အမေရိကန်နိုင်ငံ မြောက်ဒါကိုတာပြည်နယ်မှာ ရေနံတွေ တင်လာတဲ့ ရထားတစီးဟာ
တခြား ရထားတစီးနဲ့ ဒီဇင်ဘာ ၃၀ ရက်နေ့က တိုက်မိခဲ့လို့ ရထားတွဲ
အနည်းဆုံး ဆယ်တွဲ မီးလောင် ပေါက်ကွဲခဲ့ပါတယ်။
ကတ်ဆဲလ်တန်မြို့ပြင်မှာ ၁ မိနစ်အတွင်း ပေါက်ကွဲသံကြီး ၅ ကြိမ် ကို ဒေသခံတွေ ကြားခဲ့ကြတယ်လို့ ဆိုပါတယ်။
ရထားတွဲ ၁၁၂ တွဲပါတဲ့ ပဲပုပ်စေ့တွေ တင်လာတဲ့ ရထားက လမ်းချော်ပြီး
နေ့မွန်းလွဲ ၂ နာရီမှာ ရထားတွဲ ၁၀၄ တွဲပါတဲ့ ရေနံစိမ်းတင်ထားတဲ့ ရထားနဲ့
ဝင်တိုက်ခဲ့တာလို့ ဒေသခံ အရာရှိတွေက ပြောပါတယ်။
ဒဏ်ရာရမှု သတင်းတွေတော့ ထွက်ပေါ်မလာသေးသလို ရထားတိုက်မိမှုကြောင့်
ရေနံစိမ်း တင်လာတဲ့ ရထားရဲ့ အင်ဂျင်၂ ခုစလုံး ပျက်စီးခဲ့တာ ဖြစ်ပါတယ်။
တိုက်မိတဲ့ရထား ၂ စီးလုံးဟာ ကမ္ဘာ့အချမ်းသာဆုံး သူဌေးကြီး ၀ါရင့်ဘက်ဖတ်ပိုင်တဲ့ BNSF ရထားကုမ္ပဏီက ဖြစ်ပါတယ်။
အခင်းဖြစ်ရာနဲ့ ၁၀ မိုင်ပတ်လည်က ဒေသခံတွေကို မီးခိုးငွေ့တွေကို ရှောင်ရှားနိုင်ရေးအတွက် အိမ်ထဲမှာပဲ နေဖို့ အကြံပြု ထားပါတယ်။
အခင်းဖြစ်ရာ အနီးတ၀ိုက်က ဒေသခံတွေကို နေရာရွှေ့ပြောင်းပေးထားပါတယ်။
မြောက်ဒါကိုတာဟာ အောက်တိုဘာလအတွင်းက ၁ ရက်ကို ရေနံစိမ်းစည် ၉
သိန်းခွဲနီးပါး ထုတ်လုပ်ပြီး ရေနံစိမ်းအများစုကို ရထားနဲ့
တင်ပို့ပါတယ်။
ဒီဗွီဘီ
No comments:
Post a Comment