မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, February 11, 2014

စုနန္ဒာအောင်ပြောပြတဲ့ သူမရဲ့အချစ်အကြောင်း

Supermodels အဖွဲ့မှ  စုနန္ဒာအောင်ကို လတ်တလောမှာ အနုပညာလှုပ်ရှားမှုတွေနဲ့အတူ သူမရဲ့အချစ်အကြောင်းကို မေးမြန်းဖြစ်တဲ့အခါ ‘ညီမ အခုလတ်တလောမှာတော့ နယ်ရှိုးတွေ ဆိုဖြစ်နေတယ်။ Supermodels သီချင်းအတွက် MTV ရိုက်နေတယ်။
ညီမရဲ့MTVအခွေမှာ နိုင်ငံခြားကအတိုင်း ကော်ပီတော့ မလုပ်ဘူး။ ဒါပေမဲ့ နိုင်ငံခြားMTVတွေတော့ ကြည့်ဖြစ်ပါတယ်။ MTV အတွက် ဒါရိုက်တာနဲ့ တိုင်ပင်တယ်။ ပြီးတော့ ကိုယ့်ရဲ့အိုင်ဒီယာလည်း ဖြစ်ရမယ်။

ဆင်ဆာတွေ လွတ်လပ်ခွင့်ရပြီ ဆိုပေမဲ့ ပရိသတ်အမြင်မရိုင်းအောင် ချစ်စရာကောင်းတဲ့ ပုံစံလေးတွေနဲ့ ဖက်ရှင်နဲ့ ပတ်သက်တဲ့ အလန်းစားရိုက်ချက်ပုံစံမျိုးတွေပဲ လုပ်သွားမယ်။  MTV အခွေထွက်ဖြစ်ရင်လည်း Promotion လုပ်သွားမယ်။ သရုပ်ဆောင်ပိုင်းနဲ့ ပတ်သက်ပြီး MTV အခွေထွက်ပြီးသွားရင်တော့ ကြော်ငြာတွေရိုက်မယ်လို့ စိတ်ကူးထားပါတယ်။ နောက်ပိုင်းမှာလည်း သရုပ်ဆောင်တာနဲ့ ပတ်သက်ပြီး သေသေချာချာ လေ့လာပြီး ဂရုတစိုက်လုပ်ဖြစ်သွားမှာပါ။’လို့ သူမက ပြောပါတယ်။

အခုနောက်ပိုင်းမှာ Girl Band အဖွဲ့တွေ ပေါ်လာတာနဲ့ ပတ်သက်ပြီး သူမရဲ့အမြင်လေးကို မေးမြန်းကြည့်မိတော့ သူမက ‘ကောင်းပါတယ်။ မြန်မာနိုင်ငံမှာ Girl Band ဆိုတာမရှိဘူး။ အခုလိုမျိုး GirlBandတွေ ပေါ်လာကြတော့ ပရိသတ်တွေအတွက်လည်း ကောင်းတယ်။ နိုင်ငံခြားက Girl Bandတွေအပြင် ကိုယ့်နိုင်ငံရဲ့GirlBandကိုလဲ ကြည့်ခွင့်ရသွားတာပေါ့။ ကိုယ့်မြန်မာနိုင်ငံ အတွက်လည်း ကောင်းတယ်။ အဖွဲ့အချင်းချင်းလည်း အပြိုင်အဆိုင်ရှိသွားတာပေါ့’တဲ့။

သူမရဲ့ အချစ်အကြောင်းနဲ့ပတ်သက်ပြီး မေးမြန်းကြည့်လိုက်တော့ ‘အချစ်က ပျော်ရွှင်မှုတွေကို ခံစားရသလို၊ ဝမ်းနည်းမှုတွေကိုလည်း ခံစားရတယ်။ ကိုယ့်ကို ပျော်ရွှင်မှုတွေ ပေးနိုင်တဲ့သူမျိုးနဲ့ တွေ့ရင်တော့ ပျော်ရွှင်ရမယ်။ ကိုယ့်အတွက် ဝမ်းနည်းစရာတွေပဲ ပေးနိုင်တဲ့သူမျိုးနဲ့တွေ့ရင်တော့ ဝမ်းနည်းရမှာပဲလေ။ အချစ်ကို ၁၀တန်းအောင်ပြီးချိန်မှာ စတွေ့ခဲ့ပါတယ်။တကယ်လည်းချစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံမပါလို့ မဆုံဖြစ်ပဲ ကွဲသွားခဲ့ကြရပါတယ်။ အခုချိန်ထိလည်း သူ့ကိုပဲချစ်နေတုန်းပါ။ သူနဲ့တွေ့ပြီးနောက်ပိုင်းမှာလည်း မချစ်တတ်တော့ပါဘူး။ Valentine!s Day မှာ ချစ်သူစုံတွဲတွေ ပျော်ပျော်ရွှင်ရွင် ဖြတ်သန်းနိုင်ကြပါစေ။ ဒီValentineနေ့က စပြီးတော့ နောက်Valentineနေ့တွေထိ ဆက်ပြီးတော့ ချစ်သွားနိုင်ကြပါစေ’လို့ သူမက ဆုတောင်းပေးသွားပါတယ်။
 စန္ဒီ/Trend Myanmar

No comments:

 Blogger

Myanmar CNN