မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, January 27, 2014

ကိုယ့်အပေါ် အရမ်းချစ်တဲ့သူကိုပဲ လိုချင်တယ်လို့ ဆိုလိုက်တဲ့ ဆန်းတိုးနိုင်

လက်ရှိမှာ ချစ်သူအသစ်နဲ့လို့ သတင်းတွေထွက်နေတဲ့ မော်ဒယ်သရုပ်ဆောင် မင်းသားချောလေးဆန်းတိုးနိုင်ကို ပွဲတစ်ခုမှာတွေ့ဆုံတုန်းလေး သူ့ရဲ့အချစ်ရေးလေးကို မေးမြန်းဖြစ်ခဲ့တဲ့အခါ သူက ‘အခုလာမဲ့ချစ်သူများနေ့က မ၀ိုင်းစုမင်္ဂလာဆောင်မှာ အရံလုပ်ပေးရမယ်။ ကြားချိန်ကတော့ အိမ်မှာရှိဖို့များတယ်။ အချစ်ဆိုတာက တစ်ယောက်နဲ့ တစ်ယောက်နားလည်မှု အပြည့်အ၀ရှိဖို့က အရေးကြီးဆုံးလို့ မြင်ပါတယ။် အခုလက်ရှိ ကျွန်တော်လိုချင်လို့ ရွေးချယ်ထားတဲ့ မိန်းကလေးပုံစံက အဓိကက ကျွန်တော်နဲ့နားလည်မှုအပြည့်အ၀ရှိရမယ်။ ကျွန်တော့်အပေါ် ကောင်းရမယ်။ ကျွန်တော့်အပေါ် အရမ်းချစ်တတ်ရမယ်။ ကျန်တာက အရမ်းကြီးလှနေမှဆိုတာ အလကားပါ။ အဓိကက ကိုယ့်အပေါ် နားလည်ပေးပြီး အရမ်းချစ်တတ်တဲ့သူမျိုး၊ ပြီးရင် ကိုယ့်ရဲ့အရင်အတိတ်က အကြောင်းတွေကိုလဲ လက်ခံပေးတဲ့သူမျိုးကိုပဲ ကျွန်တော် သဘောကျပါတယ်။ အိမ်ကတော့ ဘာမှမပြောပါဘူး။
အိမ်ကတော့ တားမြစ်မြစ် မမြစ်မြစ် ကျွန်တော့်သဘောအတိုင်း လုပ်မှာပါပဲ။ ဗယ်လင်တိုင်းနဲ့ ပတ်သက်ပြီး အရင်နှစ်တွေတုန်းကတော့ ဘာမှထွေထွေထူးထူးမရခဲ့ဖူးသလို မပေးခဲ့ဖူးပါဘူး။ ဒီနှစ်ကလဲ အလုပ်ရှိတော့ ဘာပေးရမလဲ ဆိုတာကိုတော့ မသိသေးပါဘူး။  သူ့ဆီကတော့ ဘာပဲရရလက်ခံပါတယ်’တဲ့။
ထွက်ထားတဲ့ ဇာတ်ကားလေးနဲ့ပတ်သတ်ပြီးတော့ပရိသတ်ဆီက ဘယ်လို feedback မျိုးတွေ ပြန်ကြားရသလဲဆိုတောကိုတော့ ‘ပြန်ကြားရတာတော့အမျိုးမျိုးပါပဲ။ ပရိသတ်ဝေဖန်မှလဲ ဘာလုပ်ရမလဲဆိုတာ သိမှာဆိုတော့ ဝေဖန်တာကို လက်ခံပါတယ်။ ချစ်သူများနေ့မှာ ချစ်သူများအားလုံး ပျော်ရွှင်နိုင်ကြပါစေ။’ လို့ သူက ပြောပြခဲ့ပါတယ်။

 Trend Myanmar

No comments:

 Blogger

Myanmar CNN