ကျောင်းသားဘဝဆိုတာ လူတိုင်းအတွက်
ပျော်စရာတွေ၊ အမှတ်တရဖြစ်စရာတွေ၊လွမ်းစရာတွေနဲ့ ပြည့်နှက်နေခဲ့တဲ့ ကာလ
တစ်ခုလို့ပဲ ပြောရမှာပါ။ ဒီကာလလေးကို လူတိုင်းပြန်ပြီး
ရောက်ချင်ကြသလို၊ကိုယ်တက်ရောက်ခဲ့ဖူးတဲ့ကျောင်းကြီးကို လည်း
ကျောင်းသား၊ကျောင်းသူတိုင်း ပြန်သတိရရှိနေကြ ဆဲပါ။ဒီလိုသတိတရရှိနေဆဲဖြစ်တဲ့
သူတွေထဲမှာကမာရွတ်မြို့နယ်၊ ပြည်လမ်း၊ ဆေးတက္ကသိုလ်(၁)မှာ
တက်ရောက်သင်ကြားခဲ့တဲ့ ဆောင်းဦးလှိုင်လည်းပါပါတယ်။ ဆောင်းဦးလှိုင်ရဲ့
ကျောင်း သားဘဝဖြတ် သန်းမှုတွေကလည်း စိတ်ဝင်စားဖို့ကောင်းနေပါ တယ်။
ဒါကြောင့်လည်း ဆောင်းဦးလှိုင်ရဲ့ကျောင်းသားဘဝ တစေ့တစောင်းကို
မေးမြန်းတင်ဆက်လိုက်ရပါတယ်။
ကျောင်းသားဘဝအစ
ကျွန်တော်တို့က ၈၈မှာ ပထမ
နှစ်ကျောင်းသားဆိုတော့ ကျောင်းသားဘဝပြန်ပြောရရင် ၈၈ အကြောင်းကလည်း ပါလာ
ပြန်တယ်။ King တွေ၊ Queen တွေရွေး တာကို ပြန်ပြောတဲ့အခါ ၈၈ အကြောင်းက
ပါရဦးမယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ ကျောင်းဖွင့်ပြီးတော့ နှစ်လ၊
သုံးလလောက်မှာ King တွေ၊ Queen တွေ ရွေး မယ်။ အားကစားအဖွဲ့တွေ၊ လူမှုရေး
အဖွဲ့တွေ၊ဘာသာရေးတွေ လုပ် မယ်ဆိုပြီး ကြံစည်နေကြတုန်း ပဲရှိသေးတယ်။
၈၈အရေးတော် ပုံ ကြီးကလာတော့ တချို့က ဝင် နွှဲကြသေးတယ်။ ကျောင်းတွေ က
ပိတ်ချသွားတယ်။ အဲဒါတွေ က မလုပ်ဖြစ်လိုက်ဘူး။ ဒါပေမဲ့
သုံးနှစ်လောက်ကျောင်းတွေ ပိတ်ပြီးပြန်ဖွင့်တဲ့အခါ ၁၆နှစ် သားတွေ
မဟုတ်တော့ဘူး။ ကျွန်တော်တို့က ၁၉နှစ်သား တွေဖြစ်သွားကြပြီ။ အမှန်တော့
တခြားတက္ကသိုလ်တစ်ခုဆိုရင် အသက်၂ဝဆိုရင် ဘွဲ့ရပြီ။ အဲဒီ တော့ဘွဲ့ရ ခါနီးအ
ရွယ် တွေဖြစ် သွားကြတာပေါ့။ အဲ့ဒီအ ချိန်ကျမှ King တွေ၊ Queen
တွေရွေးဖို့၊ အားကစားအဖွဲ့တွေ ဖွဲ့ဖို့၊အ နုပညာအသင်းတွေလုပ်ဖို့
ဆိုတာတွေကို ပြန် လုပ်ရတယ်။ ကဲ-ဒီ တစ်ခါတော့ ဖြစ် အောင်လုပ်မယ်ဆိုပြီးတော့
ကျွန်တော်တို့အတန်းက စီစဉ်ကြပါတယ်။ လုပ်မယ်ဆို တော့ကျောင်းသားရေးရာ
ဌာနကိုအသိပဲပေးလိုက် တယ်။ ဒီနေ့နေ့ခင်း ကျွန်တော်တို့ အတန်းထဲမှာ King ၊
Queen ရွေးမယ်။ အဲဒီအတွက်လည်း အဖွင့်စကားပြောမယ့် လူရှိတယ်။ ဒါပေမဲ့
အဲ့ဒီတုန်းက ကျောင်းသားတွေက ဘာပဲ လှုပ်ရှား၊လှုပ်ရှားအစိုးရဘက်လို့
ပြောရမယ့်အုပ်ချုပ်ရေးယန္တရားက
သိပ်နားလည်မပေးဘူး။စိုးလည်းစိုးရိမ်တယ်။ကြောက် လည်းကြောက်တယ်။ အဲဒီတော့
