တခြား ပြက္ခဒိန်တွေ နဲ့ ကြော်ငြာ တွေတော့ ရိုက်ဖြစ်ပါ တယ်။ လက်ရှိအသက်အရွယ်ရင့် ကျက်လာတဲ့ အပိုင်းမှာ အတွေ့ အကြုံအရ ဘယ်လိုကားမျိုးလေး တွေ ရိုက်တာများလဲ ဆိုတဲ့အပေါ် အဓိက ပရိသတ်ကြိုက်နိုင်မယ့် ဇာတ်ကား မျိုးလေးတွေ ရွေးပြီးတော့ ရိုက်တယ်။ ပရိသတ်လည်းကြိုက်ပြီး ကိုယ်ရိုက်ရတာလည်း Feel ဖြစ်မယ့် ပုံစံမျိုးလေးတွေ ရိုက်ဖြစ်တယ်။ ဒါ ပေမဲ့ ကိုယ့်ဆီလာတဲ့ ဇာတ်ပုံစံတွေ ကလည်း ကိုယ်နဲ့လိုက်တဲ့ ဇာတ်တွေ ကများပါတယ်။ ရုပ်ရှင်ကားကြီးက လောလောဆယ် ရိုက်ဖို့မရှိသေးပါ ဘူး။ (၂၀၁၄) ခုနှစ်ထဲမှာ ရုံတင်မယ့် ကားတွေတော့ ရှိပါတယ်။
ပြီးတော့ အစ်မက လက်ရှိအချိန်မှာ ဖက်ရှင် နဲ့ပတ်သက်ပြီး ကိုယ်နဲ့လိုက်မယ့် အ ဝတ်အစားမျိုးကိုပဲ အဓိကဝတ်ဖြစ် တယ်။ အရမ်းကလေးဆန်တဲ့ အ ဝတ်အစားမျိုးတွေဆိုရင်တော့ မဝတ်ဖြစ်တော့ဘူး။ လက်ရှိအချိန် ထိ အောင်မြင်မှု ရနေတဲ့ အပေါ်မှာ ဘယ်လိုခံစားရလဲဆိုရင် ပရိသတ် တွေက ကိုယ့်ကိုချစ်ကြတယ်။ ကိုယ် ကလည်းပရိသတ်အပေါ် တကယ့် ကို စေတနာ ထားပြီး လုပ်တယ်။ ပရိသတ် အတွက်ဆိုတာ မျိုးပဲ ခေါင်းထဲမှာ အမြဲတမ်း ရှိတယ်။
အဲဒါ ရဲ့ တုံ့ပြန်လာတဲ့ Effect လို့ပဲထင်ပါ တယ်။ နောက်ပြီး သမီးလေးအပေါ် မှာ ဘယ်လိုမျှော်လင့်ချက်တွေထား လဲဆိုတော့ အရမ်းကြီး မမျှော်မှန်းပါ ဘူး။ သူကလည်း အရမ်းငယ် သေး တယ်။ အဓိကတော့ လိမ်လိမ် မာမာလေးနဲ့ ယဉ်ကျေးတဲ့သမီးလေး ပဲ ဖြစ်စေချင် ပါတယ်။
yoyarlay
No comments:
Post a Comment