မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, January 28, 2014

ဘရာဇီးနိုင်ငံမှာ ကျင်းပမည့် ကမ္ဘာ့ဖလား ဘောလုံးပွဲ နန်းမြတ်ဖြိုးသင်း သွားရောက်ကြည့်ရှု မည်

နန်းမြတ်ဖြိုးသင်းက ‘မီးလျှံငှက် တို့ သန္နိဋ္ဌာန်’ ဆိုတဲ့ မီးသတ်ဂုဏ်ပြု ဇာတ်လမ်းမှာ မီးသတ်အင်ဂျင်နီယာ ဝန်ထမ်းတစ်ဦးအဖြစ်သရုပ် ဆောင်နေပါတယ်။ နန်းမြတ် ဖြိုးသင်း က ကျော်ထွဋ်ဆွေ၊ လွှမ်းပိုင်၊ ဘန်နီဖြိုး၊ bobby Soxer  ၊နန်းသူဇာတို့နဲ့ Let’s goခရီးသွားပရိုဂရမ်ကို ရိုက်ကူးခဲ့ပါတယ်။ ဒီ ခရီးသွားပရိုဂရမ်နဲ့ ပတ်သက်ပြီး နန်းမြတ်ဖြိုး သင်းက “ဒီပရိုဂရမ်ကျတော့ နန်းမြတ်တို့လူငယ်တွေခရီးသွားနေတာကိုနောက် ကနေလိုက်ရိုက် ထားတဲ့ပုံစံနဲ့ရိုက်ထားတယ်။ ရှေ့လထဲမှာ ပုဂံ၊ညောင်ဦး၊ပုပ္ပားသွားမယ်။ ၆လပိုင်း လောက်မှာ World Cupကျင်းပမယ့် ဘရားဇီးကိုလည်းသွားဖြစ်မယ်။ ကမ္ဘာ့ ဖလားဘောလုံးပွဲကိုသွားရိုက်မှာဆိုတော့ တအားပျော်ပါတယ်။
World Cup က ကိုယ် တွေတစ်ချိန်လုံးတီဗီကနေပဲကြည့်ခဲ့ရတဲ့ဘောလုံးပွဲတွေလေ။ကွင်းထဲသွားကြည့်ရမယ်ဆိုတော့ ပိုပြီးပျော်ပါတယ်။သွားတဲ့ရက်နဲ့တိုက်မယ့်ပွဲ ကို ကြည့်ရမှာပေါ့” လို့ပြောပါတယ်။
ခိုင်ဝေလွင်

 popularmyanmar

No comments:

 Blogger

Myanmar CNN