မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, February 4, 2014

မင်္ဂလာဆောင်ဖို့ စဉ်း စားပြီဆိုရင် ပရိသတ်ကို အရင်ဆုံး အသိပေး သွားမှာပါ ဆိုတဲ့ နန်းဆုရတီစိုး

နန်းဆုရတီစိုး က ဖားကန့်ကို တစ်ပတ်ကြာ ဖျော်ဖြေရေး သွားရောက်ခဲ့ ပါတယ်။ ခုနစ်ရက် ဆက်တိုက် ဖျော်ဖြေ ရတာကြောင့် ပရိသတ်တွေ နဲ့ ရင်းနှီးနွေးထွေး ခဲ့ပြီး ပရိသတ်တွေ ကလည်း တအား အားပေးခဲ့ကြကြောင်း သိရပါတယ်။ ပရိသတ်တွေ ပေးတဲ့ ပန်းစည်းတွေ၊ ဆုကြေး လက်ဆောင်တွေ ရရှိခဲ့ ကြောင်းကိုလည်း နန်းရတီစိုး က “စင်ပေါ်မှာ ပရိသတ်တွေက ပန်းစည်းတွေ ရော၊ ပန်းကုံးတွေရော၊ ဆုကြေးငွေတွေရော ဆုချတယ်။ အဲဒီ ဆုကြေးငွေတွေ ကို စုလိုက်တော့ သူတို့ဆီက ကျောက် စိမ်း တွေတောင် ပြန်ဝယ်ပြီး အားပေး နိုင်တယ်။ သူတို့ ဆီမှာ ကျောက်တူးတဲ့ လော်ပန်လောင်းတွေ များတယ်။ ကျောက် ကိုပဲ အဓိက စီးပွားရေး အနေနဲ့ လုပ်ကိုင် ကြတယ်။ အဲဒီလို ပရိသတ်တွေ လာကြည့် ကြတာ ဆိုတော့ ကျောက်စိမ်း လက်စွပ်တွေ၊ ကျောက်စိမ်း လက်ကောက်တွေ၊ အရုပ်တွေ ဆုချကြတယ်။ ပရိသတ်တွေရဲ့ ချစ်ခင် မှုမေတ္တာ တွေကို အပြည့်အဝ ရခဲ့ပါတယ်” လို့ ပြောပါတယ်။


လတ်တလောမှာ အနုပညာရှင်တွေ ရဲ့ မင်္ဂလာ ပွဲတွေ ဆက်တိုက် ဆင်နွှဲနေကြတာကြောင့် နန်းဆု ရတီစိုးရဲ့ မင်္ဂလာပွဲ ကကော ဘယ်တော့လဲ လို့ မေး ကြည့်တော့ “သူများ ဆောင်တာတွေ မြင်ရင်တော့ အားကျပါတယ်။ ကိုယ့်အလှည့်ကျ ရင် ဒီလိုလေးလုပ် မယ်ဆိုပြီး စိတ်ကူးယဉ် ကြည့်တာမျိုးတော့ ဖြစ်တာပေါ့။ ဒါပေမဲ့ အတိ အ ကျတော့ မစဉ်းစားရသေးဘူး။ နီးမှပဲ စဉ်းစားမယ်။ မင်္ဂလာဆောင်ဖို့ စဉ်းစားပြီ ဆိုရင်လည်း ပရိသတ်ကြီးကို အရင်ဆုံး အသိပေးမှာ ပါ။ အခုတော့ အနုပညာအလုပ်တွေ ကို ဆက်လုပ်ပါရစေဦး။ လောလောဆယ် တော့ ပရိသတ် အတွက်ပဲ ရင်ထဲမှာ ရှိနေ တော့ ပရိသတ်ကို ဘာလုပ်ပေးရမလဲ။ ဘာတွေ ဖန်တီးပေး ရမလဲ ဆိုတာ ပဲ ခေါင်းထဲမှာ စဉ်းစားနေတယ်” လို့ ပြော ပြတယ်။

ခိုင်ဝေလွင်/popularmyanmar

No comments:

 Blogger

Myanmar CNN