မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, February 13, 2014

အရွယ်ရောက်သူတိုင်း သိထားရမည့် HIV

ဆရာရှင့် AIDS ဖြစ်နေတဲ့လူက သူစားနေတဲ့ထမင်းကို ကလေးကို ကျွေးလိုက်တယ်ဆရာ။ အဲဒါရောဂါ ကူးနိုင်လား ဆရာ။ သိချင်လို့ပါ။

• ဘယ်လို ကိုယ်ခန္ဓာ-အရည်တွေမှာ HIV ပိုးတွေ ပါနေနိုင်သလဲ။
၁။ သွေး၊
၂။ သုတ်ရည်၊
၃။ ဗဂျိုင်းနား အရည်၊
၎။ နို့ရည်၊
၅။ တခြား သွေးပါနိုင်တဲ့ အရည်တွေ။

• HIV ဘယ်လိုကူးသလဲ
- HIV ဗိုင်းရပ်စ် ပိုးတွေဟာ လူ့ကိုယ်ခန္ဓာ အရည်တွေနဲ့ (တစ်ရှူး) တွေထဲမှာ နေနိုင်တယ်။ ဒါပေမဲ့ သွေး၊ သုတ်ရည်၊ ဗဂျိုင်းနာ-အရည် နဲ့ နို့ရည်တွေ ကနေသာ အများဆုံး ကူးနေတာ သိရတယ်။ ဒီအရည်တမျိုးမျိုးဟာ တခြားလူရဲ့ အပေါ်ဖုံး-အပါးလွှာ၊ ထိခိုက် ပျက်စီးနေတဲ့ အရေပြား (တစ်ရှူး) နဲ့ သွေးထဲကို ဆေးထိုအပ်လိုမျိုးနဲ့ တိုက်ရိုက် ထိုးသွင်းတာခံရမှ ကူးစက်တယ်။


- သုတေသန ကျကျနန လုပ်နေတဲ့ အမေရိကားမှာဆိုရင် စအိုလမ်းနည်း-လိင်ဆက်ဆံမှု နဲ့ (ဗဂျိုင်းနား) ကနေ လိင်ဆက်ဆံမှုတွေကနေ ကူးစက်တာ အများဆုံးလို့ သိရတယ်။ နောက်များတာ တခုက ဆေးထိုးအပ်ကနေ ကူးတာ ဖြစ်တယ်။ Oral sex ပါးစပ်ကို လိင်ဆက်ဆံရာ သုံးတာနဲ့ မိခင်ကနေ ကလေးကို မွေးနေတုံးဖြစ်ဖြစ် နို့တိုက်လို့ ဖြစ်ဖြစ်၊ ထမင်း ဝါးခွံတာကနေဖြစ်ဖြစ် ကူးစက်တာ နည်းတယ်။ ကျန်နည်းတွေကတော့ မသန့်တဲ့ သွေးနဲ့ သွေးနဲ့ဆိုင်တာတွေ သွင်းတာ၊ အင်္ဂါ-အစားထိုးတာတွေ ကနေကူးတယ်။ ဆေးရုံနဲ့ ကျန်းမာရေး ဌာနမှ အလုပ်လုပ်သူတွေကိုလဲ အပ်-ဒါး စတာတွေ ကနေတဆင့် ကူးစက်နိုင်တယ်။

• တခြား ဖြစ်နိုင်ခြေရှိတဲ့ အရည်တွေ
- ဦးနှောက်နဲ့ ခါးရိုးထဲက အာရုံကြောကြီးရဲ့အရည်၊
- အဆစ်ထဲကအရည်၊
- ရေမြွှာရည်၊
- မျက်ရည်၊
- တံတွေး၊

• ကိုယ်ခန္ဓာ အပြင်ဘက်မှာ HIV ဘယ်လောက်ကြာကြာ အသက်ရှင်နေနိုင်သလဲ၊ သိပ္ပံပညာရှင် အားလုံးလောက် နီးနီး လက်ခံကြတာက ပိုးဟာ ကိုယ်ခန္ဓာအပြင်ဘက်မှာ ကြာကြာ မရှင်နိုင်ဘူး။

• စအိုလမ်းသုံး လိင်ဆက်ဆံတာကနေ ကူးနိုင်သလား၊ Condom (ကွန်ဒွမ်) မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။

• (ဗဂျိုင်းနား) ကို လိင်ဆက်ဆံရင် ကူးသလား၊ (ကွန်ဒွမ်) မသုံးရင် သေခြာပေါက် ကူးနိုင်တယ်။ မ-လိင်လမ်းကြောင်း (ဗဂျိုင်းနား၊ သားအိမ်ဝ) နဲ့ ကျား-ဆီးသွားပေါက်တွေမှာ မျက်စိနဲ့ မမြင်နိုင်အောင် သေးငယ်တဲ့ အရှ-အနာလေးတွေကနေ ပိုးဝင်နိုင်တယ်။ အနာ-အဆာ ရှိရင်လဲ ဝင်မယ်။ တယောက်ယောက်မှာ လိင်ကတဆင့် ကူးစက်ရောဂါ ရှိနေရင် ပိုဖြစ်နိုင်တယ်။

