မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, January 30, 2014

သန်းခေါင်စာရင်း ပညာပေးဇာတ်လမ်းနဲ့ ယုသန္တာတင်

popularmyanmar/ထူးထူး


”အမှန်တိုင်းပြောရရင် သန်းခေါင်စာရင်း ကောက်ယူမယ်ဆိုတဲ့ကိစ္စကို ဘာမှမသိခဲ့ဘူး နားလည်းမလည်ဘူး” ဟု ယုသန္တာတင်က ပြော သည်။”သန်းခေါင် စာရင်းပ ညာပေးဇာတ်လမ်းမှာ ပါဝင်ဖို့အတွက် ဦးဇာဂနာတို့လည်းပါတယ်ဆိုတော့ ယုပါဝင်ဖြစ်သလိုကိုယ်တိုင်လည်း သန်းခေါင် စာရင်း ကိုတအားစိတ်ဝင်စားတာနဲ့  လက်ခံ ရိုက် ကူးဖြစ်တာ ပါ” ဟု ယုသန္တာတင်က ပြောသည်။
အဆိုပါ သန်းခေါင်စာရင်းပညာပေးဇာတ်လမ်းတိုကို ဇာဂနာဦးဆောင်ပြီး သန်လျင်မြို့နယ်မှာ ရိုက်ကူးကာ တိုင်းရင်းသား ဝတ်စုံများဖြင့် ရိုက်ကူးထားပြီး ဇာဂနာ၊ ငှက်ပျောကြော်၊ မင်းမော်ကွန်း၊ ယုသန္တာတင် နှင့် သရုပ်ဆောင်များစွာ ပါဝင်ရိုက်ကူးထားကြောင်း သိရသည်။
”ယုအခုသန်းခေါင်စာရင်းကိုမတ်လမှာ ကောက် မယ်၊ ဒါပဲသိ တဲ့ အဖြစ်ကနေ ကိုယ်တိုင်ပါဝင်သရုပ် ဆောင်တော့ တော်တော်သိလာတယ်။ မိဘပြည်သူ များကလည်း ကိုယ်မသိသေးရင် ဒီဇာတ်လမ်းတိုကို ကြည့်ဖြစ်အောင် ကြည့်ကြ ပါ”ဟု ၎င်းက ပြောသည်။ ယုသန္တာတင်က ၂၇ ရက်နေ့မှာ မန္တလေးမြို့မှာ ဆိုင်ဖွင့်ပွဲတစ်ခု တက်ရောက်မှာဖြစ်ပြီး မန္တလေး နယ်ခံပရိသတ်များနှင့် လည်း တွေ့ ဆုံ မှာဖြစ်ကြောင်း ၎င်းက ပြောသည်။ ”ယု တစ်လပိုင်းကုန်လောက်မှာ ကိုလူမင်းနဲ့ ဇာတ်ကားတစ်ကားရိုက်မှာ” ဟု ယုသန္တာတင်က ပြောသည်။

No comments:

 Blogger

Myanmar CNN