မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, February 11, 2014

ဗိုလ်ချုပ်အောင်ဆန်း စိတ်ဓာတ် အကြောင်း ပြောပြသူ ဇာဂနာ

မြန်မာနိုင်ငံကို လွတ်လပ် ရေး ရရှိအောင် ဦးဆောင်ကြိုး ပမ်းခဲ့သည့် အမျိုးသားခေါင်း ဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း အား မြန်မာနိုင်ငံ သူ၊ နိုင်ငံသား တိုင်း မိမိတို့ဘဝ၌ စံပြ ပုဂ္ဂိုလ် အဖြစ် သတ်မှတ်ထားကာ ချစ် မြတ်နိုးလေးစား ဂုဏ်ယူကြပေ သည်။ ထိုအထဲတွင် ကဗျာဆရာ ကြီး နန်းညွန့်ဆွေနှင့် စာရေး ဆရာမကြီး ဒေါ်ကြည်ဦးတို့ အနု ပညာရှင်မိဘနှစ် ပါးမှ မွေးဖွားခဲ့ သည့် လူရွှင်တော်၊ ဒါရိုက်တာ၊ စာရေးဆရာ၊သရုပ်ဆောင် ဇာဂနာ လည်းတစ်ဦးအပါအဝင်ဖြစ်သည်။

ငယ်စဉ်ကလေးဘဝကတည်း က ဗိုလ်ချုပ်အောင်ဆန်း နာမည် သည် မိမိနှင့် မစိမ်းသကဲ့သို့ အိပ် မက်ထဲကသူရဲကောင်းတစ်ဦးဖြစ် ခဲ့ပုံနှင့်ငယ်ဘဝ အမှတ်တရရှိခဲ့ပုံများ အကြောင်းကို ဇာဂနာက “အဖေနဲ့အမေက ကဗျာဆရာ၊ စာရေးဆရာမဆိုတော့ ဗိုလ်ချုပ်က ကျွန်တော်တို့ညီအစ်ကို သုံး ယောက် နဲ့မစိမ်းခဲ့ပါဘူး။ညအိပ်ရာ ဝင်တိုင်း အမေရဲ့ အိပ်ချော့တေး ထဲမှာ ဗိုလ်ချုပ်က သူရဲကောင်း။ ကလေးဘဝကနေ လုပ်ကြံခံရ တဲ့အထိ ကျွန်တော်တို့ နားထောင် လာခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း ဟာ ကျွန်တော် အိပ်မက်ထဲက သူရဲကောင်းဖြစ်တယ်။ ဘဝတစ်ခု လုံး ရှင်သန်မှုမှာ ဗိုလ်ချုပ်အောင် ဆန်းဟာ ကျွန်တော်သူရဲကောင်း လို့ လက်ခံယုံကြည်ထားတယ်။ အမေရဲ့ကဗျာထဲမှာ အမြဲပါလေ့ ရှိတယ်။


ကျွန်တော်ပထမဆုံး ကျပန်းစကားပြောပြိုင်ပွဲမှာ မဲနှိုက်တာ ဗိုလ်ချုပ်အကြောင်းမဲ ပေါက်တယ်။ ဒုတိယတစ်ခုက ရှစ် တန်းကျောင်းသားတုန်းက ဗိုလ်ချုပ် အောင်ဆန်းမွေးနေ့ အထိမ်း အမှတ်မှာ ကျောင်းပေါင်းစုံ စာစီ စာကုံးပြိုင်ပွဲမှာ ပထမဆုရတယ်။ တိုက်ဆိုင်မှုလားမပြောတတ်ဘူး” ဟု ပြန်ပြောင်းပြောပြပါသည်။

သည့်နောက်တွင် ဗိုလ်ချုပ် အောင်ဆန်း၏ ဓာတ်ပုံကို မိမိ နေထိုင် ရာနေရာတိုင်းမှာ အမြတ် တနိုး ချိတ်ဆွဲထားရှိခဲ့ပုံနှင့် ဗိုလ်ချုပ်အောင်ဆန်း အပေါ် အဓိကအားကျမိသည့် အချက် အကြောင်းကို ဇာဂနာက “ဗိုလ်ချုပ် ကိုယ်တိုင်ကြိုက်ပြီး ကျွန်တော်လည်းကြိုက်တဲ့ အရာတစ်ခုရှိ တယ်။ ဗိုလ်ချုပ်အောင်ဆန်းရုပ် ရှင်ဇာတ်ကားမှာလည်း အဲဒီ အခန်း ပါအောင်ထည့် ခဲ့တယ်။ အဲဒါကIngictus အနိုင်မခံ အရှုံး မပေးဆိုတဲ့အဓိပ္ပာယ်ပေါ့။ dictionary ထဲမှာ အဲဒီစကာလုံး မရှိဘူး။ ဗိုလ်ချုပ်အိုးဝေမှာ အယ်ဒီတာလုပ်တုန်းကအဲဒီ စကားလုံးကို ကျွန်တော် မှတ်မိ သလောက် ဆရာဦးညိုမြက ဘာသာပြန်ပြီးဆရာဇော်ဂျီက နည်းနည်းပြင်ပေးတယ်လို့ ကြား ဖူးတယ်။ဗိုလ်ချုပ်အောင်ဆန်းပုံ ကို ငယ် ငယ်ကတည်းက အိမ်မှာ ချိတ်ထားတယ်။

