ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်
- ကြီးပွားချင်လျှင် ကြီးပွားမယ့် အလုပ်ပဲလုပ်။ လောင်းကစား အရက် မရှုပ်နဲ့ ရှိတာလေးပြုတ်သွားမယ်။
- ငွေများများ ရှာချင်ရင် သူများ မတွေးတဲ့ အတွေးမျိုးကို အတက်ပညာနဲ့ ပေါင်းစပ်ပြီး မရပ်မနား အလုပ်လုပ်။
- ငွေကို ကြိုးစားရှာပါ။ သို့သော် ကပ်စေးနဲ တွန့်တိုခြင်း၊ ပရမ်းပတာ သုံးဖြုန်းခြင်း၊ မက်မော တွယ်တာလွန်းခြင်း မဖြစ်သင့်။
- ၀င်ငွေနှင့် ထွက်ငွေ မျှတအောင် မသုံးစွဲနိုင်လျှင် ပျော်ရွှင်မှုနှင့် ဝေးမည်ပင်။
- ငွေကြေး ရှာဖွေရာတွင် ၀ီရိယလိုအပ်သည်။ ဥာဏ်လိုအပ်သည်။ သတိတရားလည်း ထားရှိရမည်။ ငွေကြေးအပေါ် မက်မောမှုလည်း ရှိရမည်။
- ငွေကို
မိတ်ဆွေလိုဆက်ဆံပါ။ ရန်သူမလုပ်ပါနှင့်။ ငွေပိုရှာနိုင်သော အရည်အသွေးကို
မြှင့်တင်ပါ။ အခွင့်အလမ်းကို တွေ့အောင်ရှာပါ။ မိအောင်ဖမ်းပါ။ အချိန် နှင့်
မိတ်ဆွေဖွဲ့ပါ။ သင့်စုဆောင်းငွေကို အကျိုးရှိစွာ ရင်းနှီး မြုပ်နှံပါ။
ကြီးပွား ချမ်းသာလိုစိတ်မွေးပါ။
- ဆင်းရဲတွင်ထဲ ၀ုန်းခနဲတွန်းချနိုင်တာ ပျင်းရိခြင်းဆိုတဲ့ လက်တစ်ဖက်ပါပဲ။
- သူဌေးဖြစ်ချင်လျှင် ဇွဲ၊ လုံ့လ၊ ၀ီရိယရှိပါ။
- တကယ် ကြီးပွားချင်စိတ်ရှိရင် တကယ်ကြီးပွားမှာပါ။
- လောကမှာ ချမ်းသာချင်စိတ်နဲ့ တကယ်ကြိုးစားရင် မချမ်းသာတဲ့သူဆိုတာ မရှိပါဘူး။
- လုပ်စရာရှိတဲ့
အလုပ်ကို အချိန်မဆွဲပဲ ချက်ချင်းထလုပ်။ အလုပ်ထဲမှာ စိတ်ရောကိုပါ
နှစ်ထားတဲအတွက် အလုပ်ရဲ့ အားနည်းချက်တွေကို သူတပါးထက်ပိုပြီး
မြင်နိုင်ပါတယ်။ အောင်မြင်အောင် ဘယ်လို လုပ်ရမယ်ဆိုတာလဲ နည်းလမ်းတွေ
ရလာတတ်တယ်။
- အတိတ်၊ ကံ အကြောင်း
မစဉ်းစားနဲ့။ အတိတ်၊ ကံ ဆိုတာ ကိုယ် လုပ်လို့မရဘူး။ ကိုယ်နဲ့ ဘယ်လိုမှ
မပတ်သက် တော့ဘူး။ လောလောဆယ် မင်းလုပ်ရမှာက လက်ရှိဘ၀ကို အကောင်းဆုံး
ဖြစ်အောင်လုပ်၊ ကိုယ့်ရဲ့ လက်ရှိအခြေအနေကို တဖြည်းဖြည်း တိုးတက်အောင်
လုပ်နိုင်တယ် ဆိုရင် မင်းကြီးပွားမှာပဲ။
- အလုပ်ထဲမှာ စိတ်နှစ်ကိုယ်နှစ် ပျော်ပျော်ပါးပါး လုပ်ကိုင်ပါ။
- အောင်မြင်
ကျော်ကြားသူတွေရဲ့ဘ၀မှာ အရေး အကြီးဆုံးတစ်ခုက အချိန်ပဲ။ လူတစ်ယောက်ဟာ
အခြား တစ်ယောက်ထက် အချိန် နှစ်ဆလောက် ပိုပြီးလုပ်မယ်ဆိုရင် သူဟာ နှစ်ရက်
ရှေ့ရောက်သွားမှာပဲ။
- သင်သည် အလုပ်
ကြိုးစားသူဖြစ်က တိုင်းပြည်ရှိ လူအားလုံး၏ ၅၀% ကို ကျော်လွှားပြီးသား
ဖြစ်ပါလိမ့်မည်။ သင်သည် ရိုးသား ဖြောင့်မက်သူဖြစ်က နောက်ထပ် ၄၀% ကို
ကျော်လွှားနိုင်သည်။
- အပြုဘက်သို့
တွေးတက်သည့် စိတ်သည် ပညာရေး၊ စီးပွားရေး၊ အားကစားရေး စသည့် မည်သည့်
အရေးမဆို အောင်မြင်မှုသို့ ဦးတည်စေသည့် အခြေခံဖြစ်သည်။
- သဘာဝကို သဘာဝအတိုင်ထားပါ။
http://www.mee-pya-tite.com
No comments:
Post a Comment