ဆယ်ကျော်သက် အရွယ်နှင့် ကျရာ ဇာတ်ကောင် စရိုက်ကို ပီပြင်စွာ သရုပ်ဆောင်နိုင်သူ ရွှေမှုံရတီက
ပရိသတ် အားပေးမှု များလာရင် တာဝန်လည်း
ပိုကြီး လာတယ် ဆိုတာကို အခုလို ပြောပြ ခဲ့ပါတယ်။ ''ပရိသတ်တွေ အားပေးမှု
အတွက် ရွှေမှုံ ဝမ်းသာပါတယ်။ အားလည်း ရှိတယ်။ ပရိသတ်တွေ အားပေးမှု များလာရင်
တာဝန်က ပိုကြီးတယ်။ ဒါကြောင့် ပရိသတ်ကြီးရဲ့ အားပေးမှုတွေကို အလကား
မဖြစ်ရအောင် ပြန်လည် တုံ့ပြန်နိုင်ဖို့ ကြိုးစား သွားမှာပါ'' ဟု
ပြောပြခဲ့သည်။
ရွှေမှုံရတီ၏ လတ်တလော အနုပညာ လှုပ်ရှားမှု
အနေဖြင့် ဒါရိုက်တာ ဝင်းထွန်းထွန်း၊ မင်းသား လူမင်း၊ ညီထွဋ်ခေါင်တို့နှင့်
အတူ ''ပန်းပျိုးသူ'' ဇာတ်ကားလေးကို ရိုက်ကူးလျက် ရှိကြောင်း သိရသည်။
အနုပညာရှင် တစ်ယောက်၏ အောင်မြင်မှုကိုလည်း
သူက ''လူတစ်ယောက်က ကံရယ်၊ စန်းရယ် ရှိလို့ ပရိသတ် အားပေးမှု ရတယ် ဆိုပေမဲ့
ကိုယ် မကြိုးစားရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ ဘယ်အရာမှ လွယ်လွယ်လေးနဲ့
မရနိုင်တဲ့ အတွက် ကြိုးစား ရမှာပါ။
အခုလက်ရှိ နံပါတ်တစ်နေရာ ရနေကြတဲ့
အနုပညာ ရှင်ကြီးတွေတောင်မှ လွယ်လွယ်ကူကူနဲ့ ဒီလို နေရာကို ရောက်လာကြတာ
မဟုတ်ပါဘူး။ အခက်အခဲတွေ ရင်ဆိုင် ခဲ့ရပါတယ်။ အဲဒီအတွက် ရွှေမှုံကတော့
ရှေ့လျှောက် ခုကနေ နောင် အချိန်ပေါင်းများစွာ အထိ ကြိုးစား သွားမှာပါ။
အခုလည်း ပရိသတ်ကြီး အတွက် အမြဲ ကြိုးစား နေမှာပါ'' ဟု ပြောပြခဲ့သည်။
ရွှေမှုံရတီသည် အနုပညာတွင်သာမက
အားကစားဘက်တွင်လည်း တင်းနစ် အားကစား၊ ဂေါက်ရိုက် အားက စားများကို
စိတ်ပါဝင်စားသူ ဖြစ်သည့်အလျောက် (၂၇) ကြိမ်မြောက် အရှေ့တောင်အာရှ
အားကစားပွဲ ကြီးတွင် ပါဝင် ယှဉ်ပြိုင်သော အားကစားသမားများကို အမြဲတမ်း
အားပေးလျက် ရှိကြောင်း သူက ဆက်လက် ပြောပြခဲ့သည်။ ။
Aသူ
No comments:
Post a Comment