သူတို့က အင်းမလုပ်၊ အဲမလုပ် ဖြစ်နေတော့ ကျွန်တော်တို့ကတော့ ဒါဟာ
နိုင်ငံရေးလှုပ်ရှားမှုလည်းမဟုတ်ဘူးဆိုပြီး အခန်း
တံခါးတွေပိတ်ပြီးပူဖောင်းတွေ ချိတ်၊ မိုက်တွေဆင်ပြီး King, Queen
ရွေးပွဲကျင်းပဖို့လုပ်တယ်။
King နဲ့ ,Queen ရွေး
မိန်းကလေး Queen ကို တော့
တကယ်ရွေးဖြစ်ပါတယ်။ ကျွန်တော်တို့အနေနဲ့ မဲဆန္ဒနဲ့ ရွေးပါ တယ်။
၈၈ကာလကျောင်းသားတွေဆိုတော့ ဒီမိုကရေစီ စံချိန်ညွှန်းတွေ နဲ့ ပေါ့။ Queen
ကိုတော့ မို့မို့ကြည်ဆိုတဲ့ ကောင်မလေးကရပါတယ်။ အခုတော့ ဒေါက်တာမကြီးဖြစ်
နေပြီပေါ့။ ကျွန်တော်ကြားတာကတော့ အင်္ဂလန်မှာလားမသိဘူး။ ထိုက် ထိုက်တန်တန်ကို
ရတာပါ။ ကျွန်တော်တို့ အတန်းထဲမှာနာမည်ကြီးတဲ့
မော်ဒယ်တွေ၊စာရေးဆရာမတွေရှိတယ်။ အထူးသဖြင့်ေ တာ့ မော်ဒယ်လောကမှာ နာမည်ကြီး
တဲ့ လှိုင်ထိပ်ထားခင်ပါ။ သူက Second လား Third လား ရပါတယ်။
ကျွန်တော်တို့ကတော့ လက်ခုပ်လက်ဝါးတီး အားပေးပေါ့လေ။ အမျိုးသား King ရွေး
တဲ့အခါကျတော့ ကျွန်တော်တို့ အတန်းက လူရွတ်၊လူနောက် တွေများနေတယ်။တော်တော်
လေးဝတဲ့ လူကိုမဲတွေပေးတာတို့၊ အသားမည်းတဲ့လူကို မဲပေး တာတို့ပေါ့။
အမျိုးသား King ရွေးတာကတော့သိပ်ပြီး အောင်အောင် မြင်မြင်မရှိခဲ့ဘူး။
ကျွန်တော်တို့ Generation တွေကဒီ လိုပျော် ပွဲရွှင်ပွဲလုပ်ခွင့်ရတာအင်မတန်
နည်းပါးတဲ့ Generation ပါ။ ဆယ်စုနှစ် တစ်ဆုနီးပါးကျောင်းသားလှုပ်
ရှားမှုထဲမှာဝင်ရောက် ဆင်နွှဲခဲ့ရတဲ့ Generation တစ်ခုပေါ့။
တက္ကသိုလ်အနုပညာအသင်း
ကျွန်တော်တို့ကျောင်းမှာ
အနုပညာနဲ့ပတ်သက်တဲ့ အသင်းတွေရှိတယ်။ အနုပညာနဲ့ ပတ်သက်တာ လုပ်ကြမယ်ဆိုရင်
အားလုံးစည်းစည်းလုံးလုံး ညီညီညွတ် ညွတ်နဲ့ လုပ်ကြတာ ရှိပါတယ်။ တချို့က
စာရေးဆရာပါ။ တချို့က ကဗျာဆရာပါ၊ ကျွန်တော်ကတော့ အတီးသမား တွေပေါ့။
တကယ်လို့များ ကျောင်း မှာ လိုအပ်ရင် ဝိုင်းဝန်း တီးခတ် ပေးပေါ့။
အနုပညာလှုပ်ရှားမှု လေးတွေလည်း ထိုက်သင့်သ လောက်ရှိခဲ့ပါတယ်။
ကျောင်းသီချင်း
ကျောင်းနဲ့ ပတ်သက်တဲ့ သီချင်းက
ငါးပုဒ်ရှိခဲ့ပါတယ်။ အမှတ်တရအဖြစ်ဆုံး သီချင်းကတော့ “လွမ်းရယ်မပြေဘူး”
သီချင်းပေါ့။ ကိုယ်တက်ခဲ့ ရတဲ့ ကျောင်းကြီး ကို ပြန်လွမ်းတဲ့
စိတ်နဲ့ရေးခဲ့တာပါ။ ကျောင်းသားဘဝကိုဘယ် လောက်တန်ဖိုးထား ခဲ့လဲဆိုတော့
အဲဒီအချိန်ကို စိတ်ကူးယဉ်ပြီးပြန်ရေး ရင် တောင် ပြန်မ ရနိုင်တော့ဘူး။
လင်းအက္ခရာ
popularmyanmar
No comments:
Post a Comment