၅၇ ကြိမ်မြောက် မြန်မာ့ ရုပ်ရှင် အကယ်ဒမီ
ထူး ချွန်ဆုအတွက် ဆန်ခါ တင် အကယ်ဒမီစာရင်းဝင် ရုပ်ရှင်ဇာတ်ကားကြီး ၇ ကားရှိ
ခဲ့တဲ့ အနက် ‘ကယန်းအလှ၊ အမွေ ခံ ထိုက်သူဖြစ်ပါစေ၊ မော်ကင်းဥဒါန်း၊ ဥ၊
အမုန်းမီးတောက်’ ရုပ်ရှင်ဇာတ်ကား ကြီးတို့မှာပါဝင်ဖန်တီးအားထုတ်ခဲ့ကြတဲ့
အနုပညာရှင်၊ အတတ်ပညာရှင်နဲ့ ထုတ်လုပ် သူတို့ရဲ့ ဇာတ်ကား ရိုက်ကူးခဲ့စဉ်က
အတွေ့အကြုံ များနဲ့ အကယ်ဒမီအကြို စကားသံများကို ဖော်ပြ ခဲ့ပြီးဖြစ်ပါတယ်။
အကယ်ဒမီ စာရင်းဝင် ဇာတ်ကား ၇ ကားအနက် အကယ်ဒမီ ဆုရရန် ရေပန်းအစားဆုံး မှာ
‘တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင် ဇာတ်ကားကြီး ပါဝင်နေပါတယ်။
‘တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင် ဇာတ်ကားကြီးဟာ နဝရတ်ရဲ့ ကိုယ်
ပိုင်ထုတ်လုပ်ရေး ‘ငွေလမင်း’ ကနေ ရိုက်ကူးထားတာဖြစ်ပါတယ်။ လူ တစ်ယောက်မှာ
အတ္တစိတ်ဖုံးလွှမ်းကြီးစိုးလာတဲ့ အချိန် အခါ ဖြစ်တတ်တဲ့ အယူအဆ၊ ခံယူမှုလွဲမှား
မှုမှ တစ်ဆင့် မှားတတ်တဲ့ လူ့ဘဝ ပြဿနာများနဲ့ မိဘမေတ္တာဘွဲ့
ဒရာမာဇာတ်လမ်းကို မန္တလေး၊ စစ်ကိုင်းရှိ လှပသောရှုခင်းများနဲ့ အနုပညာရှင်၊
အတတ်ပညာရှင်တို့က အကောင်းဆုံးပုံဖော်အားထုတ်ဖန် တီးခဲ့ကြခြင်းဖြစ်ပါတယ်။
အဲဒါ ကြောင့် အခုတစ်ပတ်မှာတော့ ‘တိမ် မင်းသမီးရဲ့ဒဏ္ဍာရီ’ ရုပ်ရှင်ဇာတ်
ကားကြီးကို အဖက်ဖက်ကနေ ကြိုး စားအားထုတ် ခဲ့ကြတဲ့ အနုပညာရှင်၊
အတတ်ပညာရှင်တို့ရဲ့ အဲဒီဇာတ် ကားရိုက် ကူးစဉ်က အတွေ့အကြုံ အခက်အခဲများနဲ့
အကယ်ဒမီအကြို စကား သံများကို မေးမြန်းတင်ဆက်ပေးလိုက်ပါတယ်။
► နဝရတ်-
“ဒီနှစ်က တအား အားရ ကျေနပ်မိတယ်။
ကိုယ့်စိတ်ကြိုက် လုပ်ခွင့်ရတဲ့အထိ လုပ်ခဲ့တာလေ။ တစ်ကားလုံးမှာ အမှတ် တရ
တွေ ချည်းပဲ။ ကုန်ကျ စရိတ်က လည်း နှစ် ဆကုန်တယ်။ကုန်သ လောက်လည်းပရိသတ်
ရင်ထဲရောက်တယ်။ နှစ် ကိုယ်ခွဲမှာအစ်မလိုချင်တဲ့ အတိုင်းအတာအထိ
ပရိသတ်နဲ့တစ်သားတည်းဖြစ်တယ်။ ဒရာမာ တွေ ခေတ်မရှိတဲ့အချိန်မှာ
ပရိသတ်ကအားပေးတော့ ဝမ်းသာတယ်။ ရိုက်နေ ရင်းနဲ့ အခက်အခဲ၊ အနှောင့်အယှက်တွေ
