အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ ၈၈ မျိုးဆက်
ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမင်းကိုနိုင်၊
ဦးကိုကိုကြီး၊ ဦးပြုံးချို၊ ဦးဂျင်မီနဲ့ ဦးမြအေးတို့ ဖေဖော်ဝါရီ ၎
ရက်နေ့ ညနေပိုင်းက နိုင်ငံရေးတွေ့ဆုံ ဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။နေပြည်တော်ရှိ အမှတ် ၂ စည်ပင်ဧည့်ရိပ်သာမှာ ညနေ ၄ နာရီကနေ ၄ နာရီ မိနစ် ၄၀
အထိ ဆွေးနွေးမှု ပြုလုပ်ခဲ့တယ်လို့ ၈၈ ပွင့်လင်းလူ့အဖွဲ့အစည်းက ဦးဂျင်မီက
ပြောပါတယ်။
လက်ရှိ အသွင်ကူးပြောင်းရေးကာလဟာ အရေးကြီးတဲ့အတွက် နိုင်ငံရေး တွေ့ဆုံ
ဆွေးနွေးခဲ့ကြတာ ဖြစ်ပြီး ဆွေးနွေးမှုရလဒ်တွေကို လာမယ့် ရက်သတ္တပတ်အတွင်း
ပူးတွဲ ထုတ်ပြန်သွားမယ်လို့လည်း ဦးဂျင်မီက ပြောပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment