ပျော်ရွှင်မှုအတွက်
ဆင်းရဲမှုတွေ ပေးဆပ်ရ
ချမ်းသာဖို့အတွက်
ဒုက္ခတွေ ခံခဲ့ရ
ဆင်းရဲကို အရင်းတည်လို့
ရခဲ့တဲ့ ပျော်ရွှင်မှု
ဒုက္ခရင်းလို့
ရခဲ့ရတဲ့ချမ်းသာ
ဆူးခင်းလမ်း ကြမ်းတမ်းပေမယ့်
ဖြတ်သန်းရလို့ ချမ်းသာတယ်
ဓားသွားထက်ရောက်ပေမယ့်
ပျားရည်စက်က ချိုမြိန်နေဆဲပဲ။
သူ (သရက်)
No comments:
Post a Comment