အများကြီးပဲ။ မြွေတွေ တွေ့တာတွေ၊ တိမ်တွေက လည်း မိုးတွင်းကြီးရိုက်တာတောင်
တအားလှတယ်။ တိမ်မင်းသမီး မှာ အစ်မမု(ဒ်)တအားရတယ်။ ကိုယ်ထင်မထား တဲ့
အိုက်တင်တွေလုပ်နိုင်ခဲ့တယ်။ ဒီကားနဲ့ရရင်လည်း
အတိုင်းထက်အလွန်ပျော်မှာပါ။အကြိုက်ဆုံးက ညီမဖြစ်သူ ကို အဒေါ်အိမ်က
လာခေါ်တဲ့အခန်း၊အမေကိုညီမကပြန်ရှာတော့ လက်မခံတဲ့ အခန်းတွေ၊နောက်ဆုံးမီးေ
လာင်တော့ လက်တစ်ဖက်မရှိတဲ့အတွက်ရှိခိုးလို့မရ တော့
ညီမရဲ့လက်တစ်ဖက်နဲ့ပေါင်းပြီး အမေကိုကန်တော့တဲ့ အခန်းတွေကြိုက်တယ်။
ဆုတွေကို ကိုးဆုလောက် ရစေချင်တာ။ အကုန်လုံးလည်း ကောင်းကြတယ်လေ”
►ထွန်းအိန္ဒြာဗို
“တိမ်မင်းသမီးရဲ့ဒဏ္ဍာရီ
ရုပ်ရှင်ဇာတ်ကားရိုက်တုန်းက မြွေတွေ့တယ်။ ကျွန်မထိုင်နေတဲ့ဘေးက
သစ်ပင်လေးမှာ မြွေကကပ်နေတယ်။ မြွေက သံကွင်း လေးလိုပဲ
ကွင်းဆက်ကွင်းဆက်ဖြစ်နေတာ။ ကျွန်မက ကလေးတွေ ဆော့ပြီး
ကပ်ထားတယ်ထင်တာ။အနားသွားကြည့်မှ မြွေဖြစ်နေတယ်။ ကျွန်မနဲ့ တော်
တော်နီးနီးလေးပဲ။ကိုယ် က အယူတော့သိပ်မရှိပါဘူး။ဒီဇာတ်ကားက သေချာ တာကတော့
မနဝရတ်တော်တော်လေးကောင်းတယ်။ သူ့ဇာတ်လမ်းပဲ။ သူလည်း
တကယ်လုပ်နိုင်တယ်ဆိုတော့ သူ့အတွက် အကယ်ဒမီလည်း မျှော်မှန်းနိုင်တဲ့
ဇာတ်လေးဖြစ်တယ်။ အကယ်ဒမီလည်း ရနိုင်ပါတယ်”
►ဟိန်းဝေယံ
“ဒီဇာတ်ကားကြီးက
ဒရာမာဇာတ်လမ်းပုံစံဖြစ်တယ်။ ရိုက်တုန်း ကဆိုရင် စစ်ကိုင်းဘက်မှာ
သွားရိုက်တယ်။ သွားရိုက်ရင်း ပရိသတ်တွေနဲ့ ရင်းရင်း
နှီးနှီးတွေ့ဆုံခွင့်ရခဲ့ တယ်။ အဲဒါကတော့ အမှတ်တရပါ ပဲ။ ကျွန်တော့်အနေနဲ့
အတတ် နိုင်ဆုံး ကြိုးစားပြီးသရုပ်ဆောင်ထားပါ တယ်။ အကယ်ဒမီရရမယ်လို့ မျှော်
မှန်းထားတာလည်း မရှိပါ ဘူး။ ကျွန်တော်လုပ်နိုင်သလောက် လုပ်တတ် သလောက်ကို
ကြိုးစားပြီး လုပ်ထားတယ်။ အထိုက်အလျောက်အားရပါ တယ်။ အဲဒီကားလေးကို
တစ်ကားလုံး ခြုံကြည့် လိုက်မယ်ဆိုရင် ဇာတ် လမ်းအရလည်း ကောင်းတယ်။
ပါဝင်တဲ့သရုပ်ဆောင်တွေကလည်း သူ့အခန်းနဲ့သူအံဝင်ခွင်ကျ ဖြစ်တယ်။
ကားကောင်းတစ်ကားပါ”
► ကိုကျော်ညွန့်(ကင်မရာမင်းန်)
