မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Friday, February 14, 2014

The Chat Room ဇာတ်ကားထွေလာကြည့်ရုံနဲ့ ပရိသတ်တွေ သဘောကျကြတာကို ကျေနပ်တယ်လို့ ဆိုတဲ့ မာရီနာ

မာရီနာရဲ့ ညှို့ချက်ပြင်းပြင်း ဆွဲဆောင်နိုင်တဲ့ အကြည့်တွေ၊ အိုက်တင် ခပ်မိုက်မိုက်ရှိလှတဲ့ သူမရဲ့ အလန်စား၊ အမိုက်စားပိုစ့်တွေကလည်း ပရိသတ်တွေအပေါ်မှာ စွဲလမ်းနှစ်ခြိုက်မှုတွေ ဖြစ်စေပါတယ်။ ဒါကြောင့် သူမရဲ့ အနုပညာလှုပ်ရှားမှုတွေနဲ့ ပတ်သက်ပြီး ဘာတွေချပြသွားဖို့ ရှိတယ်ဆိုတာကို မေးမြန်းဖြစ်ခဲ့တာကတော့ ‘မာရီနာ အခုလတ်တလောမှာတော့ မဂ္ဂဇင်းကာဗာတွေ ရိုက်ဖြစ်နေပါတယ်။ ပြီးတော့ သီချင်းVCDတွေ ရိုက်ဖြစ်နေတယ်။  ပြီးရင် ရေးမြို့မှာ သီချင်း သွားဆိုဖို့ရှိပါတယ်။ ကိုစစ်သွေးနဲ့ မာရီနာ နှစ်ယောက်တွဲပြီးတော့ သင်္ကြန်သီချင်းတစ်ပုဒ် ဆိုထားတာရှိပါတယ်။ သုံးလပိုင်းလောက်မှာ မာရီနာတစ်ယောက်တည်း ဆိုထားတဲ့ သီချင်းတစ်ပုဒ်ကို  MTVရိုက်ကူးသွားဖို့ ရှိပါတယ်။ အဲဒီMTV ကိုလည်း ခပ်မိုက်မိုက်နဲ့ အကောင်းဆုံးဖြစ်ဖို့ စဉ်းစားနေပါတယ်။

ဧဒင်ရဲ့နတ်သမီးရုပ်ရှင်ကားကြီးမှာလည်း မာရီနာ သရုပ်ဆောင်ထားပါတယ်။ မကြာခင်မှာ ရုံတင်ပြသတော့မှာပါ။ ကာလာစုံlessons ဇာတ်ကားမှာလည်းမာရီနာ သရုပ်ဆောင်ထားပါတယ်။ ကာလာစုံlessons ဇာတ်ကားကတော့ ရုပ်ရှင်ကားဖြစ်မလား၊ မဖြစ်လားတော့ မသိသေးဘူးပေါ့နော်။’လို့ သူမက ပြောပါတယ်။


The Chat Room ဇာတ်ကားထဲက သူမရဲ့ ခပ်ဟော့ဟော့ သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေ ပိုသတိထားမိသွားတဲ့ မာရီနာကို အဲ့ဒီဇာတ်ကားအကြောင်း မေးကြည့်တဲ့အခါမှာတော့ ‘အဲ့ဒီကားထဲမှာ Chatting ထိုင်တတ်တဲ့ ကောင်မလေးတစ်ယောက်၊ အရမ်းပွေရှုပ်တဲ့ ကောင်မလေး တစ်ယောက်ပေါ့ နော်။ နောက်ဆုံးမှာ အသတ်ခံလိုက်ရတယ်ပေါ့။ ပညာပေးဇာတ်ကားလေးပါပဲ။ The Chat Room ဇာတ်ကားရိုက်ဖြစ်တာက ပရိသတ်ကို message ပေးနိုင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တာကြောင့်ရယ်။ ခရစ္စတီးနားဂျီက ကမ်းလှမ်းတာကြောင့်ရယ်၊ ပြီးတော့5-Network ကနေလည်း ဒီဇာတ်ကားနဲ့ ညီမ လိုက်ဖက်တယ်ဆိုလို့ လက်ခံရိုက်ဖြစ်သွားတာပါ။ 

