နိုင်ငံချစ်စိတ် နဲ့ဆိုရတာဖြစ်တဲ့ အတွက် တအားကြီး ခက်ခက်ခဲခဲ ဖြစ်တာမျိုး တော့မရှိခဲ့ပါဘူး” လို့ နီနီခင်ဇော် က ပြောပါတယ်။
နီနီခင်ဇော် ရဲ့ မြန်မာ့ လက်ရွေးစင်
အားကစား သမားတွေ အပေါ် အားပေး စကားသံ ကလည်း “မြန်မာ အသင်းက အခု တော်တော်
များများ အားကစားနည်းတွေ မှာ ရွှေတွေ ရကြတယ်။ နီနီက ဘောလုံး ဝါသနာပါတော့
မြန်မာဘောလုံး အသင်းကို ရွှေရစေချင်တယ်။ ကျန်တဲ့ အားကစားနည်းတွေ ကိုလည်း
နီနီအမြဲတမ်းစဉ် ဆက် မပြတ် အားပေး နေပါတယ်။”လို့ နီနီခင်ဇော် က ပြောပါတယ်။
ဆီးဂိမ်း ပွဲတော်ကြီးရဲ့ ပိတ် ပွဲ
အခမ်းအနားမှာလည်း သီချင်း နှစ်ပုဒ်နဲ့ နှုတ်ဆက်မယ့် နီနီခင်ဇော် က
“ပိတ်ပွဲမှာ သီချင်းနှစ်ပုဒ် ဆိုရ မယ်။ “ကမ္ဘာမြေအေးချမ်းပါစေ ပန်းပွင့်တွေ
ဆုတောင်းနေ” ဆိုတဲ့ ကိုထူးအိမ်သင် ရဲ့ သီချင်း အဟောင်း လေးပါ။
အဲဒီသီချင်းလေး ကကျ တော့ အလိုက်ဆိုရမယ်။ နောက်တစ်ပုဒ်ကကျတော့ နီနီနဲ့
ယဉ်ကျေးမှုက အစ်ကို တစ်ယောက်နဲ့ ပိတ်ပွဲ အတွက် လူအယောက် တစ်သောင်း နဲ့
ပြန်ပိတ်ရမယ့် သီချင်းလေး ပေါ့။ ကိုဓိရာမိုရ် ရေးပေးထားတာပါ။ “ပြန်ဆုံမယ်”
ဆိုတဲ့ သီချင်းလေးနဲ့ ပိတ်မှာပါ” လို့ပြောပါတယ်။ ဆီးဂိမ်း အပြီး ၂ဝ၁၄
နှစ်ဆန်းပိုင်းမှာ တစ်ကိုယ်တော် အခွေဖြစ်တဲ့ “မာရီယို” အမ်တီဗီကို
ထွက်ရှိလာတော့ မှာ ဖြစ်ကြောင်း လည်း နီနီခင်ဇော်က သတင်းပေးသွားပါတယ်။
မျိုးမောင်
popularmyanmar
No comments:
Post a Comment