“ဒီကားကြီးကို ကင်မရာမင်းန် ကိုဇော်မြင့်က
အရင်ရိုက်ပေးနေတာပါ။ ဒါပေမဲ့ သူ့အဖေနေမကောင်းလို့ မကျန်းမာတဲ့အတွက်
ကိုကျော် ညွန့်အကူအညီပေးပါဆိုတာနဲ့ ကျွန်တော်ရိုက်ပေး ဖြစ်ခဲ့တယ်။ကျွန်တော်
ရိုက်ကူးခဲ့ရတာတွေက တကယ့်ကို ခက်ခက်ခဲခဲတွေ ချည်းပါပဲ။့ ညေါသည ဃငအပ
ဟိုတယ်အပေါ် ထပ်မှာ နဝရတ် မီးလောင် တဲ့အခန်း ကို ရိုက်တဲ့အခန်းပေါ့။
မခိုင်ကြီး (ထွန်းအိâန္ဒာဗို)က နဝရတ်ကို ဝင်ကယ်တာတွေ၊ အဲဒါတွေက
တအားကိုခက်ခဲတယ်။ ဒါရိုက်တာနေပိုင်ရဲ့ အမြင်တွေက ဆန်း
သစ်တယ်။ စစ်ကိုင်းမှာတော့ တောက်လျှောက်ကို လိုက်ရိုက်ပေးခဲ့ရတယ်။ ဒီကားကြီးမှာဒါရိုက်တာနေပိုင်က တအားတော်တယ်။လိုကေးရှင်းတွေကို ပြချင် တယ်။ ဒီဘက်က စစ်ကိုင်းဆိုရင် ဟိုဘက်က မန္တလေးကို ခေါ်ချင်ကြတယ်။ ကျွန်တော်တို့သွားရိုက်တဲ့အချိန်တုန်းက မတ်လဆိုတော့ တအားပူတာ။ အဲဒီ တော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းပေါ်ဖို့အတွက်ကို တအားခက်ခဲတယ်။ ရုပ် ရှင်အခေါ်အဝေါ်အရဆိုရင်ကြမညနေတယ်။ဒါပေမဲ့ ကျွန်တော်တို့လိုကေးရှင်း တွေကို ကြိုးစားအားထုတ်ပြီး
ပေါ်လွင်အောင်ရိုက်ခဲ့တယ်။ စစ်ကိုင်း ဥမင်သုံးဆယ် ဘုရားမှာဆိုရင်အတော်ကို ကြိုးစားပမ်းစားနဲ့ ရိုက်ကူးခဲ့ကြရတယ်။ ထော်လီ၊ ကရိန်းစက်အဖွဲ့သားတွေ အကုန်လုံးေ နချစ်ချစ်တောက်ပူနေတဲ့ ဘုရား ရင်ပြင်တော်တွေမှာ အပူချိန်ကို တွန်းလှန်ပြီးတော့ ဒီကားကြီးကို အကောင်းဆုံး ဖြစ်ဖို့အတွက် ကြိုးစားခဲ့ကြရတယ်။ ဒီကားကြီးက ဖလင် ကားတော့ မဟုတ်ဘူး။DCP ကားပေါ့။ကျွန်တော် ဖလင်ကားတွေအများကြီး ရိုက်ခဲ့ဖူးပါတယ်။ အကယ်ဒမီနဲ့လည်း လွဲခဲ့တာများလို့ အကယ်ဒမီအတွက်လည်း ရင်မခုန် တော့ပါဘူး။ ကျွန်တော်ငယ်ငယ်တုန်းက တကယ့်ကို ရူးသွပ်ခဲ့တဲ့အချိန်ကလည်း ရမယ်လို့ တွက်ထား ပေမယ့်မရခဲ့ပါဘူး။ တခြား ဇာတ်ကားတွေဖြစ်တဲ့ ကိုအောင်ကို လတ်ဇာတ်ကား ‘ကယန်းအလှ’ ၊ ကိုဝိုင်း ရဲ့ကား ‘လက်ပံ’ တွေကို ကျွန်တော်ကြည့်ခဲ့ပြီးပါပြီ။တစ်ခုနဲ့တစ်ခုကတော့ မတူဘူး။ ကျွန်တော် တို့ကားကလည်း အကယ်ဒမီမှန်း ရိုက် တယ်လို့ ပြောလို့ရနိုင်တဲ့ ဇာတ်ကားပါ။ ပြီးတော့ ‘တိမ်မင်းသမီး’ ကို တခြား ပြည်ပနိုင်ငံတွေမှာလည်း ပြသခဲ့ပြီး သွားပြီ ဆိုတော့ စစ်ကိုင်း၊ မန္တလေး၊ အင်းဝတွေရဲ့ အလှတရားတွေကို တွေ့မြင်ပြီး လောက်ပါပြီ။ ဒါရိုက်တာနေပိုင်ကိုတော့ ကျွန်တော်ရစေချင် တယ်။နေ့မအိပ်၊ ညမအိပ် မိုးလင်းတဲ့အထိ ရိုက်ကြတယ်။ မိုးဘယ်လိုလင်း သွား မှန်း တောင်မသိပါဘူး။ မင်းသမီးအပိုင်းမှာ နဝရတ်က အစွမ်းကုန်ကိုငွေရော၊လူရော ကြိုးစားအားထုတ် ခဲ့ပါတယ်။သူလည်းရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်အကယ်ဒမီ ကိုတော့ တအားလို ချင်ပါတယ်။ ဒါပေမဲ့ ‘လက်ပံ’ တို့ ‘ကယန်းအလှ’ တို့ရှိနေတော့ ဘာပဲပြောပြော ကျွန်တော်တို့ထက် ကောင်းတဲ့ အပြိုင်ကားတွေ ရှိ နေပါတယ်။ ကိုအောင်ကိုလတ်ကြီး မှာလည်း ကြိုးစားအားထုတ်မှုတွေအများကြီးဆိုတော့ သူ့မှာအခွင့်အရေးတွေ အများကြီး ရှိနေပါတယ်။’လက်ပံ’ ကလည်း ရှိနေပါေ သးတယ်။ နောက်တစ်ခုက ‘မော်ကင်း ဥဒါန်း’ ဇာတ်ကားကြီးကိုတော့ ကျွန်တော်ရစေချင်တယ်။ အကြောင်းအကျိုး တိုက်ဆိုင်ပြီး ကျွန်တော်တို့မှာ လာတိုက်ဆိုင်နေတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်ကသာဆိုရင် အဲဒီကားကြီးက အကယ်ဒမီတွေ အများကြီးရသွားနိုင်တဲ့ကားကြီးပါ။ အဲဒီတော့ ဒီနှစ်ရဲ့ယှဉ်ပြိုင်မှုက ကြီးမားပါတယ်”
►အကယ်ဒမီငြိမ်းမင်း (ဇာတ်ညွှန်း)သစ်တယ်။ စစ်ကိုင်းမှာတော့ တောက်လျှောက်ကို လိုက်ရိုက်ပေးခဲ့ရတယ်။ ဒီကားကြီးမှာဒါရိုက်တာနေပိုင်က တအားတော်တယ်။လိုကေးရှင်းတွေကို ပြချင် တယ်။ ဒီဘက်က စစ်ကိုင်းဆိုရင် ဟိုဘက်က မန္တလေးကို ခေါ်ချင်ကြတယ်။ ကျွန်တော်တို့သွားရိုက်တဲ့အချိန်တုန်းက မတ်လဆိုတော့ တအားပူတာ။ အဲဒီ တော့ ဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်းပေါ်ဖို့အတွက်ကို တအားခက်ခဲတယ်။ ရုပ် ရှင်အခေါ်အဝေါ်အရဆိုရင်ကြမညနေတယ်။ဒါပေမဲ့ ကျွန်တော်တို့လိုကေးရှင်း တွေကို ကြိုးစားအားထုတ်ပြီး
