မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, December 16, 2013

ဆီးဂိမ်းပိတ်ပွဲမှာ VeVe အချိုရည် လှူဒါန်းမယ့် မိုးစက်ဝိုင်

မိုးစက်ဝိုင်က နေပြည်တော်မှာ ကျင်းပတဲ့ ဆီးဂိမ်း အားကစားဖွင့်ပွဲ ကို သွားရောက် ကြည့်ရှုအားပေးခဲ့ ပါတယ်။
“ဒီဆီးဂိမ်း ဖွင့်ပွဲကို တအား အားရပါတယ်။ မိုးစက်တို့ မြန်မာနိုင်ငံ တစ်ခုလုံးရဲ့ မျိုးချစ်စိတ်တွေ ကို လည်း တွေ့ရတယ်။ အဲဒီအတွက် မိုးစက်က တအား ဂုဏ်ယူတယ်။ စီစဉ် တဲ့သူတွေ ကလည်း သေသေချာချာ အသေးစိပ် လုပ်ထားကြတယ်။ မီးရှူး မီးပန်း ဖောက်တာက အစ တကယ် ကိုပဲ လူတွေရဲ့ စိတ်ထဲမှာ မြန်မာဆို တာ ဂုဏ်ယူ ဖို့ ကောင်းလိုက်တာ ဆိုတဲ့ စိတ်မျိုးကို ဖြစ်စေပါတယ်။
ဖွင့်ပွဲကို ခမ်းခမ်းနားနားနဲ့ သေချာလေး လုပ် လိုက်တဲ့အတွက် အားကစားသမား တွေအတွက် ပိုပြီး အားဖြစ်စေပါတယ် လို့လည်း ယုံကြည်ပါတယ်” လို့ ပြော ပါတယ်။

ဆီးဂိမ်း အားကစားပွဲမှာ လည်း တစ်ဖက် တစ်လမ်းက ပါဝင် ကူညီဖို့ အသင့်ပဲ ဖြစ်ကြောင်းကို မိုးစက်ဝိုင်က “သူများတွေက အရှေ့ တစ်နှစ်လောက် ကတည်းက ကြိုတင် ပြီး စီစဉ်ထားတာ ဆိုတော့ မိုးစက်က နောက်ကျ သွားတယ်။ အစကတော့ ဖွင့်ပွဲမှာ ကျရာ အခန်း ကဏ္ဍကနေ ပါဝင်မလို့ဘဲ။ ဒါပေမဲ့ အဆင်မပြေ တာလေးတွေ ရှိတဲ့ အတွက် အားပေး တဲ့နေရာကပဲ ပါဝင်ခဲ့တယ်။ ပိတ်ပွဲမှာလည်း ပါဝင်ဖို့ လိုအပ်ရင် မိုးစက်က ပါဝင်ဖို့ အသင့်ပါပဲ။ မိုးစက် အနေနဲ့ ဆီးဂိမ်း ဖွင့်ပွဲမှာ အားကြိုးမာန် တက် မြန်မာနိုင်ငံ ဂုဏ် မငယ်ရအောင် ကြိုးစားခဲ့ကျတဲ့ ပင်ပင်ပန်းပန်း ကျိုးစားနေကျတဲ့ ကလေးငယ်တွေ ကို တအားကျေးဇူး တင်ပါတယ်။ သူတို့ကို တစ်ဖက်တစ် လမ်းကနေ ကိုယ်တတ်နိုင် သလောက် ကူညီချင်တယ် ဒါကြောင့် ပိတ်ပွဲမှာ ပါဝင် ကူညီပေးတဲ့ ကလေးတစ် သောင်းကျော် အတွက် VeVe အချို ရည်ကို သွားလှူဖို့ စီစဉ်ထားပါ တယ်”လို့ ပြောပါတယ်။
ခိုင်ဝေလွင်

 popularmyanmar

No comments:

 Blogger

Myanmar CNN