အဆိုပါ
တပ်ဖွဲ့မှ စုံစမ်းရေး ဦးစီးအရာရှိဖြစ်သူ ဦးခင်ဇော်နှင့်အဖွဲ့သည်
(၈)ရပ်ကွက်၊ ၃၉ လမ်း၊ အမှတ် (၂၀၆)တွင် နေသူတစ်ဦးနှင့် အဖွဲ့ကို
သင်္ဘောသားနှင့် သက်ဆိုင်သော စာအုပ်၊ စာရွက်စာတမ်းများ အတုပြုလုပ်ပြီး
တရားမဝင်သင်္ဘော လိုင်းများဖြင့် ချိတ်ဆက်၍ သင်္ဘောသားများထံမှ ငွေကြေးရယူ
ပို့ဆောင်ပေးလျက်ရှိကြောင်း သတင်းရရှိခဲ့ခြင်း ဖြစ်သည်။
ထို့ကြောင့်
၎င်းတို့ ရုံးခန်းရှိရာ ကျောက်တံတားမြို့နယ်၊ (၆)ရပ်ကွက်၊ (၃၈)လမ်း၊ အမှတ်
(၉၀)သို့ ဦးစီး အရာရှိ ဦးခင်ဇော်နှင့် အဖွဲ့က ဝင်ရောက်ရှာဖွေ
ခဲ့ခြင်းဖြစ်သည်ဟု ရန်ကုန်တိုင်းရဲတပ်ဖွဲ့က သတင်း ထုတ်ပြန် ထားသည်။
အဆိုပါ
ရှာဖွေမှုကြောင့် စာအုပ်စာတမ်းများ အတုပြုလုပ်သော ကွန်ပျူတာ၊ ပရင့်တာနှင့်
သင်္ဘော တက်ရောက် ခွင့် မှတ်တမ်းစာအုပ်(CDC)၊ သင်္ဘောသားအရာရှိ
ကျွမ်းကျင်လက်မှတ်စာအုပ်(COC)၊ ဆက် သွယ်ရေး ဆိုင်ရာ ကျွမ်းကျင်မှုစာအုပ်
(GOC) နှင့် သင်္ဘောသား ကျွမ်းကျင်မှုဆိုင်ရာ ထောက်ခံချက်ပုံစံ အလွတ် များ
အတုပြုလုပ်နေကြောင်း တွေ့ရှိခဲ့သည်။
ထို့ပြင်
အတုပြုလုပ်ရာတွင် အသုံးပြုသည့် စာအုပ်မျက်နှာဖုံးများအတွင်း
စာရွက်စာသားများ ပုံစံစာရွက်များနှင့် အတူ ပူးတွဲအသုံးပြုသည့် လဝက ဗီဇာ
တံဆိပ်တုံး အတု၊ ရေကြောင်း ပို့ဆော င်ရေး ညွှန်ကြား မှု ဦးစီးဌာန၏
တံဆိပ်တုံးအတုများကို ရှာဖွေတွေ့ရှိခဲ့သည်ဟုလည်း ဆိုထားသည်။
ယင်းအပြင်
ပနားမားတူးမြောင်းနှင့် ပြည်ပသင်္ဘော ကုမ္ပဏီအသီးသီးတို့တွင် အသုံးပြုသည့်
တံဆိပ်တုံး အတုများ၊ ဆေးစာတံဆိပ်တုံးအတုနှင့် နိုင်ငံတော် တံဆိပ်ပါရှိသည့်
အသားတံဆိပ်တုံး အတုများနှင့်အတူ အတုပြုလုပ်သည့် စာရေးကိရိယာ
ပစ္စည်းများကိုပါ ဖမ်းဆီးရမိလိုက်သည်။
ထို့ကြောင့်
ယင်းကဲ့သို့ လိမ်လည်အတုပြုလုပ်နေသူကို အရေးယူပေးရန် ဦးခင်ဇော်က
တရားလိုပြုလုပ် တိုင်တန်းလိုက်ခြင်း ဖြစ်သည်ဟု တိုင်းရဲတပ်ဖွဲ့က ဆိုထားသည်။
ယင်းတိုင်တန်းမှုကို
ကျောက်တံတားရဲစခန်းက (ပ)၅၃/၂၀၁၄ဖြင့် အမှုဖွင့်လိုက်ပြီး ပြစ်မှုပုဒ်မ
၄၂၀/၄၆၈/၄၇၁/၁၀၉ တို့ဖြင့် အရေးယူရန် အမှုစစ် တရားလိုကိုယ်တိုင်
ဆက်လက်စစ်ဆေးစုံစမ်းနေသည်ဟု တိုင်းရဲ တပ်ဖွဲ့က သတင်းထုတ်ပြန်ထားသည်။
ဇော်ဇော်ထွေး
Mizzima - News in Burmese
No comments:
Post a Comment