Wanted အဖွဲ့က သူတို့ရဲ့ One Band Show ကို ဒီဇင်ဘာ ၇ ရက်နေ့ တောင်ကြီး မြို့မှာ ပြုလုပ်ဖို့ စီစဉ်ထား ခဲ့ပေမယ့် အကြောင်း အမျိုးမျိုးကြောင့် ရက်ရွှေ့ဆိုင်း လိုက်ပြီလို့ သိရပါတယ်။
“အဓိကက တအား စိတ်ရှုပ်စရာတွေများပြီး
စိတ်ရှုပ်တာ နဲ့လူနဲ့က သတ္တဝါနဲ့ လက်နက် နဲ့မမျှ အောင်ဖြစ်နေတော့ ပွဲကိုလည်း
ခဏရွှေ့ထား လိုက်တယ်။ ပွဲကလည်း ကိုယ့်ဘာသာ ကိုယ်လုပ်မှာ ဆိုတော့ Stress တွေ
တအား များနေတာနဲ့ ရွှေ့ဖြစ်လိုက်တာ။ ပြီးတော့ ဒီဇင်ဘာ ၇ ရက်နေ့ကို ပွဲကတည်
ထားတာ။ အဲဒီနေ့က လည်း ရှေ့နှစ် က ပြဿနာ တက်ခဲ့တာ ဆိုတော့ အဲဒီနေ့ကို
နည်းနည်း ရှောင်လိုက်တဲ့ သဘောပါ” လို့ပြောတဲ့ ဖော်ကာကို ပြီးခဲ့တဲ့နှစ် က
ဒီဇင်ဘာ ၇ ရက်၊ ဆီး မ်း ဖျော်ဖြေပွဲမှာ ဖြစ်ခဲ့တဲ့ ကတောက်ကဆနဲ့ ပတ်သက်ပြီး
ဆက်မေးတော့ “အမှတ်တရ ဖြစ် တာပေါ့ဗျာ။ အဲဒီတုန်းက မတော်တဆလေးတွေ ကနေ ဒီထက်
ဆိုးပြီးတော့ သီချင်း ဆက်ဆိုလို့မရတော့ လောက်အောင်ထိ ဖြစ်သွားမှာကို
စိုးရိမ်တယ်။
အဲဒီလိုသာ ဆိုရင်တော့ အမြဲတမ်း ပြောနေသလို ဘာမှလည်း
မလုပ်တတ်ဘူး။ ဘာမှလည်း မလုပ်ချင်ဘူး။ အလကား ဖြစ်သွားမှာ။ သီချင်း
သာမဆိုရဘူး ဆိုရင် ဘယ်လိုမှမဖြစ်ဘူး။ ကိုယ့်ဘာသာ ကိုယ်လုပ်ပြီး
ကိုယ့်ဘာသာလေး နားထောင်ဖို့ လောက်ထိ လုပ် ရအောင် လည်း အဲဒီလောက်ထိ တရား
မပေါက်သေးဘူး။ ကိုယ်လုပ်တဲ့၊ ကိုယ်ခံစား တဲ့ ဂီတတွေကို ပရိသတ်ကို
ချပြချင်သေးတယ်။ အဲဒါနဲ့ အဲဒီတုန်း က အဲဒီလောက် ပဲဖြစ်ခဲ့တာ တော်သေးတယ်
လို့ ပြန်တွေးရတယ်။ ဒါပေမဲ့ ကျေနပ်ပါတယ်” လို့ပြောတဲ့ ဖော်ကာက သူ့ရဲ့ One
Band Show ကို ဖေဖော်ဝါရီလ ထဲမှာ ပြုလုပ်ဖို့ ထပ်မံ စီစဉ်ထားတယ် လို့ပြောပါ
တယ်။
ဖော်ကာက သူ့အတွက် အမှတ်တရ အနေနဲ့ One Band
Show တအား ကို လုပ်ချင်ပြီး သူ့ကို အားပေးကြတဲ့ ပရိသတ်တွေ အတွက်
သီချင်းတွေ အားရပါးရဆိုပြ ချင် တယ် လို့လည်း ပြောပါတယ်။ လက်ရှိ မှာတော့
ဖော်ကာက ရက်ရွှေ့လိုက်တဲ့ One Band Show အတွက်ကို ပြင်ဆင်နေပြီး SIR
အဖွဲ့နဲ့ အတူဂီတ အလုပ်တွေ ပူးပေါင်း ဆောင်ရွက်လျက် ရှိကြောင်းလည်း
သိရပါတယ်။
ရဲရဲ
popularmyanmar
No comments:
Post a Comment