မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Wednesday, January 22, 2014

ကိုယ့်ဇာတ်ကားကို ယုံကြည်စွာ ရိုက်ဖို့ လိုလာပြီဆိုတဲ့ ဒါရိုက်တာ

ရန်ကုန်၊ ဇန်နဝါရီ ၂ဝ       
”ကိုယ့်ဇာတ်ကားကို ယုံကြည်စွာနဲ့ ရိုက်ဖို့ လိုလာပြီ။ ပြရဲဖို့ လိုလာပြီ။ ဇာတ်ကားကောင်းရင် ဘယ်ရုံမှာပဲ ပြပြ ပရိသတ်က ဝင်မှာပဲ” ဟု ပန်းချီစိုးမိုးက ပြောသည်။
”သမ္မတရုံတင်မှ ဂုဏ်တင့်တာ မဟုတ်ဘူး။ သမ္မတရုံ ကောင်းတာတော့ အမှန်ပဲ ငြင်းလို့မရဘူး” ဟု ဒါရိုက်တာ ပန်းချီစိုးမိုးက ဆိုသည်။
”တန်းစီဇယားနဲ့ ဆိုရင်တော့ ထုံးစံအတိုင်း နောက်ကျမယ်။ ဒါကြောင့် ကိုယ့်ဟာကိုယ် မားကက်တင်း လုပ်ဖို့ လိုလာပြီ။ ဇာတ်ကားကောင်းတွေ အထွက်က များရင် ရုံတွေလည်း အလိုလို ဆောက်လာကြမှာပဲ” ဟု ၄င်းက ပြောသည်။ ရုပ်ရှင်ကား ၁ဝဝ ကျော်ကနေ သုံးလေးဆယ် ထိုးကျတယ်။ အခုဆို ဆယ့်ခုနစ်၊ ဆယ့်ခြောက်ကားကနေ ဆယ့်ငါးကားထိကို ကြောက်ခမန်းလိလိ ထိုးကျလာတယ်။ ဒါကြောင့် အနုပညာရှင်တွေ သရုပ်ဆောင်တွေ အပြိုင် အဆိုင် ဈေးတောင်းတာ မလုပ်ကြပါနဲ့ ကားကောင်းအောင်သာ လုပ်ကြပါ။

”အခု ပြဿနာက မင်းသား မင်းသမီးတွေ ရုပ်ရှင် ရိုက်မယ်ဆို နှစ်ကားစာ တောင်းတဲ့ အလေ့အထ ရှိနေတယ်။ ကျဆုံးနေတဲ့ ရုပ်ရှင်ကို ပံ့ပိုးပါ” ဟု ၄င်းက ပြောသည်။
”ဒါရိုက်တာ၊ ထုတ်လုပ်သူတွေ ဘက်ကလည်း ရုံပေါ်မှာ မင်းသားတစ်ယောက်တည်းကိုပဲ မရွေးကြဖို့ မင်းသား ဆိုတာ အမယ်စုံရမယ်။ TV မှာလည်း သူ၊ ဗီဒီယိုမှာလည်း သူ၊ ရုပ်ရှင်မှာလည်း သူပဲ ဆိုရင် ကြာရှည် မခံနိုင် ဘူး။ သက်တမ်း တိုမယ်” ဟု ဦးစိုးမိုးက ပြောသည်။
ထူးထူး/popularmyanmar

No comments:

 Blogger

Myanmar CNN