ဒီဇာတ်ကားအတွက် ပြင်ဆင်မှုအပိုင်းတွေကတော့ ဒါရိုက်တာကလည်း အမေရိကားကနေ ပညာသင်ပြီး ပြန်လာတဲ့သူဆိုတော့ မြန်မာဆန်တာ မကြိုက်ဘူး။ မြန်မာဆန်မဲ့ အရောင်ကာလာ၊ အဝတ်အစားကအစ အရောင်တောက်တာတွေကို မလိုချင်ဘူး။ မကြိုက်ဘူးဆိုလို့ အဝတ်အစား ဝတ်တာကအစ ဘိုဆန်ဆန်ဖြစ်တာတွေကိုပဲ ဝတ်ဆင်ထားတယ်။ ဒါရိုက်တာကိုယ်တိုင်ကလည်း အဝတ်အစားပိုင်းကအစ သူကိုယ်တိုင် စီစဉ်ပေးပါတယ်။ ညီမကိုလည်း Dialogue တွေကို ကြိုဖတ်လို့ရအောင် တစ်လ၊ နှစ်လကြိုပြီး ပေးထားပါတယ်။ ညီမကိုယ်တိုင်လည်း အဲဒီဇာတ်ကားမှာ သေချာအားစိုက်ပြီးတော့ သရုပ်ဆောင်ထား ပါတယ်။ အွန်လိုင်းပေါ်မှာလည်း အခုလိုမျိုးThe Chat Room ဇာတ်ကားလေးရဲ့ ထွေလာကိုကြည့်ရုံနဲ့ ပရိသတ်တွေ အလွန်ပဲကြိုက်နှစ်သက်ကြတယ်ဆိုတာ သိရတော့ ဒါရိုက်တာလည်း တော်လို့ပါ။ ညီမရဲ့ ကြိုးစားအားထုတ်မှုကြောင့်လည်း ပါပါတယ်။ ဒီဇာတ်ကားတစ်ကားလုံးရဲ့ တာဝန်ရှိသူတွေလည်း အကုန်လုံးတော်ကြပါတယ်။ ဒါကြောင့် အခုလိုမျိုး ရလဒ်တွေရခဲ့တာပါ။  ညီမကိုယ်တိုင်ကလည်း ပရိသတ်အတွက် ဘယ်လိုmessage တွေပေးနိုင်မလဲ။ ပရိသတ်အတွက် အကောင်းဆုံး ဘာတွေချန်ခဲ့နိုင်သလဲ၊ ကိုယ့်အတွက် လုပ်ကွက်ရမဲ့ဇာတ်ကားမျိုးတွေပဲ လက်ခံပြီးရိုက်ပါတယ်။ 

ပရိသတ်တွေအတွက် မာရီနာသီချင်းပိုင်းမှာလည်း ဆန်းပြားတဲ့ အိုင်ဒီယာတွေနဲ့ ရိုက်ကူးသွားမယ်။ အကောင်းဆုံးကြိုးစားသွားမယ်။ သရုပ်ဆောင်တဲ့အပိုင်းမှာလည်း အကောင်းဆုံး သေချာကြိုးစားသွားဖို့ စဉ်းစားထားပါတယ်။ ဇာတ်ကားရိုက်ကူးရာမှာလည်း တစ်ကားပြီး တစ်ကားမရိုက်ကူးပဲ တစ်ကားဆိုတစ်ကားမှာ အကောင်းဆုံးသေချာပြင်ဆင်ပြီးမှသာ ပရိသတ်တွေကို ချပြပေးချင်တာပါလို့ ဆိုပြီးဖွင့်ဟသွားခဲ့ပါတယ်။ 

စန္ဒီ/Trend Myanmar

No comments:

 Blogger

Myanmar CNN