အခုလက်ရှိ ဖြတ်သန်းနေတဲ့ လွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ ဘဝနေထိုင်နည်းကို သိချင်ပါ တယ်။
ဂီတ ဆိုတာကတော့ ဝါသနာ နဲ့ သက်ဆိုင်ပါတယ်။
သီချင်းတွေကို နားထောင်ရာ ကနေ ဖန်တီးချင်စိတ် ပေါ်လာတဲ့ အတွက် ဒီဟစ်ဟော့ပ်
ဂီတကို ဖန်တီးဖြစ်ခဲ့တယ်။ ဂီတပိုင်း ဆိုင်ရာ ကတော့ ပြောရရင် ဝါသနာ ကို
အရင်းခံပြီး လုပ်တဲ့အလုပ်လို့ ပြောလို့ရပါတယ်။ နိုင်ငံရေး ဆိုတဲ့ ကိစ္စရပ်
ကတော့ ရွေးချယ်မှုပေါ့ဗျာ။ ပထမက နိုင်ငံရေး တက်ကြွ လှုပ်ရှား သူတွေနဲ့
ပေါင်းကြ သင်းကြရင်း နိုင် ငံရေးလောကထဲကို ရောက်လာ တယ်။
ပြီးတော့ တက်ကြွ
လှုပ်ရှားသူ အနေ နဲ့ဖြစ်လာတယ်။ အဲ့ဒီ ကနေမှ အကျဉ်းထောင် ထဲရောက်ပြီး လွတ်
လာတဲ့ အခါကျတော့ နိုင်ငံရေး သမား တစ်ယောက် အနေနဲ့ ဆက်ပြီး ဖြတ် သန်းမယ်
ဆိုတဲ့ ရွေးချယ်မှု နဲ့ ရွေး ချယ်ခဲ့တာပါ။ အဲ့ ဒီတော့ ဝါသနာက လည်း ဝါသနာ
အလျောက် ရှိသလို၊ ရွေးချယ်မှု အရလည်း ဆက်လုပ်နေပါ တယ်။
ဇေယျာသော်
ဆိုတာ မြန်မာပြည် ဟစ်ဟော့ပ်ခေတ်ဦး မှာလည်း skill ပိုင်တဲ့ ရက်ပါ တစ်ယောက်
ဖြစ်ခဲ့တယ်။ ခုချိန် မှာလည်း ရက်ပါတစ် ယောက် အဖြစ် ဆက်လက် ရပ်တည် နေမယ်
ဆိုရင်လည်း အောင်မြင်တဲ့ ရက်ပါ တစ်ယောက် ဖြစ်နေနိုင်သေး တယ်။
နိုင်ငံရေးဘက်ကို စိုက်လိုက် မတ်တတ် ရွေးချယ်ခဲ့တဲ့ ကိုသော့်ရဲ့ အကြောင်း
ရင်းကို သိရမလား။
ဟစ်ဟော့ပ်ကို ကျွန်တော်တို့ ဖန်တီးချင်တဲ့
ဆန္ဒတွေ ပေါ်လာတဲ့ အတွက်ကြောင့် ဖန်တီးဖြစ်ခဲ့တယ်။ အခုဆိုရင်
ဟစ်ဟော့ပ်လောကမှာ ကျွန်တော် တို့ထက် Mic Skill တွေ ပိုင်တဲ့ တအားကောင်းတဲ့
သူတွေ အများကြီးပါပဲ။ ဘယ်လိုပြော ရမလဲ။ ခုကတော့ ဒီဟစ်ဟော့ပ်ဂီတ အတွက် ဆို
သီးသန့် သက်သက် အချိန်ပေးဖို့ ကတော့ ကျွန်တော့် အတွက် နည်း နည်း အခက်အခဲ
ရှိလာတာပေါ့။ နိုင်ငံ ရေးဆိုတဲ့ ကိစ္စရပ် မှာကျတော့ ဝါသနာပါတဲ့ လူတွေကလည်း
ရှား သလို၊ တချို့တချို့တွေ ကလည်း အရင်ခေတ် အရင်ခေတ် အချိန်တုန်း ကပေါ့။
ပါဝင် ပတ်သက် ဖို့ စိုးရွံ့နေတဲ့ သူတွေလည်း ရှိတာပေါ့။ အရင် ခေတ်တုန်း ကကို
ဆိုလိုချင်တာပါ။ အဲဒီတော့ ပြောရရင် ပို ပြီးတော့ လူ အင်အားနည်းတဲ့ ဘက်ကို
ဝင်ဖြည့် လိုက်တဲ့ သဘောလို့ပဲ ပြောရမှာပေါ့။
