲ့ သင်္ကြန် ဇာတ်ကားကို ရိုက်ကူး ထားပြီး ဒုတိယကား အနေနဲ့ “ဧပြီ ညွှန်းစာဖွဲ့”ဆိုတဲ့ သင်္ကြန်ဇာတ် ကားကို ဇေရဲထက် နဲ့ ရိုက်ကူး ထားပါ တယ်။ ဇာတ်ကားတွေကို ဆက် တိုက် ရိုက်ကူး သွားမယ့် နန်းခင်ဇေ ယျာက ဇာတ်ကိုတော့ ကိုယ် လုပ်နိုင်တာကို ပဲ ရွေးချယ် ဖြစ်တယ်လို့ ပြောပြတာကြောင့် “နန်းခင် အနေနဲ့ ဒီအနုပညာ အလုပ်တွေ၊ ဇာတ်ကား ရိုက်တာတွေ ကို အစ အဆုံးသင်ယူ ရဦးမှာပါ။ ကိုယ့် အပြင်က ပုံစံနဲ့ မတူတဲ့ ဇာတ်ရုပ်တွေကို သရုပ်ဆောင် ရတယ်။ ကားရိုက်များလေ အတွေ့အကြုံတွေ များလာတယ်။

တစ်ကားရိုက် ပြီးတာ နဲ့ ကိုယ် ဘယ်နေရာမှာ ဘာတွေ လိုအပ်နေ တယ် ဆိုတာ ပြန်စဉ်းစားကြည့်တယ်။ နောက်ကားတွေ အတွက် ပြန်ပြင် ဆင်တယ်။ ဇာတ်ကိုတော့ ကိုယ် လုပ်နိုင်တဲ့ ဇာတ်လေး ကိုပဲ ရွေးချယ် ဖြစ်တယ်။ အသစ်တစ်ယောက် ဖြစ်တဲ့အတွက် ရိုက်တဲ့အခါ ဒါရိုက်တာတွေ ရဲ့သင်ပြမှုနဲ့ အတူ ရိုက်တဲ့ စီနီယာတွေ မစောင့်ရအောင် ကိုယ် လုပ်နိုင်တာ လေးကို လုပ်ဖြစ်တယ်။ ဇာတ်ကား တွေကို အသစ် တစ်ယောက် အနေနဲ့ ကြိုးစားထားတဲ့ အတွက် ဝေဖန် အကြံ ပေးတာတွေလည်း လိုအပ်တယ်။ ဒါက နန်းခင် ရှေ့ဆက် သွားမယ့်လမ်းမှာ အောင်မြင် စေမယ့် လမ်းပါ။ ပရိသတ်ရဲ့ ဝေဖန်မှုနဲ့ သွားရမှာပဲလေ”လို့ ပြောပြပါတယ်။


အနုပညာလောကမှာ သရုပ်ဆောင် တစ်ယောက် အနေ နဲ့ အခက် အခဲတွေ ရှိသလို၊ Miss တစ်ယောက် အနေ နဲ့လည်း အခက်အခဲတွေ ရှိတယ်လို့ ပြောပြတဲ့ နန်း ခင်ဇေယျာ က “အခက်အခဲ ဆိုတာ သူ့နေရာနဲ့ သူရှိတယ်။ ဒါပေမဲ့ ကိုယ့်ဘက်က မဆုတ်မနစ်ဘဲ နဲ့ ကြိုးစားဖို့က အဓိကပဲ။ ခက်ခဲတာကြီးကို မကြိုးစားတော့ဘူး ဆိုရင် ဘာ မှ ဖြစ်လာတော့မှာ မဟုတ်ဘူး။ နန်းခင်ကို Miss တစ်ယောက် အနေနဲ့ အားပေးသလို၊ သရုပ်ဆောင် တစ်ယောက် အနေနဲ့ လည်း အားပေးစေ ချင်ပါတယ်” လို့ ပြော ပါတယ်။

popularmyanmar

No comments:

 Blogger

Myanmar CNN