ဘယ်သူမှ ချိတ် ခွင့်မရဘူး။ မချိတ်ရဲတဲ့ကာလမှာ ကျွန်တော်အိမ့်မှာ ချိတ်ခဲ့တယ်။ ကျွန်တော့်မိဘအိမ်မှာ ဗိုလ်ချုပ် ပုံကို အိမ်အဝင်ေ ပါက်ဝကနေ ဝင်လိုက်တာနဲ့ တန်းမြင်တယ်။ ယခုအချိန်ထိ ရှိတုန်းပါပဲ။ ကျွန်တော် အိမ်ထောင်ကျပြီး ကျွန်တော့်အိမ်မှာ ဗိုလ်ချုပ်ပုံကို ဘုရားစင်ဘေးမှာချိတ်ထားတယ်။ကျွန်တော်ရုံးမှာလည်း ချိတ် ထားတယ်။ ချိတ်ဖို့ခွင့်ပြုတယ် ခွင့်မပြုဘူး။ ကျွန်တော်လုံးဝ ဂရုမစိုက်ဘူး။ ကျွန်တော် ကလေး ဘဝကတည်းက လေးစားအား ကျခဲ့တဲ့ကျွန်တော်ရဲ့တစ်ဦး တည်း သော သူရဲကောင်းပါ” ဟု ၄င်း ၏ ဆန္ဒ စကားများကို ထုတ်ဖော်ပြောကြားခဲ့ပါသည်။

ထို့နောက် ဗိုလ်ချုပ်အောင်ဆန်း သည် နိုင်ငံ နှင့်လူမျိုးကို ချစ်မြတ်နိုး သူ ဖြစ် သလိုပင် အနုပညာကိုလည်း ချစ် မြတ်နိုးတန်ဖိုးထားသူဖြစ်ကြောင်း အပြင် ဗိုလ်ချုပ်အောင်ဆန်းစိတ် ဓာတ်နှင့် ဗိုလ်ချုပ် အောင်ဆန်း အကြိုက်ဆုံးရုပ်ရှင်မင်းသား များအကြောင်း ကို ဦးဇာဂနာက “ဗိုလ်ချုပ်က ငယ်ငယ်ကတည်း က ခြံစည်းရိုးမှာ ချိတ်ထားတဲ့ ဗုံတွေကိုတီးပြီး နေလာခဲ့သူပါ။ ဗိုလ်ချုပ်နိုင်ငံခြားကနေ စစ်တိုက် ပြီး ပြန်လာ တဲ့အခါမှာ ရွာစား ကြီး စိန်ဗေဒါဆိုင်းဝိုင်းကို ရောက် လာတယ်။

အဲဒီအချိန်မှာတော်လှန်ရေးတပ်သားလက်မောင်းမှာ ပတ်တဲ့ အလံကို ရွာစားကြီး စိန်ဗေဒါဆိုင်းဝိုင်းမှာ ချိတ်ထား ခဲ့ပြီး ဂုဏ်ပြုခဲ့တယ်။ အဲဒါကို ကြည့်ရင် ဗိုလ်ချုပ်ဝါသနာ အစစ် ကို သိမှာပါ။ ဗိုလ်ချုပ်အကြိုက်ဆုံး ရုပ်ရှင်သရုပ်ဆောင် ချာလီချက် ပလင်ဖြစ်တယ်။ အရင်က ပပဝင်း ရုံက ပလေဒီယံရုံဖြစ်တယ်။ သူ အဲဒီရုံမှာ ချာလီချက်ပလင် ကား ဆိုသူအမြဲ သွားကြည့်တယ်။ အခု တော့ ပလေဒီယံရုံရော၊ ပပဝင်း ရုံရော မရှိတော့ဘူး။ ဗိုလ်ချုပ် က စာတွေ၊ ကဗျာတွေလည်း ရေးတာ ဝါသနာပါတယ်။ သူက တကယ့်အနုပညာသမားပါ” ဟုရှင်းလင်းပြောကြားခဲ့ပါသည်။ 

By Popular News

No comments:

 Blogger

Myanmar CNN