မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, February 11, 2014

၂၇နှစ်တာခွဲခွာရတဲ့ ချစ်သူအတွက် တစ်ကိုယ်တော်အခွေ စီစဉ်နေပြီဖြစ်တဲ့ အကယ်ဒမီ ဒါရိုက်တာအောင်ကိုလတ်

ကယန်းအလှရုပ်ရှင်ဇာတ်ကားကြီးနဲ့ အကယ်ဒမီရွှေစင်ရုပ်တုကို ပိုင်ဆိုင်ထားနိုင်ပြီဖြစ်တဲ့ အကယ်ဒမီ ဒါရိုက်တာဦးအောင်ကိုလတ်ကို ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးခြင်း မရှိတာနဲ့ ပတ်သက်ပြီးတော့ရော၊ ဂီတနဲ့ပတ်သက်ပြီးတော့ပါ ပရိသတ်တွေအတွက် ဘာတွေချပြပေးဖို့ရှိမလဲ ဆိုတာကို မေးမြန်းကြည့်လိုက်တဲ့အခါ ‘ကျွန်တော် ဗီဒီယိုဇာတ်ကားတွေ မရိုက်ဖြစ်ရတဲ့အကြောင်းက ကျွန်တော့် တစ်ယောက်တည်းရဲ့ အတွေးအခေါ်ပေါ့နော်။ ဗီဒီယိုမှာ သုံးရတဲ့ energyနဲ့ ရုပ်ရှင်မှာသုံးရတဲ့ energy ချင်းအတူတူပဲလေ။ ဒါပေမဲ့ထွက်လာတဲ့ result က ဗီဒီယိုဇာတ်ကားက အိမ်တွေကိုရောက်ပြီး အိမ်တွေမှာကြည့်ကြတာပဲ ရှိတယ်လေ။ ပြီးရင်လည်း နောက်ထပ် တစ်ကားပြီး တစ်ကားက ချက်ချင်းပေါ်တော့ ဒီတစ်ကားပေါ်လာပြီးရင် မေ့သွားရော။ ပရိသတ်ကလည်း သစ္စာရှိတယ်လေ။


ဒီတစ်ကားကြည့်ပြီးရင်ဒိုး။ နောက်တစ်ကားပဲဆိုတော့ ဒီဘက်ကလည်း နောက်တစ်ကားပြီး တစ်ကားနဲ့ တစ်နှစ်မှာ တစ်ထောင်ဆိုတော့ နည်းတာမှမဟုတ်ပဲ။ အဲဒီလိုမျိုး ကျွန်တော်တို့ရဲ့ energy တွေကို ဗီဒီယိုလောကရဲ့ ဖြုန်းဆိုခဏကြည့်ပြီး ခဏမေ့လိုက်နဲ့ အထည့်မခံချင်ပါဘူး။ ရုပ်ရှင်က ဘာပဲပြောပြော စရိတ်လည်းကြီးတယ်။ အချိန်လည်းပေးရတယ်။ ပြီးတော့ နိုင်ငံတကာ အတိုင်းအတာလည်းဖြစ်တဲ့ အတွက် ဒီenergyတွေကို ရုပ်ရှင်ကားတွေ အတွက်ပဲ အားတွေထည့်ချင်တယ်။ ဒါကြောင့်မို့လို့ ဗီဒီယိုလောကမှာ လှုပ်ရှားနေတဲ့ artist ညီအစ်ကို မောင်နှမတွေ၊ ထုတ်လုပ်သူတွေ အားလုံးကို ရုပ်ရှင်တည်းမှာပဲ ထည့်စေချင်တယ်။’လို့ သူက ပြောပါတယ်။
ဂီတနဲ့ပတ်သက်ပြီး မေးကြည့်တဲ့အခါ သူက ‘ကျွန်တော် ၂၇နှစ်တာ ခွဲခွာရတဲ့ ချစ်သူအတွက်ဆိုပြီးတဲ့ အခွေလေးတစ်ခွေ လုပ်နေပါတယ်။  ပြောချင်တာကတော့

၂၇နှစ်တာခွဲခွာရတဲ့ တေးပရိသတ်တွေကို မြူးဇစ် လက်ဆောင်ပြန်ပေးချင်ပါတယ်။ ကျွန်တော် အသံသွင်းနေပါပြီ။ မပြီးသေးဘူး။ မပြီးသေးလို့ စတူဒီယိုက ကျွန်တော့်ကို ပြန်စောင့်နေရပါတယ်။ ကျွန်တော့်ကို အားပေးကြတဲ့ ပရိသတ်ကြီး အားလုံးကိုကျေးဇူးပါ။ ကျွန်တော်စပြီး မြန်မာပြည် ပြန်ရောက်ကတည်းကရော မြန်မာပြည်က ပြန်ထွက်မသွားခင် တေးဂီတနဲ့ရော အားပေးခဲ့ကြတဲ့ပရိသတ်တွေကို ကျေးဇူးတင်ပါတယ်။ နောက်တစ်ခုက ကျွန်တော်တို့ရဲ့ ကြော်ငြာတွေရဲ့လက်ရာတွေကို အားပေးတဲ့ပရိသတ်၊ ကျွန်တော်တို့ တွေးခေါ်သမျှကို လက်ခံပြီး အပြည့်အဝခံစားအားပေးကြတဲ့ ပရိသတ်ကြီးကို ကျေးဇူးတင်မိပါတယ်’တဲ့။

May Thaw/ Trend Myanmar

No comments:

 Blogger

Myanmar CNN