နိုင်ငံရေး လောကထဲမှာ ဇေယျာ သော်က
အနုပညာရှင်၊ အနုပညာ ဓာတ်ခံရှိတဲ့ လူတစ်ယောက် နိုင်ငံ ရေး မှာ လှုပ်ရှားရတာ
အားသာချက်၊ အားနည်းချက်ဘယ်လိုရှိလဲ။ကျွန်တော် က အနုပညာဘက် ကနေ နိုင်ငံရေး ဘက်ကို ကူးပြောင်း လာတာဖြစ်တဲ့ အတွက် တခြားသော လူပုဂ္ဂိုလ်တွေ ထက်စာရင် အသိအကျွမ်း ပိုများကောင်း များနိုင်တယ်။ အကယ် ၍ ဒါကို အားသာချက် လို့ ပြောမယ် ဆိုရင် အားနည်းချက် တစ်ခု အနေနဲ့ ဆိုရင်တော့ အနုပညာသမားဘက် ကနေ နိုင်ငံရေး ဘက်ကို ကူးပြောင်း လာတဲ့ အတွက် ကျွန်တော့်ရဲ့ ယုံ ကြည်ချက်၊ ရပ်တည်ချက်၊ ခံယူချက် ဒီကိစ္စတွေ အပေါ်မှာ တချို့တချို့တွေ က မေးခွန်း ထုတ်စရာလည်း ရှိ ကောင်း ရှိနိုင်တယ်။ ဘယ် ဟာတွေက အားသာပြီး ဘယ်ဟာတွေက အား နည်းတယ် ဆိုတာ တိတိကျကျပြော ဖို့တော့ ခက်ပါတယ်။
ကိုသော်တို့ လွန်ခဲ့တဲ့ ၅နှစ် ကျော် ကာလက Generation Wave အနေနဲ့ လှုပ်ရှားခဲ့တယ်။ အဲဒီတုန်း ကတော့ အဖွဲ့အစည်း ရယ် လို့လည်း သိပ်ရှိ လှတယ် မဟုတ်ဘူး။ အခုနောက်ပိုင်း မှာတော့ ဒီလို လူ ငယ် အရပ်ဘက် လူ့ အဖွဲ့အစည်းလေး တွေ အရင်ထက် ပိုတွေ့ရတယ်။ အဲ့ဒီ အပေါ်မှာ လူငယ် အဖွဲ့အစည်း တစ်ခုမှာ founder တစ်ဦး အနေနဲ့ ပါဝင်ခဲ့သူ ဇေယျာသော် အနေနဲ့ အမြင်ကို သိချင်ပါတယ်။
ဘယ် အရာမဆိုပေါ့ဗျာ။ အဓိ က ဒီလို
အဖွဲ့အစည်းတစ်ခု ဖွဲ့စည်း ထူထောင် ဖြစ်တာ လိုအပ်ချက်တစ် ခုကြောင့်
ဖြစ်လာခဲ့တယ် ဆိုရင်တော့ ကောင်းပါတယ်။ ကျွန်တော် တို့တွေ နာမည် တစ်ခု
သီးခြား အနေနဲ့ နိုင်ငံ ရေးလောကထဲကို ဝင်လာဖြစ်တယ် ဆိုတာကလည်း အဲ့ဒီအချိန်က
ကိုယ် လုပ်ချင်တဲ့ အလုပ်တွေ လုပ်ဖို့အတွက် ဒီအတိုင်း တာဝန်ယူမှု မရှိဘဲ
လုပ်တာ ထက်စာ လို့ရှိရင် အခု အဖွဲ့အစည်း အနေနဲ့ တာဝန်ယူ တာဝန်ခံပြီး လုပ်
ကြမယ် ဆိုပြီး နာမည်တစ်ခု သီးခြား နဲ့ ရပ်တည်ခဲ့တာ။ ခုလက်ရှိ အချိန် မှာ
ပြောရမယ် ဆိုရင် အဖွဲ့အနေ နဲ့ ထူထောင်ဖို့ ဆိုတာက အရင်တုန်းက ထက်စာရင်
လွယ်ကူတယ်။ ထူ ထောင်ဖို့ လွယ်ကူတိုင်း လွယ်လွယ် ကူကူ မထူထောင် ဖို့တော့
လိုပါတယ်။ လိုအပ်ချက် အရ ကိုယ်ကဘယ် နေရာကို အာရုံ ထားပြီး စူးစိုက်ပြီး
မြင်နေတဲ့ ကွက်လပ်တွေကို ဖြည့်ဆည်းပေးချင်တဲ့ စိတ် နဲ့ ထူထောင်တာ မျိုး
ဆိုရင် တော့ဖြစ်သင့်တယ်။ ကိုယ်တကယ်ကို အစဉ်တစိုက် ပါဝင် ပတ်သက်ချင်တဲ့
