ဒီဇင်ဘာ ၂၇ ရက်နေ့ရောက် ရင် ရုပ်ရှင် ရုံတွေမှာ ရုံတင်ပြသမယ့် ဒါရိုက်တာ ပန်းချီစိုးမိုး ရိုက်ကူးတင် ဆက်တဲ့ ကြယ်စင်မော်ကွန်း ရုပ်ရှင် ဇာတ်ကား ပရက်ရှိုးပွဲ ကို ဒီဇင်ဘာ ၁ ရက်နေ့၊ မနက် ၇ နာရီက သမ္မတ ရုပ်ရှင်ရုံ မှာ ကျင်းပခဲ့ပါတယ်။ ကြယ် စင်မော်ကွန်း ဇာတ်ကားဟာ မြန်မာ့ သမိုင်းဖြစ်စဉ် ထဲက တပ်မတော် ရဲ့ လွတ် လပ်ရေး ကြိုးပမ်းမှု နဲ့ ဗိုလ်ချုပ် အောင်ဆန်း အကြောင်း ရိုက်ကူးပုံ ဖော်ထားတဲ့ ဇာတ်ကားဖြစ်ပါတယ်။ ဒါကြောင့် ကြယ်စင်မော်ကွန်း ဇာတ်ကားနဲ့ ပတ်သက်ပြီး ဒါရိုက် တာ ပန်းချီစိုးမိုးကို မေးကြည့်တော့ “ဒီဇာတ် ကားကို စာရင်းအရ ဆိုရင် နောက်နှစ် လောက်မှ ပြဖို့အချိန် ရတယ်။ အခု ကြားဖြတ်ပြီး ပြတယ် ဆိုတာက လည်း စစ်ကား ၊ပေါ်လစီကား မို့ တန်းမစီဘဲ ပြလို့ရတယ်။ အဲဒီလိုလည်း အပြော မခံနိုင်ဘူး။ ရိုက်ပြီး တာလည်း နှစ် မနည်းတော့ဘူး ဆိုတော့ လွတ် တဲ့ရုံတွေမှာ ရန်ကုန်ရော၊ မန္တလေး မှာရော ပြသသွားမယ်။ ဇာတ်ကား မှာ အားလုံးက လိုလိုလားလား လက်ခံ ရိုက်ကြတဲ့ အတွက် သူတို့ သရုပ် ဆောင်မှုတွေကို အားရပါတယ်။ တိုက်ပွဲမှာ ပစ်တဲ့ သေနတ်၊ ဗုံးတွေကို ငွေကြေး အမြောက်အမြား အကုန်ကျ ခံပြီးတော့ သုံးထားတယ်။ ဗိုလ်ချုပ် အောင်ဆန်း မိန့်ခွန်း အသံကိုလည်း အစစ် သုံးထားတယ်။ သရုပ်ဆောင် တွေက လည်း ကြိုးစား ပုံဖော်ကြတယ်။
မြန်မာပြည် သား ဇာတ်ကား မရိုက်ခင် အခု ၁လပိုင်းမှာ ရုပ်ရှင် ဇာတ်ကား တစ်ကား ရိုက်ဖို့ စီစဉ်နေတယ်” လို့ ပြောပြပါတယ်။
ကရင်ပြည်နယ် မှာ ငြိမ်းချမ်းရေးနဲ့ ဒေသ
ဖွံ့ဖြိုးရေး လုပ်ငန်းတွေ လုပ်ကိုင်နေသူလည်း ဖြစ်၊ ကြယ်စင်မော်ကွန်း
ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ သူလည်းဖြစ် တဲ့ ဝေဠုကျော်ကို မေးကြည့် တော့
“အရင်က နိုင်ငံတော်ကား အတွက် ကျွန်တော် တို့ကို လာခေါ်ရင် ရိုက်ချင်သည်
ဖြစ်စေ၊ မရိုက်ချင် သည်ဖြစ်စေ ရိုက်ပေးရတယ် ။တခြား အလုပ်တွေ ကိုလည်း
ရပ်ထားပေးရ တယ်။ အခု ဒီကြယ်စင်မော်ကွန်း ဇာတ်ကားက ဗိုလ်ချုပ်အောင်ဆန်း ရဲ့
သမိုင်းကို စတင်ဖော်ထုတ်ခွင့် လည်း ရတယ်။ ကျွန်တော့် ကို ဒီဇာတ်ကား
ရိုက်ဖို့ လာပြောတာနဲ့ လက်ခံ ရိုက်ဖြစ်သွားတာပါ။ သမိုင်း ဆိုတာ ဖုံးကွယ်ထား
လို့သာ ရရင်ရမယ်။ ဖျောက်ဖျက် လို့တော့ မရဘူးလေ။ တပ်မတော်ရဲ့ ဖခင်အစစ်က
ဗိုလ်ချုပ် အောင်ဆန်း ဆိုတာ ဒီသမိုင်းက ပြသွားတယ်။ ဘုရင်တွေတည် ထောင်တဲ့
တပ်မတော် စနစ်တွေ ပျက် စီးသွားတဲ့ နောက်ပိုင်းမှာ ပထမဦး ဆုံးလက်ရှိ
သွားနေတဲ့ တပ်မတော်ကို ပြန်လည် ထူထောင်တာ ဗိုလ်ချုပ် အောင်ဆန်း ဆိုတဲ့
သမိုင်းကြီးတစ်ခု လုံးက ဖျောက်ဖျက် လို့မရပါဘူး။ ကျွန်တော် တို့ မြန်မာ
လူမျိုးဆိုတာ မြန်မာပြည်သား မှန်ရင် ကျွန်တော်တို့ မြန်မာ သမိုင်းတွေကို
သိထားသင့် တယ်။” လို့ ပြောပြခဲ့ပါတယ်။
ဆက်လက်ပြီးတော့ ကြယ်စင်မော်ကွန်း
ရုပ်ရှင်ဇာတ်ကားမှာ စစ်သား အသွင် နဲ့ ရဲရင့်သတ္တိများ ပြည့်စုံစွာဖြင့်
တိုက်ပွဲဝင်နေသူ အဖြစ် သရုပ်ဆောင် ခဲ့တဲ့ စိုးရန်အောင် ကလည်း “ဒီစစ်ကားက
တပ်မတော် စစ်ကား ၊ပေါ်လစီ ကားသက်သက် မဟုတ်ဘူး။ ဗိုလ်ချုပ် အောင်ဆန်း
အခန်းတွေပါတယ်။ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ဂုဏ်တွေ ဖော် ကျူး တဲ့အတွက်
ကျွန်တော် လည်း ဝမ်းသာအားရ ပါဝင်သရုပ် ဆောင်တယ်။ ဂုဏ်လည်း ယူတယ်။
ဦးစိုးမိုး နဲ့ ရုပ်ရှင်ကားကြီး ရိုက်ကူးဖို့ ရှိတယ်။ ခေါင်းဆောင် မင်းသား
အနေ နဲ့ ရိုက်မှာပါ။” လို့ ပြောပြခဲ့ပါမယ်။
ထူးထူး
popularmyanmar
No comments:
Post a Comment