“ဘ၀မီးစာ”
۞۞۞۞۞
ဘ၀ဆိုတာ
မီးတောက်လေးလိုပဲ
မျှော်လင့်ချက်ဆိုတဲ့
လောင်စာဆီ မကုန်သရွေ့
လေဟုန် လောကဓံတွေကို အန်တုရင်း
တောက်လောင်ခွင့်ရနေဦးမယ်
မီးစာခမ်းရင်
မီးတောက်လည်းမြန်းမယ်
မျှော်လင့်ချက်ကုန်ဆုံးရင်
ဘ၀လည်းလက်စတုံးမယ်။
တောက်ပမယ့်ဘ၀တွေအတွက်
မျှော်လင့်ချက်မီးစာတွေ အဆက်မပြတ်ပါစေနဲ့။
သူ (သရက်)
No comments:
Post a Comment