ပေါ်လွင်အောင်ရိုက်ခဲ့တယ်။ စစ်ကိုင်း ဥမင်သုံးဆယ် ဘုရားမှာဆိုရင်အတော်ကို ကြိုးစားပမ်းစားနဲ့ ရိုက်ကူးခဲ့ကြရတယ်။ ထော်လီ၊ ကရိန်းစက်အဖွဲ့သားတွေ အကုန်လုံးေ နချစ်ချစ်တောက်ပူနေတဲ့ ဘုရား ရင်ပြင်တော်တွေမှာ အပူချိန်ကို တွန်းလှန်ပြီးတော့ ဒီကားကြီးကို အကောင်းဆုံး ဖြစ်ဖို့အတွက် ကြိုးစားခဲ့ကြရတယ်။ ဒီကားကြီးက ဖလင် ကားတော့ မဟုတ်ဘူး။DCP ကားပေါ့။ကျွန်တော် ဖလင်ကားတွေအများကြီး ရိုက်ခဲ့ဖူးပါတယ်။ အကယ်ဒမီနဲ့လည်း လွဲခဲ့တာများလို့ အကယ်ဒမီအတွက်လည်း ရင်မခုန် တော့ပါဘူး။ ကျွန်တော်ငယ်ငယ်တုန်းက တကယ့်ကို ရူးသွပ်ခဲ့တဲ့အချိန်ကလည်း ရမယ်လို့ တွက်ထား ပေမယ့်မရခဲ့ပါဘူး။ တခြား ဇာတ်ကားတွေဖြစ်တဲ့ ကိုအောင်ကို လတ်ဇာတ်ကား ‘ကယန်းအလှ’ ၊ ကိုဝိုင်း ရဲ့ကား ‘လက်ပံ’ တွေကို ကျွန်တော်ကြည့်ခဲ့ပြီးပါပြီ။တစ်ခုနဲ့တစ်ခုကတော့ မတူဘူး။ ကျွန်တော် တို့ကားကလည်း အကယ်ဒမီမှန်း ရိုက် တယ်လို့ ပြောလို့ရနိုင်တဲ့ ဇာတ်ကားပါ။ ပြီးတော့ ‘တိမ်မင်းသမီး’ ကို တခြား ပြည်ပနိုင်ငံတွေမှာလည်း ပြသခဲ့ပြီး သွားပြီ ဆိုတော့ စစ်ကိုင်း၊ မန္တလေး၊ အင်းဝတွေရဲ့ အလှတရားတွေကို တွေ့မြင်ပြီး လောက်ပါပြီ။ ဒါရိုက်တာနေပိုင်ကိုတော့ ကျွန်တော်ရစေချင် တယ်။နေ့မအိပ်၊ ညမအိပ် မိုးလင်းတဲ့အထိ ရိုက်ကြတယ်။ မိုးဘယ်လိုလင်း သွား မှန်း တောင်မသိပါဘူး။ မင်းသမီးအပိုင်းမှာ နဝရတ်က အစွမ်းကုန်ကိုငွေရော၊လူရော ကြိုးစားအားထုတ် ခဲ့ပါတယ်။သူလည်းရမယ်လို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော်အကယ်ဒမီ ကိုတော့ တအားလို ချင်ပါတယ်။ ဒါပေမဲ့ ‘လက်ပံ’ တို့ ‘ကယန်းအလှ’ တို့ရှိနေတော့ ဘာပဲပြောပြော ကျွန်တော်တို့ထက် ကောင်းတဲ့ အပြိုင်ကားတွေ ရှိ နေပါတယ်။ ကိုအောင်ကိုလတ်ကြီး မှာလည်း ကြိုးစားအားထုတ်မှုတွေအများကြီးဆိုတော့ သူ့မှာအခွင့်အရေးတွေ အများကြီး ရှိနေပါတယ်။’လက်ပံ’ ကလည်း ရှိနေပါေ သးတယ်။ နောက်တစ်ခုက ‘မော်ကင်း ဥဒါန်း’ ဇာတ်ကားကြီးကိုတော့ ကျွန်တော်ရစေချင်တယ်။ အကြောင်းအကျိုး တိုက်ဆိုင်ပြီး ကျွန်တော်တို့မှာ လာတိုက်ဆိုင်နေတယ်။ လွန်ခဲ့တဲ့ ရှစ်နှစ်ကသာဆိုရင် အဲဒီကားကြီးက အကယ်ဒမီတွေ အများကြီးရသွားနိုင်တဲ့ကားကြီးပါ။ အဲဒီတော့ ဒီနှစ်ရဲ့ယှဉ်ပြိုင်မှုက ကြီးမားပါတယ်”
