မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Tuesday, February 4, 2014

အလုပ် အမှုဆောင်သစ် ရွေးချယ်ပွဲမှာ အကြောင်း နှစ်ချက်ကြောင့် ဝင်ရောက် အရွေးမခံ ဖြစ်တဲ့ လူမင်း

မြန်မာနိုင်ငံ ရုပ်ရှင်အစည်း အရုံးရဲ့ ၂ဝ၁၄ အလုပ် အမှုဆောင်သစ် ရွေးချယ်ပွဲကို ပြုလုပ်တော့မှာဖြစ် ပါတယ်။ လက်ရှိ ရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်နေ တဲ့ ဦးလူမင်း ကတော့ ပြန်လည်ဝင်ရောက် အရွေးမခံတော့ဘူး လို့ သိရပါတယ်။

ဥက္ကဋ္ဌ အဖြစ် ဆောင်ရွက်ခဲ့စဉ်က အတွေ့အကြုံတွေ နဲ့ ပတ်သက်ပြီးလည်း “ကိုယ်တို့ အမှုဆောင် အဖွဲ့သစ် ကို ဧပြီက စခဲ့တာ။ အခုဧပြီမှာ နှစ် နှစ်ပြည့်ပြီ ဆိုတော့ အမှုဆောင် သစ်ရွေးချယ်ပွဲ ကို လုပ်ပေးရမှာပေါ့။ နာယကကြီးတွေ ဦးဆောင်ပြီး အစ်ကို တို့လောကသားတွေ ရဲ့ စစ်မှန်တဲ့ ဆန္ဒနဲ့ လွတ်လပ်ပြီး တရားမျှတ တဲ့ ရွေးကောက် ပွဲဖြစ်အောင် စီစဉ်ရမှာ ပေါ့။ ကိုယ်တိုင်တော့ ပါဝင် အရွေးခံဖို့ မရှိပါဘူး။ အကြောင်းက နှစ်ချက် ရှိတယ်။ ကိုယ်ဘက်က အချိန် ပေးနိုင် သလောက်၊ ရ သလောက်ပေးပါ တယ်။ တော်တော်လည်း ပင်ပန်းပါ တယ်။ ကိုယ်ကျိုး စီးပွားတွေလည်း တော် တော် ဆုံးရှုံးပါတယ်။


 ဒါပေမဲ့ ကိုယ် ပေးနိုင်သလောက် အချိန်နဲ့ မလုံ လောက်ဘူး လို့ ယူဆမိတာက တစ်ကြောင်း၊ ကိုယ့်အချိန်တွေ ဒီမှာ နှစ်ပြီး လုပ်ထားတဲ့ အတွက် ကိုယ့်ရဲ့ အနုပညာ ရည်ရွယ်ချက်တွေ၊ အိပ် မက်တွေ အများ ကြီးမေ့ထားခဲ့ရ တယ်လေ။ အဲဒါတွေကို ၂ဝ၁၄မှာ ပြန်ပြီး အကောင် အထည်ဖော်ဖို့ရှိ လာတာကြောင့်ပါ။ လောက အတွက် တတ်နိုင်သလောက်၊ လုပ်နိုင် သ လောက် လုပ်ခဲ့တယ်ဆိုတာ ကိုယ့် လိပ်ပြာ ကိုယ်သန့်တယ်။

 ဘဝမှာ မျှော်မှန်း မထားတဲ့ အတွေ့အကြုံ အသစ်တွေ၊ အတွေးအခေါ် သစ်တွေ၊ ရင့်ကျက်မှု အသစ်တွေ၊ သည်းခံနိုင် စွမ်းအားတွေ၊ အဲဒါတွေ အများကြီးက ကိုယ့်အတွက် တိုးတက်မှုတွေ ရခဲ့ တယ်။ နောက်လာမယ့် အသစ်က လည်း ရိုးရိုးသားသား နဲ့ လိပ်ပြာသန့် ပြီးလောက အ တွက်ဆောင်ကြဉ်းနိုင် ဖို့ပါပဲ။ ခေတ်ကိုလည်း မျက်ခြည် မပြတ်ဘဲပေါ့။ ကိုယ်မှ မဟုတ်ပါဘူး။ ဘယ်သူ မဆို အခက်အခဲ အကြပ် အတည်းတော့ တွေ့ပါလိမ့်မယ်။ အဲဒါ ကို ရင်ဆိုင် ကျော်လွှားနိုင်ဖို့ပါပဲ။ ကိုယ် က ဝင်အရွေးမခံ ဘူးဆိုပေမယ့် ကိုယ် စခဲ့တဲ့ဇာတ် လမ်းတွေ၊ ကိုယ်ဆက် သွယ်ထားတဲ့ ကိစ္စတွေ အားလုံးက တော့ ကိုယ်ဆက် လုပ်ပေး သွားမှာ ပါပဲ။ ကိုယ့်ကို လို အပ်နေသရွေ့တော့ ပူး ပေါင်းပါဝင် ပေးနေဦးမှာပါပဲ”လို့ ပြောပြပါတယ်။

အနုပညာ အလုပ်တွေကို အရင် ကထက် ၂ဝ၁၄မှာ ပိုမို အားစိုက်လုပ် ဖြစ်သွားနိုင်တော့ မှာဖြစ်တယ်လို့ ပြောပြပြီး ရုပ်ရှင် ဇာတ်ကားတွေ ရိုက်ကူး သွားဖို့နဲ့ ပတ်သက် ပြီး “၂ဝ၁၄မှာတော့ အနုပညာ အလုပ်တွေကို ပိုပြီး လုပ်ဖြစ်သွားမှာ ပေါ့။ တစ်ခုချင်းစီ နဲ့ မကြာမီလာ မည်ပေါ့။ ရုပ်ရှင်ကားကြီး ကိုလည်း ကိုယ်တိုင် ဒါရိုက်တာ လုပ်ပြီး ရိုက်ဖို့ ရှိတယ်”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်/popularmyanmar

No comments:

 Blogger

Myanmar CNN