The Sign Of Love ရုပ်သံဇာတ်လမ်း တွဲကနေ စိုးနန္ဒာကျော် ဆိုပြီး ဖြစ်လာတဲ့ အပေါ်ဘယ်လိုခံစား ရလဲဆိုတော့ အရမ်းကို ဝမ်းသားပီတိ ဖြစ်ရပါတယ်။ သူ့ရဲ့ကျေးဇူးကြောင့် ဒီလိုအနေအထားလေး တစ်ခုဖြစ် လာတာပါ။ ပြီးတော့ ညီမရဲ့ကြိုးစား မှုချည်းပဲ မဟုတ်ပါဘူး။ အဖက် ဖက်ကဝိုင်းဝန်း ပံ့ပိုးပေးမှုတွေကြောင့် လူသိခဲ့ ရတာပါ။ လိုအပ်ချက်တွေ လည်း အများကြီး ရပိုပါသေးတယ်။အဲဒီလိုအပ်ချက်တွေကို ရိုးရိုးသားသားနဲ့ အများကြီး ကြိုးစားပြီး တော့ ဝမ်းစာပြည့်အောင် ဖြည့်မယ်။ အရာရာကို ဆည်းပူး လေ့လာမယ်။
ကျရာဇာတ်ရုပ်ကို အကောင်းဆုံး သရုပ်ဆောင်နိုင်တဲ့ သရုပ်ဆောင် ကောင်းတစ် ယောက်ဖြစ်ရမယ်လို့ ရည်ရွယ် ထားတယ်။ ပရိသတ်ကြီး အားလုံးကလည်း ဆက်လက်ပြီး အားပေးကြပါ။ ကြည့်ရှု အားပေးရင်း နဲ့ လိုအပ်ချက်လေးတွေကိုလည်း ဝေဖန်အကြံပေးကြ ပါလို့ ပြောချင်ပါ တယ်။
yoyarlay

No comments:
Post a Comment