“ဒီဇာတ်ကားကြီးက ရှင်မရဲ့ ဝတ္ထုပေါ့။
ဝတ္ထုကလည်း အင်မတန် ကိုကောင်းပါတယ်။ ပြီးတော့ ဇာတ်အိမ်က တအားကြီးတယ်။
ဇာတ်အိမ် ကကြီးတော့ ရုပ်ရှင်ဇာတ်ကား တစ် ကားစာနှုန်းနဲ့ တွက်လိုက်တဲ့အခါကျ
တော့ အဲဒီအထဲက ပလော့တွေ အကုန်လုံးကို ထည့်လို့မရဘူးပေါ့။ အဲဒါက
အမြဲတမ်းဖြစ်နေကျပါပဲ။ ဝတ္ထုနဲ့ ဇာတ်ညွှန်းမှာ အမြဲ တမ်းဖြစ် နေကျပြဿနာက
ဝတ္ထုက ဥာဏ်မြူးရင်မြူးသလောက် ရေးလို့ရတယ်။ ရုပ်ရှင်ဇာတ်ညွှန်းဖွဲ့ပြီဆို
ရင်တော့ ပြသချိန်အခက်အခဲထဲမှာ ရအောင် ပြရတာဆိုတော့ ဘယ် ဟာကိုဖြုတ်မလဲ၊
ချန်မလဲဆိုတာ ပြဿနာအနည်းငယ်ရှိတယ်။ အဲဒီမှာ ဆရာက ဘာလုပ် လဲဆိုတော့
ဒီဇာတ်ညွှန်း ကိုရေးဖွဲ့ဖို့ပြောတော့ ဖတ်ကြည့်တယ်။ ဝတ္ထုက အား
ကောင်းပါတယ်။ဝတ္ထုပုံစံနဲ့ ရေးထားတာဖြစ်တဲ့အတွက်ကြောင့် ရုပ်ရှင် ဘက်ထဲကို
ရောက်အောင်ကို ပြောင်းရတာလေ။ ကျွန်တော်တို့ အကုန်လုံးဟာ ထုံးစံအတိုင်း
စာမေးပွဲဖြေသူများဖြစ်တယ်။ ဒါကြောင့် အောင် တာ၊ ရှုံးတာတို့၊
ဂုဏ်ထူးထွက်တာတို့ဆိုတာက အကယ်ဒမီ အကဲဖြတ်ရွေးချယ် ရေးအဖွဲ့က
ဆုံးဖြတ်ပေးမှာပါ။ ကျွန်ေ တ်ာပြောရရင် ပရိသတ်အမြင်နဲ့ဆုရွေးချယ်ရေး
အဖွဲ့နဲ့ အမြင်ကတော့ ကွာခြားမှုရှိနိုင်တယ်။ ပရိသတ်က သူခံစားမိတဲ့ ပလော့
ကိုကြိုက်ပြီး တော့ ခံစားချက်နဲ့တိုက်ဆိုင်တဲ့ ကာရိုက်တာ ဇာတ်လမ်းကို
ကြိုက် လေ့ကြိုက်ထရှိပါတယ်။ဆုရွေးချယ် ရေးအဖွဲ့ကတော့သုံး၊လေးခါ ကြည့်ရတော့
သူများမမြင်နိုင်တာမြင်တယ်။ ကောင်းတာ တွေကို လည်း မြင် နိုင်တာပေါ့။
ပြီးတော့ သူတို့အတွေ့အကြုံ၊သူတို့အနုပညာပေတံအရ အမှတ်တွေထွက်လာ ပါမယ်။ အဲဒီ
တော့ ကျွန်တော်တို့ကတော့ အကောင်းဆုံးဖန်တီး ထားကြမယ်။ အဲဒါကိုမှ
အမှတ်ပေးရွေးချယ်ရေးအဖွဲ့ရဲ့ ရမှတ်တွေနဲ့ တိုက်ဆိုင်သွားရင် အကယ်ဒမီဆိုတာ
ရကြလိမ့်မယ်လို့ ယုံကြည်တယ်”
ပေါ်ပြူလာအဖွဲ့
popularmyanmar
No comments:
Post a Comment