နှစ်သစ်တွင် ပရိသတ်များ အမြင်ဆန်းအောင်
အက်ရှင် ဇာတ်ကား စတင် ရိုက်ကူးတော့မည် ဖြစ်ကြောင်း Miss Grand Myanmar 2013
ထားထက် ထက်ကပြော သည်။ ”အက်ရှင် ဇာတ်ကားကို စရိုက်ဖို့ ထားထက်က အားကစား
သမားဖြစ်တဲ့ အတွက်ကြောင့် လိုက်ဖက်မယ် ထင်တယ်။ ကိုယ်တိုင် ကလည်း အက်ရှင်
သရုပ်ဆောင် အိုက်တင်တွေကို သဘောကျတယ်”ဟု ထားထက်ထက် က ပြောသည်။
ထားထက်ထက်က ပြည်တွင်း မဂ္ဂဇင်း
မျက်နှာဖုံး၊ ဂျာနယ်တွေမှာ ဓာတ်ပုံ ရိုက်ပေးပြီး အနုပညာ ဝမ်းစာကို
စုဆောင်းနေပြီး ကိုယ်တိုင် အားကျခဲ့ ရသည့် အက်ရှင် သရုပ်ဆောင် ဂျိုလီနှင့်
ဂျက်ကီချန်း အခွေများကိုလည်း အမြဲလေ့လာ ဖြစ်ကြောင်း ပြောသည်။
”ဇာတ်ကား ရိုက်ဖို့ လာအပ်တာတွေ ထားထက်
အကြောင်းပြန် မကြားရသေး တာတွေက ထားထက် ဘက်က လိုအပ်ချက်တွေ ရှိနေသေးတယ်။
ရိုက်ကွင်းတွေ ကို ကိုယ်တိုင် ကိုယ်ကျ လိုက်လေ့လာနေတာကြောင့်ပါ”ဟု ၄င်းက
ဆက်ပြောသည်။
Miss Grand Myanmar 2013 ထားထက်ထက် သည်
ပြိုင်ပွဲ ၀င်စဉ်က ကတိ ထားသည့် အတိုင်း ရတဲ့ ဆုတွေနှင့် ရတဲ့
အနုပညာငွေကြေးတွေ ကို စုပေါင်း ပြီး အများပြည်သူ အတွက်
အကျိုးဖြစ်ထွန်းစေမည့် ပရဟိတ ဖောင်ဒေးရှင်း တစ်ခု ထူထောင်ဖို့ ကတိ
ထားခဲ့ကြောင်းလည်း သိရသည်။
”ထားထက် တဲ့ဆုတွေကို အခု ပဒေသာပင်
စိုက်ထားတယ်။ အနုပညာ လုပ်ရင်း ရတဲ့ ငွေကြေးတွေ နဲ့ စုပေါင်းပြီး လိုအပ်တဲ့
နေရာမှာ ထားထက် လှူဒါန်းနိုင် ဖို့ ဖောင်ဒေးရှင်း တစ်ခုထောင်မယ်။ အခု
အစပျိုးနေပါပြီ”ဟု ၄င်းကပြောသည်။
”ဖောင်ဒေးရှင်း ကို အကောင်အထည် ဖော်ဖို့
ထားထက် အခု အနုပညာတွေ လုပ်ပြီး မိဘ ပြည်သူတွေ အားပေးမှုနဲ့ လှူဒါန်းမှုကို
ပေါင်းပြီး လုပ်ဆောင်သွားမှာ” ဟု ထားထက်ထက် က ပြောသည်။
ထူးထူး
popularmyanmar
No comments:
Post a Comment