“တီဘီရောဂါ တိုက်ဖျက်ရေး အတွက် ဆရာဝန်
ညီလာခံလုပ်တဲ့ နေရာမှာ မှတ်တမ်းလေး ရိုက်ချင် တယ်ပေါ့။ အဲဒီမှာ
ကျွန်တော့်ကို လာ ပြီး အကူအညီတောင်းတဲ့ အတွက် ကျွန်တော် ကိုယ်တိုင်
ဒါရိုက်တာ လုပ်ပြီး ရိုက်ပေးလိုက်တယ်။ သူတို့ပေးတဲ့ ဇာတ် လမ်း၊
ဇာတ်ညွှန်းကို အဆင်ပြေသလို ရိုက် ပေးလိုက်တယ်။ ရိုက်တဲ့ အခါမှာ ဒီ ဟာက
ဆရာဝန်တွေကို လည်းပြမှာ ဖြစ်သလို၊ ဒီဟာကို သူတို့ လက်ခံ တယ်ဆိုရင်
ရုပ်မြင်သံကြား မှာပညာ ပေးအနေနဲ့ ပြဖို့ အစီအစဉ်လည်း ရှိတော့ ကျွန်တော်က
စိတ်ဝင်စားအောင် သရုပ်ဆောင်ထဲ ကဆိုရင် နန်းခင်ဇေ ယျာ ကိုထည့်ပါဆိုပြီး
ပြောလိုက် တယ်။
အဲဒါနဲ့ သူတို့ နန်းခင်ဇေယျာ ကို ခေါ်သုံးတယ်။
ကင်မရာနှစ်လုံးနဲ့ ရိုက် တာပေါ့။ ကျွန်တော်တို့ အသင်း မှာ ရှိ တဲ့
Volunteer တွေ၊ ဝန်ထမ်းတွေ အကူအညီ နဲ့ ရိုက်တယ်။ ဆင်းန်က အားလုံး အတို၊
အတိုလေးတွေ နဲ့ဆို ၇ဆင်းန်၊ ၈ဆင်းန် လောက် ရှိတယ်။ မနက် ကတည်းက
ရိုက်တာပြီးသွားပြီ” လို့ ပြောပါတယ်။
အခုလို တီဘီရောဂါ စီမံချက် အတွက်
ရိုက်ကူးပေးတဲ့ ဇာတ်လမ်း တိုလေးဟာ ၂ဝဝ၇ခုနှစ် နောက်ပိုင်း ပထမဦးဆုံး
ဒါရိုက်တာ အဖြစ်ပြန် ရိုက်တဲ့ ဦးကျော်သူ ရဲ့ အနု ပညာပဲ ဖြစ်ပါတယ်။
“တီဘီ ဝေဒနာရှင်တွေကို ဆရာ ဝန်တွေဆီမှာ
တီဘီ တိုက်ဖျက်ရေး အတွက် Volunteer တွေ ရှိတယ်။ အဲဒီ Volunteer တွေက
တွေ့တယ် ဆိုရင် တီဘီရောဂါ ကုသရေး ဆေးခန်းတို့၊ ဆေးရုံတို့ကို
ခေါ်သွားပြီးတော့ ဆေး ဝါး အလကားပေးတယ်။ ပျောက် တဲ့အထိ ကုပေးတယ်။ ပျောက်
တယ်ဆိုရင် ဆေးကပြင်းတဲ့ အတွက် လူကနုံး တယ်။ အားအင်လျော့ပါး တဲ့ အတွက်
ဆန်တို့၊ ခေါက်ဆွဲခြောက် ထုပ်တို့၊ မုန့်တွေပါ အဲဒီ အသင်း အဖွဲ့ က
အခမဲ့ပေးတယ်။ ပြီး တော့ တီဘီရောဂါ ဟာ HIV ရောဂါလို ပဲ ကူးစက်နိုင်တယ်။
ဆေးမှန်မှန် မသောက်ဖူး ဆိုရင် အန္တရာယ် များ တယ်။ အဲဒါလေးပါပဲ”လို့
ဦးကျော်သူ ဒါရိုက်တာ အဖြစ် ရိုက်ကူးပေးခဲ့ တဲ့ ပညာပေး ဇာတ်လမ်းတို
အကြောင်း ကို ရှင်းပြပါတယ်။
အများ အတွက် အကျိုးပြုမယ့် အရာတွေကို အကူအညီ aတာင်းလာ ခဲ့မယ်ဆိုရင် အားရင် အားသလို ကူညီပေးသွားမယ့် အကြောင်းကို လည်း ဦးကျော်သူက..
“အများအတွက် အကျိုးပြုမယ့် ဟာဆို
ကျွန်တော် ရိုက်ပေးမှာပါ။ ကိုယ်ကိုယ်တိုင် လုပ်ဖို့ဆိုတာ ဒီလို မျိုး
ဇာတ်လမ်း တိုလေးတွေဆို ပြဿ နာ မရှိဘူး။ ရိုက်ရတာလည်း ကိုယ့် ဆေးခန်းမှာပဲ
ရိုက်ရတာ ဆိုတော့ သိပ်အဝေးကြီး သွား မရိုက်ရ တော့ အချိန်ပေးနိုင်တယ်။
ကိုယ့် အလုပ်ရှိရင် သွား ရိုက်လိုက်၊ ဒီမှာ အလုပ် ပြန် လုပ်လိုက် ဆိုတော့
အချိန်မပေးနိုင်ဘူး” လို့ ပြောပါတယ်။
မျိုးမောင်
popularmyanmar
popularmyanmar
No comments:
Post a Comment