မန်ဘာဝင်ဖို့ ဖိတ်ခေါ်ပါတယ်

Monday, February 3, 2014

ခိုင်သင်းကြည် အဓိက ဦးစားပေး စဉ်းစားတဲ့သူ

ခိုင်သင်းကြည်က “ပြန်ပေး”ဆိုတဲ့ ရုပ်ရှင်ကားကြီးကို ဒါရိုက်တာ ကိုဇော် (အရုဏ်ဦး)နဲ့ ပုပ္ပားမှာ ရိုက်ကူးဖို့ ရှိပြီး အိမ်ထောင်သည် ခပ်သွက်သွက် ပုံစံမျိုး သရုပ်ဆောင် ရမယ်လို့ ပြော ပြပါတယ်။ ဇာတ်ကားတွေ ရိုက်ကူးတဲ့အခါ အဓိက အနေနဲ့ပရိသတ် အကြိုက်ကို ဦးစားပေးဖြစ်တယ်လို့ ပြောပြတဲ့ ခိုင်သင်းကြည်က ” ရုပ်ရှင်ကားကြီးက ဟာသကား ဆိုပေမယ့် အတည်ပုံစံ မျိုးပါ။ မခိုင်ကတော့ ထုံးစံအတိုင်း ခပ်သွက်သွက် ပုံစံမျိုး လုပ်ရမှာပါ။ ရုပ်ရှင်ကားကြီး ဆိုပြီး မျှော်မှန်းတာ မျိုးဆိုတာထက် ကားတစ် ကား ရိုက်ရင် ပရိသတ်က ဒီကားထဲမှာ ကိုယ်ကာ ရိုက်တာလေးကို ဘယ်လိုမိအောင် သရုပ်ဆောင် သွားတယ် ဆိုတာ၊ ဇာတ်ရုပ် အရ အဝတ်အစားက အစ ကြိုက် တယ်ဆို ကျေနပ်တာပါ။


 အဓိကက ပရိသတ်ကို ဦးစားပေးပြီး အရင်ဆုံး စဉ်းစားပါတယ်။ အနုပညာရှင်တွေ အကုန်လုံးက သရုပ်ဆောင်တတ် လို့ ဒီနေရာကို ရောက်လာ ကြ တာပါပဲ။ ဒါပေမဲ့ စိတ်ဝင်စားမှု၊ ကြိုး စားမှုနဲ့ လမိုင်းကပ်မှုပေါ် မူတည်သွားတာပေါ့။ အဲဒါကြောင့် ဇာတ်ကား တစ်ကား ရိုက်ရင် ပါဝင်တဲ့ သရုပ်ဆောင်တွေ ကလည်း ကြိုးကြိုး စားစားနဲ့ လုပ်ကြတဲ့ အပြင်ရိုက်ကွင်းပေါ် မှာ လမိုင်းကပ်ရင် ပရိသတ် ကြိုက်တဲ့ ဇာတ်ကား တစ်ကား ဖြစ်တာပါပဲ။ မခိုင်ကတော့ အိုဗာကြီး ဖြစ်တာ မဟုတ်ဘဲနဲ့ ဇာတ်နဲ့ အံဝင်ပြီးတယ် ဆို ကျေနပ်ရတာပါပဲ။ ပရိသတ် အားပေးမှု ဆိုတာ ငွေကြေးထက် ပိုပြီးတန်ဖိုး ရှိပါတယ်”လို့ ပြောပြပါတယ်။

ပရိသတ်တွေ လက်ခံအားပေးတဲ့ ဇာတ်ရုပ်က အသွက် ရုပ်ဖြစ်တဲ့ အတွက် ပြောင်းလဲ လို့မရဘူးလို့ ပြောပြတဲ့ခိုင်သင်းကြည်က “အနု ပညာ အလုပ်လုပ်လာတာ နှစ်ပေါင်း ၂ဝ ကျော် လာတဲ့အထိ အားပေးနေ တဲ့အတွက် အတိုင်း မသိအောင် ဝမ်း သာရတယ်လေ။ နောက် ဒီပုံစံကို ပရိသတ်က ချစ်တာဖြစ်တဲ့ အတွက် ပြောင်း လို့မရဘူး။ ဒီအ တိုင်းပဲ နေပါတယ်”လို့ ပြောပြခဲ့ပါတယ်။
မေမွန်မောင်/popularmyanmar

No comments:

 Blogger

Myanmar CNN