မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Thursday, December 19, 2013

အကယ်ဒမီ ရင်ခုန်သံ အစစ် အကြောင်း ကိုယ့်ကိုယ်ကိုယ် ပြန်မေးနေတဲ့ ဒါရိုက်တာ ဝိုင်း

(ရန်ကုန်၊ ဒီဇင်ဘာ ၁၆)
”အကယ်ဒမီ ရင်ခုန်သံ အစစ် ဆိုရင် ဝိုင်းဆိုတဲ့လူ တစ်ယောက်ရော ရှိမှ ရှိသေးလားလို့ ကိုယ့်ကိုယ်ကိုယ် ပြန်မေးချင်တယ်”ဟု အကယ်ဒမီ စာရင်းဝင် လက်ပံ ဇာတ်ကား ဖန်တီးသူ ဒါရိုက်တာဝိုင်းက ပြောသည်။
”လက်ပံ ဇာတ်ကားမှာ မမျှော်လင့်တဲ့ ပြဿနာတွေ ဘယ်ကနေ ဖြစ်လာမယ် ဆိုတာ မသိဘဲ ပြဿနာ ကြားကပဲ လက်ပံက အောင်မြင်ခဲ့တယ်။ အောင်မြင်ခဲ့လို့ ပရိသတ် ကြည့်ကြတယ်” ဟု ဝိုင်းက ပြောသည်။
”အကျိုးအမြတ် ရစေ၊ အကယ်ဒမီရစေ ဆိုပြီး မျှော် လင့်ချက်နဲ့ လုပ်တာ မဟုတ်တဲ့ အတွက် ဒီဇာတ်ကားကို ကြည့်ပြီးရင် ပြီးဆုံးတဲ့ အထိ စိတ်ချမ်းသာစွာ နဲ့ပဲ ကြည့်စေ ချင်တဲ့ ဆန္ဒသာ ရှိတယ်”ဟု ၄င်းက ဆက်ပြောသည်။
ပရိသတ်တွေ ကြားမှာ အောင်မြင်ခဲ့သော ဒါရိုက်တာ ဝိုင်းရဲ့ ရုပ်ရှင် ဇာတ်ကားကြီး ၂ ကားဖြစ်သည့်  ‘အာဒံရယ် ဧဝရယ် ဒဿရယ်’ ဇာတ်ကားနှင့် ‘လက်ပံ’ ဆိုလျှင် ဆင်တူ ရိုးမှားခေါင်းစဉ် တပ်ပြီး သရော်ပုံစံ လုပ်လာသည့် အပေါ်မှာ လည်း အဆိုပါ သရော်သည့်ကားပါ အောင်မြင်ကြကြောင်း ဒါရိုက်တာ ဝိုင်းက ဆိုသည်။

”ဒီလို သရော်တဲ့ ပုံစံက နိုင်ငံတိုင်းမှာ ရှိတယ်။ အောင်မြင်တဲ့ ဇာတ်ကားတော်တော် များများကို ပြန် သရော်တာဟာ ကျွန်တော့် ကားလည်း ပါဝင်တဲ့ အတွက် ကျွန်တော့် ကား အောင်မြင်လို့ သရော်တယ်လို့ပဲ ထင်တယ်” ဟု ၄င်းက ပြောသည်။
”သူများကို သရော်တဲ့ အခါမှာ ပုဂ္ဂိုလ်ရေး မပါဘဲ အနုပညာ ပါရမယ်။ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ရှိရမယ်။ ပေါတောတော လုပ်ရင် ပေါတောတော ဖြစ်သွားမှာပဲ” ဟု ဝိုင်းက ဆက်ပြော သည်။
ထူးထူး
popularmyanmar

No comments:

 Blogger

Myanmar CNN