ကိစ္စတစ်ခု တိတိကျကျ ရှိလာပြီ ဆိုရင် အဲ့ဒီလမ်း ကြောင်းကို တိတိ ကျကျ
လျှောက် ဖို့လို တယ်။
ဇေယျာသော် ဆိုတဲ့လူငယ် တစ်ယောက် အနေနဲ့ လွှတ်တော်ထဲ မှာ ပါဝင် လှုပ်ရှား ရတာကကော ဘာ အခက်အခဲရှိလဲ။
အခက်အခဲ ဆိုတာတော့ လူငယ် မှ လူကြီးမှ
မဟုတ်ပါဘူး။ ရှိကြပါ တယ်။ အထူးသဖြင့် ကျွန်တော်တို့ အရွယ်တန်းတွေ အနေနဲ့
ဆိုရင် ပါတီ စုံ ဒီမိုကရေစီ စနစ် ဆိုတာကို ကျွန် တော် တို့ရှေ့က
လူကြီးတွေတောင် ခုမှ လက်တွေ့ကျကျ ကြုံဖူးတာဆို တော့ သူတို့မှာတောင်
လေ့လာစရာ တွေ များပြားနေမှာပါ။ ကျွန်တော်တို့ လူငယ်တွေ အတွက် ကတော့ အရာ ရာက
ခုချိန်ထိ လေ့လာသင်ယူစ ရာတွေပါပဲ။
နောက် တစ်ခုက အခု ပတ်ဝန်း ကျင်မှာလည်း
ကြားနေရတာပေါ့။ NLD ပါတီ အနေနဲ့ လုံခြုံရေးယူတဲ့ နေရာမှာ တချို့
ပွဲတွေမှာဆို ကြမ်း တမ်းတယ်၊ မာတယ် စသဖြင့် ဝေ ဖန် မှု အမျိုးမျိုးတွေ့ရတယ်။
အဲဒီအပေါ် မှာလည်း NLD လွှတ်တော် ကိုယ်စား လှယ် တစ်ဦးအနေနဲ့ ဘယ်လိုများ
ပြန်ပြောချင်လဲ။
ကျွန်တော် တစ်ယောက်တည်း ပုဂ္ဂလ
အမြင်ပြောရရင် ကျွန်တော်တို့ ရဲ့ လုံခြုံရေးတွေ ဟာ ဟိုးလွန်ခဲ့တဲ့ ၈၈၊ ၈၉
ကစလို့ ဒီဘက် ဒီပဲယင်း အထိပေါ့။ ဘယ်နေရာမှာ ဘယ်သူ က ဘာနဲ့ ဘယ်လို
လုပ်လိုက်မလဲဆို တာ စိုးရိမ်နေရပါတယ်။ နှစ်တော် တော်များများ အထုအထောင်းခံ၊
အဖိအနှိပ် ခံပြီး ရှင်သန်လှုပ်ရှားလာ ရတဲ့ အတွက် အခုလို အပြောင်းအလဲ ကာလ
တည်ငြိမ်တဲ့ ကာလမှာ ရုတ် တရက် အသား မကျသေးတဲ့သဘော ပါ။ ၂ဝ၁၁ အမေစု
ပြန်လွတ်လာစဉ် ကာလက စလို့ မြန်မာ့နိုင်ငံရေး အပြောင်း အလဲမှာ အခြေအနေတွေ က
အရင်နဲ့ မတူတော့ပါဘူး။ ဒါပေမဲ့ တစ်လျှောက်လုံး စိုးရိမ်တကြီး ကာကွယ်
လာရတာဖြစ်တာကြောင့် အခုလို အပြောင်း အလဲ ကာလမှာ ပြည်သူနဲ့ ကျွန်တော်တို့
ခေါင်းဆောင်ကြား တံတားတစ်ခု အနေနဲ့ဖြစ်တဲ့ ကျွန်တော် တို့လို
လုံခြုံရေးတွေဟာ အခြေအနေ အရ ကြမ်းတမ်း သလို ဖြစ်သွား တဲ့ သဘော
ဖြစ်ပါလိမ့်မယ်။ ကျွန်တော်လည်း အမေ့ရဲ့ လုံခြုံရေး ကို တာဝန်ယူခဲ့ဖူး
သူတစ်ယောက် ပါ။ ဒါကတော့ တာဝန်ယူဖူးသူ အနေ နဲ့ရော၊ ဘေးကမြင်တဲ့ လူ တစ်ယောက်
အနေ နဲ့ပါ မြင်တဲ့အမြင်ပါ။
ရဲရဲpopularmyanmar
No comments:
Post a Comment