နေယံက အခု လက်ရှိ ရိုက်ကူးနေတဲ့ ၆၈
နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ ဂုဏ်ပြု ဇာတ်လမ်း ရိုက်ကူးပြီးရင်
ဇာတ်လမ်းတွဲ တစ်ခုကို ရိုက်ဖို့ အတွက် ကမ်းလှမ်း ထားတာ ရှိနေပြီး သေချာ၊
မသေချာကို တော့ အတိအကျ ပြောပြလို့ မရနိုင်သေးကြောင်း ပြောပါတယ်။
ဇာတ်ကား ရိုက်ကူးမှုရှိပြီး ဇာတ် ကားထွက်
ရှိလာခြင်း ကျဲနေတာနဲ့ ပတ်သက်ပြီး နေယံက “ဇာတ်ကားတွေ ရိုက်နေဖြစ်ပါတယ်။
မထွက်ဖြစ် သေးတာပဲ ရှိတယ်။ ထွက်လာ ဖို့ ရှိနေပါတယ်။ ဒီဗီဒီ ဇာတ်ကားတွေ လည်း
တင်ဖို့ ကျန်နေပါ သေးတယ်” လို့ ပြောပါတယ် ။နေယံက စီးပွားရေး အနေနဲ့
မုံရွာမြို့ဇီးတောဘက် မှာသခွားမွှေး သီး ကို စိုက်ပျိုးနေတယ် လို့
ပြောပါတယ်။
“၁ဝ ဧကကျော် ရှိပါတယ်။ သခွားမွှေး
သီးတွေချည်းပဲ စိုက်တယ်။ တရုတ်ပြည် ကို တိုက်ရိုက် သွင်းတာဗျ။ ဒီနှစ်ဆိုရင်
အတော် အဆင်ပြေတယ်ဗျ။ ကျွန်တော်မြတ် တယ်။ သုံးပုံမှာ နှစ်ပုံလောက်
ကိုမြတ်တယ် ။ဒီဟာ ကို စိုက်ပျိုးဖြစ်ခဲ့တာ ကလည်း အသိ မိတ်ဆွေဟောင်း နဲ့
ပြန်တွေ့တော့ ဒီ သခွားမွှေးသီးတွေ စိုက်နေတယ် ပြောတယ်။ အဲဒါနဲ့ ကျွန်တော်
လည်း ဒါကို လုပ်ချင်တယ် ဆိုပြီး ကျွန်တော် ရှယ်ယာ ဝင်ခဲ့တာ။ အဆင်ပြေတယ်။
မြတ်တော့ ပျော်တာပေါ့။ ပြီး တော့ ဘန်ကောက် ကနေ တိုက်ရိုက်သွင်းမယ့်
အထည်ဆိုင် Fashion ဆိုင်လေးလည်း ဖွင့်နိုင် ဖို့လုပ်နေတယ်” လို့
စီးပွားရေး လုပ်ဖြစ် နေတာ နဲ့ ပတ်သက်ပြီး ပြောပြတယ်။
နေယံက ထုတ်လုပ်ရေး အသစ်တစ်ခုနဲ့ လည်
စကားပြောဖြစ် ထားတာရှိနေပြီး စီးပွားရေး အပိုင်းကိုတော့ ရှယ်ယာ
ပါဝင်ထားပေမယ့် ဦးဆောင်ပြီး လုပ်ဖြစ်ဦးမှာ မ ဟုတ်သေးကြောင်း ပြောပါတယ်။
“ဇာတ်ကား ရိုက်တွေလည်း ရှိ နေတော့ စီးပွားရေး ကိုတော့ ဦး ဆောင်ပြီး
လုပ်နိုင်မှာ မဟုတ်သေးဘူး။ အလုပ်နှစ်ခု တစ်ပြိုင်တည်း လုပ်ဖို့
အဆင်မပြေနိုင်ဘူး။ အဲဒီ တော့ စီးပွားရေး အပိုင်းမှာ ရှယ်ယာပဲ ဝင်ထား
ပြီးလုပ်မယ်” လို့ နေယံက ပြောပြခဲ့ပါတယ်။
popularmyanmar
No comments:
Post a Comment