• ပါးစပ်သုံး လိင်ဆက်တာကနေ ကူးသလား၊ လက်ခံသူဖြစ်ဖြစ် ပြုလုပ်ပေးသူဖြစ်ဖြစ် ကူးမယ်။ ထုံးစံလမ်းသုံး လိင်ဆက်ဆံနည်း လောက်တော့ အဖြစ်မများဘူး။ ပါးစပ်နဲ့ လည်ချောင်းတဝှိုက်မှာ အနာအဆာ ရှိရင် ပိုဖြစ်နိုင်ခြေ များမယ်။ သုတ်ရည်ကို ပါးစပ်ထဲ ထုတ်မိရင် ပိုဖြစ်နိုင်ခြေ များမယ်။ (STD) ရှိနေရင် ပိုဖြစ်နိုင်ခြေ များမယ်။

• လိင်ကရိယာတွေသုံးရင် ကူးနိုင်သလား၊ ကူးစက်နိုင်လို့ (ကွန်ဒွမ်-အသစ်) သုံးပါ။

• ဆေးထိုးလို့ ကူးသလား၊ ကူးနိုင်တယ်။ ထိုးဆေး၊ ဆေးဝါး-ကရိယာ၊ သွေးပါနေမဲ့ ဆေးထိုးပိုက်၊ မိုးရေ ပြန်သုံးတာ၊ ပုလင်း၊ အဖုံး၊ ဇွန်း၊ အစစ်၊ ဆေးရည်၊ ပတ္တီး၊ ဝါဂွမ်း၊ စတာတွေကို မျှသုံးတာ၊ လမ်းဘေးရောင်း ဆေးထိုးပိုက်-အပ်တွေက ပြန်ထုပ်တာတွေ ဖြစ်နိုင်တယ်။ စိတ်မချရဘူး။

• HIV နဲ့ တခြား လိင်ကတဆင့် ကူးစက်ရောဂါတွေနဲ့ ဆက်စပ်မှု ရှိသလား၊ ရှိတယ်။ အဲလိုရောဂါ တခုခုရှိနေသူမှာ HIV ပိုပြီး ကူးစက်နိုင်တယ်။ ဥပမာ ဆစ်ဖလစ်၊ လိင်လမ်း-ရေယုံ၊ ရှန်ကာ၊ ကလာမိုင်ဒီးယား၊ ဂနိုးရီးယား၊

• ဆေးရုံ-ဆေးခန်း အလုပ်လုပ်သူတွေကို ကူးစက်သလား၊ ကူးစက်နိုင်တယ်။ ကြိုတင် ကာကွယ်ရေး နဲ့ အကာအကွယ်တွေ သုံးရမယ်။ အဓိက သတိထားဘို့က အပ်၊ ဒါးလို ပြတ်ရှတာနဲ့ မတော်တဆ ထိခိုက်မိရင် ပိုဖြစ်နိုင်တယ်။ ၁% လောက်နီးနီး ရှိတယ်။

• မိန်မချင်း လိင်ဆက်ဆံတာကနေ ကူးသလား၊ ရှားပါတယ်။ (ဗဂျိုင်းနား) အရည်နဲ့ ရာသီသွေးထဲမှာ ပိုးပါနိုင်တယ်။

• တက်တူး ထိုးတာ၊ ကွင်းတွေ ဖေါက်ဝတ်ဆင်တာကနေ ကူးသလား၊ ကူးနိုင်တယ်။ အသုံးအဆောင်တွေကို ပိုးသန့်တာ နည်းရင် ဖြစ်နိုင်တယ်။ တခါသုံး မဟုတ်ရင် ကူးနိုင်တယ်။

• နမ်းတာကနေကူးသလား၊ ဘယ်လိုနမ်းသလဲအပေါ်မှာ မူတည်တယ်။ နှုပ်ခမ်းစုပ်နမ်းနည်းနဲ့ကူးတာ အတော်တော့ ရှားတယ်။ နုတ်ခမ်းမှာ အနာရှိမှဖြစ်တယ်။ ပါးစပ်ပိတ်နမ်းတာ၊ ပါးကို နမ်းလို့ ကူးတာ မတွေ့ရသေးပါ။

• လူချင်းကိုက်လို့ ကူးသလား၊ ရှားတယ်။ ၁၉၉၇ တုံးကရှိဘူးတာကို ထုတ်ပြန်ဘူးတယ်။

• မကူးစက်နိုင်တဲ့ ဆက်ဆံမှုတွေ
ကုပ်မိလို့ မကူးပါ။ တံတွေးစင်လို့ မကူးပါ။ လက်ဆွဲ နုပ်တက်တာ၊ ရင်ချင်းအပ်တာ၊ ရေအိမ်အတူသုံးတာ၊ ဖန်ခွက်၊ နှာချေ၊ ချောင်းဆိုး တာကနေ မကူးပါ။ အလုပ်ဌာနတူတာ၊ ကျောင်းအတူနေတာ၊ သာရေး-နာရေး အတူသွားတာ၊ တခါးဖွင့်ဘု ကိုင်မိတာ၊ ပန်းကန်ခွက်ယောက်၊ အိမ်မွေး-တိရစ္ဆာန်၊ အားကစား။ ခြင်ကောင်ကနေ မကူးပါ။

ဒေါက်တာတင့်ဆွေ (၁၁-၂-၂ဝ၁၄)

No comments:

 Blogger

Myanmar CNN